Skin   |   Posted on Sep 3, 2019 by Ja Seng Pan

Dry Skin တွေအတွက် နည်းလမ်းကောင်းလေးတွေ


Dry Skin လေးတွေ မကြောက်ကြနဲ့တော့နော်။

Share this article

အခုပြောပြပေးမှာကတော့ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေအတွက် အသားအရေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့အကြောင်းလေးပါ။ အသားအရေခြောက်သွေ့ခြင်းဟာ သာမာန်အချိန်တွေမှာ မသိသာပေမယ့် ဆောင်းရာသီနဲ့ အေးတဲ့အရပ်ဒေသတွေမှာဆိုရင်တော့ တော်တော်ကို နေရထိုင်ရခက်စေပါတယ်။ အသားယားယံခြင်း၊  နီးမြန်းခြင်း ၊ အရေပြားကွာကျခြင်းနဲ့ အက်ကြောင်းဖြစ်ပေါ်ခြင်းတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် အသားအရေခြောက်သွေ့တတ်တဲ့ Dry skin ပိုင်ရှင်တွေအတွက် မရှိမဖြစ်အသုံးပြုရမှာတော့ Moisturizer ပဲ ဖြစ်ပါတယ်။

ရေချိုးသန့်စင်တဲ့အခါ ရေနွေးကိုအသုံးပြုပေးသင့်ပြီး ရေချိုးတဲ့အခါ ၅ မိနစ်ကနေ ၁၀ မိနစ်ထက်ပိုမကြာသင့်ပါဘူး။ Cleanser အသုံးပြုတဲ့အခါမှာလည်း မျက်နှာပေါ်မှာရှိတဲ့ အဆီနဲ့ အညစ်အကြေးတွေကို ကင်းစင်စေဖို့အတွက် လက်နှစ်ဖက်နဲ့ မျက်နှာကို ညင်သာစွာပွတ်ပေးပါ။ သန့်စင်ပြီးတဲ့အခါမှာတော့ moisturizer လိမ်းပေးဖို့မမေ့ပါနဲ့နော်။

နောက်တစ်ချက်က Lotion လိမ်းတာထက် Cream လိမ်းပေးတာက ပိုကောင်းပါတယ်။ သံလွင်ဆီ ဒါမှမဟုတ် အဆီတစ်မျိုးမျိုးပါဝင်တဲ့ Cream မျိုးက Dry Skin ပိုင်ရှင်လေးတွေအတွက် အသုံးဝင်မှာပါနော်။ တခြား ingredients တွေဖြစ်တဲ့ lactic acid, urea, hyaluronic acid, dimethicone, glycerin, lanolin, mineral oil, and petrolatum တို့ကလည်း Dry Skin အတွက်အထောက်အကူဖြစ်လို့ Cream ဝယ်ယူတော့မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို အရင်လေ့လာကြည့်လိုက်ပါနော်။ တခြား Skin care product တွေကို အသုံးပြုမယ်ဆိုရင်လဲ alcohol, fragrance, retinoids, or alpha-hydroxy acid (AHA) ပါဝင်တဲ့ product တွေကို အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်။

နှုတ်ခမ်းတွေအတွက်ကိုတော့ သင့်တော်မယ့် Lip Balm ကိုရွေးချယ်သုံးပေးပါ။ ပရုတ်ပါဝင်မှုများရင်တော့ သင့်နှုတ်ခမ်းတွေကို စပ်ဖျဉ်းဖျဉ်းဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် Lip Balm ရွေးချယ်မှုကလည်း အရေးကြီးတဲ့အချက်တစ်ချက်ပါ။

ရေများများသောက်ပေးပါ။ အသားအရေခြောက်သွေ့ခြင်းဟာ ရေဓာတ်လိုအပ်ချက်ကြောင့် ဖြစ်တာကြောင့် ရေဓာတ်ပြန်လည်ဖြည့်ပေးဖို့အတွက် နေ့စဉ်ရေကို ပုံမှန်ထက်ပိုသောက်ပေးပါ။

ကဲ ဒီတော့ Dry Skin လေးတွေအတွက် သိရမယ့်အချက်တွေကို ပြောပြပေးခဲ့ပြီဆိုတော့ ဒီနည်းလမ်းလေးတွေအတိုင်း လိုက်လုပ်ကြည့်ကြရအောင်နော်။

Editor : Lin Lin



Share this article

TOP 5 ARTICLES


Body   |   Posted on Sep 18, 2019

2019 3D Nail Design


Fashion News   |   Posted on Sep 18, 2019

2019 London Fashion Week...


Celebrity Style   |   Posted on Sep 17, 2019

ခပ်မိုက်မိုက် Fashion တွေ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.