Music   |   Posted on Jun 21, 2016 by kiki

Daegu မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်ကို ပြန်လည်တုံ့ပြန်လိုက်တဲ့ WM Entertainment


Oh My Girl အဖွဲ့ ကတာ အရမ်းကြမ်းသွားလို့များလား

Share this article

WM Entertainment ကမွေးထုတ်ပေးလိုက်တဲ့ Oh My Girl ဆိုတာအရမ်းချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့ကောင်မလေး၈ယောက်နဲ့ဖွဲ့စည်းထားတဲ့အဖွဲ့တစ်ဖွဲ့ဆိုတာ Kpopper တွေအသိဆုံးပါ။ Oh My Girl ဟာ Daegu မှာပြုလုပ်တဲ့ကောလိပ်ကျောင်းပွဲတော်တစ်ခုမှာ သွားရောက်ဖျော်ဖြေပေးခဲ့ပါတယ်။ ဖျော်ဖြေနေစဉ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တစ်ခုကြောင့် သူမတို့အေဂျင်စီကတုန့်ပြန်လိုက်တာပဲဖြစ်ပါတယ်။ ပွဲကျင်းပနေစဉ်အတွင်း ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်ကို ပွဲတတ်ရောက်ခဲ့တဲ့အမည်မဖော်လိုသူတစ်ယောက်က SNS မှာတင်လိုက်တာကြောင့် အွန်လိုင်းမှာပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။ အမည်မဖော်လိုသူက 'ကင်မရာရဲ့အရှေ့ညာဘက်အခြမ်းမှာထိုင်တဲ့ယောကျာ်းတစ်ယောက်က သူမတို့ကိုစားချင်တယ် လို့ကျယ်ကျယ်လောင်လောင်အော်ဟစ်ခဲ့တယ်။ အဲ့ဒီယောကျာ်းရဲ့မျက်နှာက အရမ်းမူးနေတဲ့ပုံစံပေါက်နေပါတယ်။ တော်တော်စိတ်ပျက်စရာကောင်းတာပဲ' လို့တင်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့ 'ပွဲမှာအလယ်တန်းကျောင်းသားတွေ၊ ကလေးတွေလည်းရှိနေခဲ့ပါတယ်။ ကျောင်းသားတွေနဲ့ကျောင်းကိုသိက္ခာမချပါနဲ့' လို့ရေးသားခဲ့ပါတယ်။ အွန်လိုင်းသုံးသူတော်တော်များများကလည်း ထိုယောကျာ်းကိုအပြင်းအထန်ရှုံ့ချခဲ့ပါတယ်။ ဒီလိုအဖြစ်အပျက်ကို WM Entertainment က 'ကျွန်တော်တို့သိသလောက်ကတော့ ဒီလိုလိင်ပိုင်းဆိုင်ရာအနှောက်အယှက်ပေးမှုကို ဖျော်ဖြေနေစဉ်အတွင်းမို့လို့ အဖွဲ့ဝင်တစ်ယောက်မှတိုက်ရိုက်မကြားခဲ့ရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အေဂျင်စီတစ်ခုအနေနဲ့ ကိုယ့်ရဲ့အနုပညာရှင်တွေကို အမျိုးမျိုးသောခြိမ်းခြောက်မှုတွေကနေကာကွယ်ပေးဖို့ အစီအစဉ်တွေလုပ်ထားပါတယ်' လို့ တုံ့ပြန်ပြောကြားထားပါတယ်။



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.