Film & Music   |   Posted on Jan 2, 2017 by Elijah htang

ဒါရိုက်တာများစွာနဲ့ရိုက်ကူးထားပြီး ထူးခြားတဲ့သရုပ်ဆောင်ပါဝင်မယ်ဆိုတဲ့ စန္ဒီမြင့်လွင်ရဲ့ Queen


ဇန်န၀ါရီ ၇ရက်နေ့တွင်ထွက်ရှိမည့် စန္ဒီမြင့်လွင်၏ Queen DVD Album

Share this article

တေးသံရှင် စန္ဒီမြင့်လွင်၏ Queen ဘုရင်မ အမည်ရှိ DVD Album ကို ဇန်န၀ါရီလ၊ ၇ရက်နေ့တွင် Junction Square Promotion Area ၌ စတင်ဖြန့်ချီရောင်းချသွားမည်ဖြစ်ပြီး၊ ဇန်န၀ါရီလ၊ ၈ရက်နေ့တွင် မန္တလေးမြို့ ရှိ Amazing Shopping Mall Promotion Area တွင်ထပ်မံရောင်းချပေးသွားမည်ဖြစ်သည်။ Queen DVD Album တွင် တေးသီချင်း ၁၁ပုဒ်ပါဝင်ပြီး၊ ဒါရိုက်တာများစွာနှင့်အတူရိုက်ကူးခဲ့သည့်အပြင် ထူးခြားသည့် သရုပ်ဆောင်သစ် တစ်ယောက်အနေဖြင့် မိတ်ကပ်ပညာရှင် မထက် (POP SOUL) မှသီချင်းတစ်ပုဒ်ကိုပါဝင် သရုပ်ဆောင်ပေးထားကြောင်း သိရသည်။

Queen DVD Album ကို ပထမဆုံး လာရောက်ဝယ်ယူသူ ပရိသတ်များအတွက် Queen Logo ပါဝင်သည့် T-Shirt များကို အမှတ်တရအနေဖြင့် ပြန်လည်ပေးအပ်သွားရန် စီစဉ်ထားသည်။ Queen Logo ပါဝင်သည့် T-Shirt များကိုလည်း၊ ထပ်မံထုတ်လုပ်ရောင်းချသွားမည်ဖြစ်ပြီး၊ ထိုရောင်းချငွေမှ ရရှိသည့် ငွေများကို ပရဟိတအနေဖြင့် လှူဒါန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

EDITOR: SOE SOE



Share this article

TOP 5 ARTICLES


Style Note   |   Posted on Feb 23, 2018

မြင်သူတကာငေး Shirt ဖက်ရှင...


Fashion News   |   Posted on Feb 22, 2018

ဆန်းသစ်မှုတွေနဲ့ Gucci Fal...


Style Note   |   Posted on Feb 22, 2018

BRIT Awards ပွဲမှာ ရင်သပ်...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.