Style Note   |   Posted on Dec 10, 2016 by kiki

ဒီတစ်ပါတ်အတွက် အကောင်းဆုံး အင်စတာဂရမ် Outfit Idea ၇ ခု


သင့်ရဲ့ #OOTD မှာ အကြံကောင်းလေးတွေရစေဖို့ ….

Share this article

ရောက်နေတဲ့ဆောင်းရာသီမှာ အ၀တ်အစားစတိုင်လ်ထုတ်မယ့် နည်းလမ်းသစ်လေးတွေအတွက် အိုင်ဒီယာရလိုပါသလား …။ ကျွန်မတို့အားလုံးနှစ်သက်တဲ့ ဖက်ရှင်ဘလော့ဂ်ဂါတွေက သူတို့နည်းလမ်းနဲ့သူတို့ အင်စတာဂရမ်မှာ ဆောင်းတွင်းဖက်ရှင်နည်းလမ်းတွေကို ဝေမျှပေးနေပါတယ်။ သားမွှေးတုဂျက်ကပ်မှစလို့  ဂျင်းတွေ၊ loafer ဖိနပ်တွေအထိ - ဒီအင်စတာဂရမ်ဖက်ရှင်က သင့်အတွက် ၁ ပတ်စာလောက်လိမ့်မယ်ထင်ပါရဲ့။

Negin MisalehiStyle Tips : ဆွယ်တာအပွကို ကြယ်သီးအပိတ်တပ်ထားတဲ့ ရှပ်မှာထပ်လိုက်ပြီး cowboy ဦးထုပ်လေးဝတ်လိုက်ခြင်းဖြင့် ပဲရစ်မြို့သူကောင်မလေးအသွင်ဖန်တီးလိုက်ပါ။

Alyssa SurrettStyle Tips : သင်နှစ်သက်တဲ့ ဘောင်းဘီရှည်ကို အရောင်လွင်လွင်လေးရွေးချယ်လိုက်ခြင်းဖြင့် လမ်းမထက်မှာ ထင်ပေါ်နေပါစေ။ ဒီလိုထင်းနေတဲ့အသွင်ကို trendy ဖြစ်နေတဲ့ ရှပ်လက်ရှည်လေးနဲ့ အိတ်အသေးပံ့ပိုးပေးစေခြင်းဖြင့် ဘလော့ဂ်ဂါအသွင်ဖန်တီးနိုင်ပါတယ်။

Jenny CipolettiStyle Tips : Trendy သက္ကလပ် ဒူးပေါ်တပ်ဘွတ်ဖိနပ်ကို မီနီစကပ်နဲ့ ဆွယ်တာဖြင့် ပေါင်းစပ်လိုက်ခြင်းဖြင့် ဆောင်းတွင်းဖက်ရှင်ကို next level သို့တက်အောင် ပြုလုပ်နိုင်ပါတယ်။

Caroline DaurStyle Tips : Oversized ဂျင်းဂျက်ကပ်အပွကို ခုလို အနီတောက်တောက်လိုမျိုး သင်တစ်ခါမှ မရွေးဖူးလောက်တဲ့အရောင် ရွေးချယ်ပါ။ သင့်ရဲ့အောက်ခံအရောင်က ဒီဂျက်ကပ်ပေါ်လွင်အောင် ပံ့ပိုးပေးနေပါစေ။

Pam Allier and Fer MedinaStyle Tips : Logo tee နဲ့ဂျင်းကို သက္ကလပ်ဘလေဇာ၊ Gucci loafer နဲ့တွဲဝတ်လိုက်ခြင်းကလည်း ခုခေတ်စားနေတဲ့ ၀တ်ဆင်နည်းတစ်ခုဖြစ်ပါတယ်။

Dana MannarinoStyle Tips : သင့်ရဲ့ဝတ်စုံမှာ သားမွှေးအနည်းငယ်ထပ်ပေါင်းထပ်လိုက်ခြင်းကလည်း ဆောင်းတွင်းရဲ့အနှစ်သာရကို ပုံဖော်လိုက်တာဖြစ်ပါတယ်။ အထူးသဖြင့် ဒီနေ့ရက်တွေမှာ သင်ကလည်သာဖက်ရှင်ကို ဓါတ်ကျနေတယ်ဆိုရင်ပေါ့။

ref; harpersbazaar.com



Share this article

TOP 5 ARTICLES


Parties & Events   |   Posted on Jun 19, 2018

Season 3 ကိုရောက်ရှိလာပြီ...


Art & Books   |   Posted on Jun 14, 2018

လတိုင်း ဘယ်လိုငွေစုရမလဲ


Celebrity News   |   Posted on Jun 13, 2018

Justin Bieber နဲ့ Hailey...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.