Body   |   Posted on Jul 5, 2019 by Yin Moe Shinn

ဒီနှစ်မှာခေတ်စားနေတဲ့လက်သည်းပုံစံလေးတွေ


လက်သည်းပုံစံအလျောက်ဘယ်လိုဂရုစိုက်သင့်တယ်ဆိုတာလေးတွေသိစေဖို့ 

Share this article

မိန်းကလေးတွေအလေးထားဂရုစိုက်ရတဲ့အရာတွေထဲမှာလက်သည်းအလှပြင်ခြင်းကလည်းအပါအဝင်ပါ။ဒီလိုလက်သည်းလေးတွေကိုပုံစံ shape မျိုးစုံထားလေ့ရှိကြပါတယ်။ တစ်ချို့ ကလည်း သူတို့ ပိုင်ဆိုင်ထားတဲ့လက်သည်းပုံစံအတိုင်းလက်သည်းလေးတွေကိုညှပ်လေ့ရှိကြသလို တစ်ချို့ ကတော့ခေတ်စားနေတဲ့ လက်သည်းပုံစံလေးတွေအတိုင်းလိုက်ညှပ်လေ့ရှိပါတယ်။ ဒီလိုလက်သည်းပုံစံလေးတွေထဲကဒီနှစ်ထဲခေတ်စားနေတဲ့ Instagram ရဲ့ လက်သည်းပုံစံ ၇ မျိုးကိုဝေမျှပေးချင်ပါတယ်။ ဒီထဲကဘယ်လိုလက်သည်းပုံစံကသင့်လက်အနေအထားနဲ့ လိုက်လည်းဆိုတာစဉ်းစားပြီး ညှပ်ကြည့်လို့ ရပြီပေါ့ရှင်။

၁. Coffin nail

ဒါကတော့ လုံလောက်စွာရှည်နေပြီဖြစ်တဲ့သင့်ရဲ့ လက်သည်းထိပ်ချွန်ချွန်လေးကိုတားတဲ့အနေနဲ့ ဘေးဘက်လေးကိုဒီတိုင်းထားပြီးထိပ်ကို ညှပ်ချလိုက်တဲ့ ပုံစံလေးပါ။ ဒီလက်သည်းပုံစံလေးကို အရမ်းကျိုးမလွယ်ပေမယ့်သတိထားပြီး ပုံသွင်းရမယ့် ပုံစံလေးပါ။

 

၂. Oval nail

 Oval nail ကတော့မတိုမရှည်အနေအထားနဲ့ မို့ လူတိုင်းသဘောကျတဲ့လက်သည်းပုံစံလေးပါ။ အနားတစ်ဝိုက်ကိုလုံးဝန်းအောင်လုပ်ထားပြီးပြားပြားလေးဖြစ်နေတဲ့ ဒီဘဲဥပုံလက်သည်းကတစ်ကယ်လူကြိုက်များပြီးစိတ်ဝင်စားစရာပုံစံလေးပါ။

၃. Square nail

သင့်မှာကျဉ်းမြောင်းတဲ့လက်သည်းကိုပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ဒီလို လေးထောင့်ကျကျ လက်သည်းပုံစံကအဆင်ပြေဆုံးဖြစ်မှာပါ။ လေးထောင့်စပ်စပ်ပုံကြောင့်ခပ်ပြားပြားနဲ့ ကျယ်သယောင်ထင်ရတဲ့ မျက်နှာပြင်ကိုရစေမှာပါ။ ဒါကြောင့်လက်သည်းခွံသေးတဲ့သူတွေရွေးပြီးညှပ်သင့်တဲ့ပုံစံလေးပါနော်။

၎.Stiletto nail

နောက်ပိုင်းအရမ်းခေတ်စားလာပြီး ကမ္ဘာကျော်အနုပညာရှင်တွေနဲ့ မိန်းကလေးတော်တော်များများသဘောကျတဲ့လက်သည်းပုံစံလေးပါ။ လိုတာထက်ပိုရှည်သလိုထင်ရပြီး ချွန်ထက်တဲ့ထိပ်က ထိလွယ်ကျိုးလွယ်တဲ့ပုံစံလို့ ဆိုလို့ ရပါတယ်။ ဒါပေမယ့်အရမ်းpopular ဖြစ်တဲ့ လက်သည်းပုံစံမို့ မိန်းကလေးတော်တော်များများရဲ့ လက်မှာအတွေ့ များတဲ့လက်သည်းပုံစံပါ။ အဲဒီလက်သည်းနဲ့ ဆို စာရိုက်ရတာခက်တဲ့အခြေအနေကိုတော့သင်ကြုံရမှာအသေအချာပါ။

 

၎.Squoval nail

ဒီလက်သည်းပုံစံကတော့ ကျိုးပဲ့မလွယ်တဲ့ပုံစံလေးပါ။ တည့်ရှည်ထွက်လာတဲ့လက်သည်းပုံစံကိုထိပ်နားရောက်မှလုံးဝန်းအောင်ညှိယူထားတဲ့ပုံစံလေးမို့ အလွယ်တကူ မကျိုးနိုင်ပါဘူး။ လက်အနေအထားတော်တော်များများနဲ့လိုက်ဖက်တဲ့လက်သည်းပုံစံလေးပါ။

၅.Almond nail

ဒါကတော့မိန်းကလေးတွေထဲမှာမှပိုပြီးမိန်းကလေးဆန်တဲ့ပုံစံပေါ်လွင်စေတဲ့လက်သည်းပုံစံလေးပါ။ တစ်ဆက်တည်းရှည်ပြီးထွက်လာတဲ့လက်သည်းကထိပ်နားမှာချွန်နေတဲ့အတွက် တစ်ခုလုံးမဟုတ်ဘဲထိပ်နားလေးဘဲ ကျိုးကျိုးသွားတတ်တဲ့လက်သည်းပုံစံလေးပါ။ သင်ကမိန်းကလေးဆန်ပြီးဂရုတစိုက်ထိန်းသိမ်းထားနိုင်ရင်တော့အဆင်ပြေမှာပါ။

၆.Pointed nail

Pointed nail ကဘေးဘက်တောက်လျှောက်တည့်ရှည်နေပြီးလုံးဝထိပ်နားရောက်မှ ချွန်ထက်နေတာမျိုးမို့ လက်ကိုလုံးဝအသေးစိပ်ဂရုစိုက်နိုင်မှအဆင်ပြေမှာပါ။ လက်သည်းအစစ်ဆိုရင်သေချာပေါက်အဆင်မပြေဘဲကျိုးလွယ်မှာမို့ အတုဆိုပိုအဆင်ပြေမှာပါ။ 

၇.Round nail

တစ်ချို့ သောကောင်မလေးတွေကတော့လုံးဝလက်သည်းရှည်မထားဘဲ တိုတိုလေးနဲ့ ဝိုင်းဝိုင်းလေးတွေထားတတ်ကြပါတယ်။ တကယ်ကိုပေါ့ပါးပြီးကျိုးမှာလုံးဝမကြောက်ရတဲ့အခြေအနေပါ။ လက်သည်းကိုထိန်းသိမ်းဖို့ အချိန်သိပ်မပေးနိုင်တဲ့ပျိုမေလေးတွေအတွက်အရမ်းသင့်တော်တဲ့လက်သည်းပုံစံလေးပါ။အခုဆိုခေတ်စားနေတဲ့ လက်သည်းပုံစံတွေကိုပြောပြပြီးပြီဆိုတော့ ကိုယ့်လက်အနေအထားအခြေအနေကိုလိုက်ပြီးသေသပ်လှပတဲ့လက်သည်းလေးတွေပိုင်ဆိုင်နိုင်ပါစေနော်။

Editor : Bo

 



Share this article

TOP 5 ARTICLES


Parties & Events   |   Posted on Jul 23, 2019

အရမ်းတန်တဲ့ Up to 90%disc...


Food & Travel   |   Posted on Jul 22, 2019

ဝိတ်မလျော့နိုင်ဘဲ FOODIE...


Celebrity Style   |   Posted on Jul 15, 2019

၁၇ နှစ်သာရှိသေးတဲ့ထူးခြား...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.