Makeup   |   Posted on May 14, 2019 by Yin Moe Shinn

ဒီနှစ်ထဲအတွေ့ များလာမယ့် Pastel Eye Makeup Look လေး


လိမ်းနေကြပုံစံမဟုတ်တဲ့ Pastel colors လေးတွေသုံးပြီးအမိုက်စားမိတ်ကပ် Look လေးဖန်တီးကြရအောင် .....

Share this article

မိတ်ကပ်လိမ်းခြယ်မှုနဲ့ ပတ်သတ်ပြီး Makeup Look တွေကဆိုရင်နှစ်တိုင်းပြောင်းလဲနေပြီးအသစ်သစ်တွေပေါ်နေကြတာလိုက်မမှီနိုင်အောင်ပါဘဲ။ ပြောင်းလဲလာတဲ့ Makeup Trends မှာဆိုရင်အရင်နှစ်က Makeup Look တချို့ ကတော့ ကျန်ရှိနေတုန်းပါဘဲ ။ပြောင်းလဲမှုတိုင်းကလည်းကိုယ်နဲ့ အမြဲလိုက်ဖက်ချင်မှလိုက်ဖက်မှာပါ ။ဘာဘဲဖြစ်ဖြစ်ဒီနှစ်ထဲခေတ်စားနေတဲ့ သိထားသင့်တယ်ထင်တဲ့ Makeup Look လေးတွေထဲကPastel Eyeshadow Makeup Look လေးအကြောင်းပြောပြချင်ပါတယ်။Pastel colors ဆိုတာကအရောင်ဖျော့ပြီး Bright color ထဲမှာပါပါတယ်။ နူးညံ့ ပြီး Neutral colors တွေ ဖြစ်တဲ့ Pastel colors တွေကို Eyeshadow အနေနဲ့ သုံးလာကြပါတယ်။ဒီထဲမှာမှ Pastel colors တွေကိုတစ်ရောင်တည်းဒါမှမဟုတ်တစ်ရောင်ထက်ပိုပြီးEyeshadow အနေနဲ့  ဆန်းသစ်တဲ့ ပုံစံအစုံနဲ့ လိမ်းခြယ်ကြတာတွေ့ ရပါတယ်။ Spring/Summerအတွက်တော့ကြည့်ရတာFreshဖြစ် စေတဲ့အရောင်လေးတွေပါ ။Eye liner ထူုထူတွေကိုမေ့လိုက်ပြီး ဒီ Pastel colors လေးတွေနဲ့ အမြင်တစ်မျိုးဆန်းတဲ့ မိတ်ကပ်Look လေးဖန်တီးလို့ရပြီပေါ့ ။တကယ်ချစ်စရာကောင်းတဲ့ အရောင်လေးတွေကို Eye shadow အနေနဲ့ ရောEye linerအနေနဲ့ ပါဖန်တီးလိမ်းခြယ်ထားကြတာတွေ့ ရပါတယ်။မိတ်ကပ်ထူထူတွေအစားပါးပါးကြည်ကြည်လေးတွေလိမ်းပြီးအခုလို Pastel colors Eye shadow လေးလိမ်းလိုက်မယ်ဆိုရင်အထာကျပြီး Fresh ဖြစ်စေမယ့် Makeup Look လေးကိုရမှာသေချာပါတယ်။ကဲနေ့ တိုင်းကိုယ်လိမ်းနေကြပုံစံတွေနဲ့ မတူကွဲပြားတဲ့ Eye Makeup Look

လေးဖန်တီးကြရအောင်နော်။

Editor : Bo 



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.