Style Note   |   Posted on Aug 15, 2019 by Yin Moe Shinn

Dramatic ဖြစ်လွန်းတဲ့ Ruffle dress outfit လေးတွေ


မိန်းကလေးဆန်ပြီးနေရာတိုင်းနဲ့ သင့်တော်တဲ့ Ruffle skirt နဲ့ dress လေးတွေအကြောင်း

Share this article

တစ်ပတ်ပြန်လည်လာတဲ့ ဖက်ရှင်ခေတ်ရေစီးကြောင်းအရ ၉၀ရာစုနှစ်ဖက်ရှင်တွေကအများစုပါဝင်လို့ နေပါတယ်။ ဒါပေမယ့်အခုပြောမယ့် Ruffle fashion ကတော့ခဏခဏပေါ်မလာတတ်တဲ့ဖက်ရှင်တွေထဲမှာပါပါတယ်။ Ruffle fashion ကဆိုရင်ဒီဇိုင်နာတွေရဲ့ ဖန်တီးမှုနဲ့ အတူ ၂၀၁၈ မှာပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ အတွန့် အထပ်တွေနဲ့ မိန်းကလေးဆန်တဲ့ Ruffle skirt တွေ dress တွေကို Dramatic outfit လို့ လည်းခေါ်ကြပါသေးတယ်။အရင်ကဆိုရင်များသောအားဖြင့် Ruffle တွေကို အင်္ကျီအနေနဲ့ြုမင်ရတာများခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့စကတ် ၊ ဂါဝန် ၊ ဘောင်းဘီတွေမှာပါ Ruffle style လေးတွေပေါ်လာတာတွေ့ ရပါတယ်။ သင်သဘောကျသည်ဖြစ်စေ မကျသည်ဖြစ်စေ Ruffle ဆိုတာ  Clothing တွေထဲကအရေးပါတဲ့အစိတ်အပိုင်းတစ်ခုပါဘဲ။ ဒါပေမယ့်မိန်းကလေးအများစုကတော့သိပ်သဘောမကျလှပါဘူး။ လည်ပင်း ၊ ပခုံး ၊ လက် လိုနေရာတွေမှာအတွန့် အဖတ်တွေနဲ့ မို့ အရမ်းကိုမိန်းကလေးဆန်စေပြီးတခါတလေနေရခက်ပြီးသက်သောင့်သက်သာမဖြစ်စေတာမျိုးတွေလည်းရှိတတ်ပါတယ်။ သို့ ပေမယ်လည်းဆန်းသစ်တဲ့ဒီဇိုင်းတွေနဲ့ ပေါ်လာတဲ့ Ruffle clothing တွေကဆိုရင်ငြင်းချင်စိတ်မရှိရလောက်အောင်ချစ်စရာကောင်းလာပြီးအခုဆို မိန်းကလေးတော်တော်များများရဲ့ အရေးပါတဲ့ outfit ဖြစ်လို့ လာပါတယ်။အဲဒီထဲကမှ Ruffle dress တွေကိုအသားအမျိုးမျိုးနဲ့ ဒီဇိုင်းအမျိုးမျိုးတွေ့ နေရပါတယ်။ ဒါကိုဘယ်လိုလေးတွေတွဲဖက်ဝတ်ဆင်သင့်လည်းဆိုပြီးခေါင်းရှုပ်နေဖို့ မလိုပါဘူးနော်။ ချည်သားပြောင် ၊ အကွက် ၊ အစင်းစတဲ့ Ruffle dress တွေကဆိုရင်အထပ်တွေအများကြီးနဲ့ တကယ်ကို dramatic ဖြစ်လွန်းနေတာမို့ ပေါ့ပေါ့ပါးပါး outfit လေးဖြစ်သွားအောင် sneaker ၊ All star၊ Vans စတဲ့ ဖိနပ်လေးတွေနဲ့ တွဲဝတ်လိုက်မယ်ဆိုရင်မိန်းကလေးအရမ်းမဆန်တော့ဘဲပေါ့ပါးပြီးစမတ်ကျတဲ့ဖက်ရှင်ကိုရမှာပါ။ဒါမှမဟုတ်ပွဲတက်မယ်ဆိုရင်တော့ sandals ၊ heels ၊ boots  စတာလေးတွေနဲ့ တွဲဝတ်လိုက်လို့ရပါသေးတယ်။ ဒါဆိုရင်မိန်းကလေးဆန်ပြီးခမ်းနားတဲ့ပွဲတက်ဖက်ရှင်ကိုရပြီပေါ့။ အခုဆိုရင်တစ်ခေတ်ပြန်ပေါ်လာတဲ့ဖက်ရှင်တွေထဲက Ruffle skirt ၊ ruffle dress လေးတွေအကြောင်းပြောပြထားတာမို့ သင့်ရဲ့ နောက်ထပ် outfit တွေအတွက်ခေါင်းမစားရတော့ဘူးပေါ့နော်။

Editor : Bo

 



Share this article

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.