Celebrity News   |   Posted on Aug 22, 2016 by kiki

“Doctors” ရိုက်ကွင်းပေါ်ကို အချစ်တွေပို့ပေးလိုက်တဲ့ Lee Jong Suk


Lee Jong Suk က အချစ်နဲ့အစာအိမ်က တစ်ဆက်တည်းဆိုတာကို သိနေပါတယ် <3

Share this article

လောလောဆယ် W ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်နေတဲ့ Lee Jong Suk က Doctors ရိုက်ကွင်းပေါ်ကို ရောက်နေတဲ့ သူ့သူငယ်ချင်းတွေဆီကို အချစ်တစ်ချို့ပို့ပေးလိုက်ပါတယ်။

သူ့ရဲ့အချစ်တွေမှာ ကော်ဖီတွေ၊ tornado potatoes တွေ၊ အာလူးကြော်တွေကို နည်းမျိုးစုံနဲ့ လုပ်ထားတဲ့ အချိုပွဲတွေ၊ ရေခဲမုန့်တွေပါဝင်တဲ့ သရေစာကားကြီးကို ပို့ပေးလိုက်တာဖြစ်ပါတယ်။ သရေစာကားကြီးနဲ့အတူတူ စာတိုလေးကိုပါ ထည့်ပေးလိုက်ပါတယ်။ “Park Shin Hye, Yoon Kyun Sang, Lee Sung Kyung တို့ရေ.... ဘယ်လိုလဲ ကောင်းကောင်းအဆုံးသတ်နိုင်ခဲ့ရဲ့လား။ Then all is good” တဲ့။

Pinocchio ဇာတ်လမ်းတွဲမှာ Lee Jong Suk က Park Shin Hye နဲ့ Yoon Kyun Sang တို့နဲ့တွေ့ကာသူငယ်ချင်းဖြစ်ခဲ့ကြတာဖြစ်ပြီး Lee Sung Kyung ကတော့ သူနဲ့ company တူ YG မှဖြစ်ပါတယ်။

“Doctors” ရဲ့လက်ကျန်အပိုင်းနှစ်ပိုင်းမှ တစ်ပိုင်းကို ကို ယနေ့ (သြဂုတ် ၂၂) မှာထုတ်လွှင့်မှာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်ကတည်းက ပြီးသွားရမှာဖြစ်ပေမယ့် Rio Olympics ကြောင့် နောက်သို့ရွှေ့ခဲ့ရတာဖြစ်ပြီး နောက်ဆုံးပိုင်းကိုတော့ သြဂုတ် ၂၃ မှာပြသသွားမှာဖြစ်ပါတယ်။

ref; soompi.com



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.