makeup   |   Posted on Dec 26, 2016 by kiki

၂၀၁၆ရဲ့ အကောင်းဆုံး အနီရောင်နှုတ်ခမ်းပိုင်ရှင်များ


၂၀၁၆ကတော့ အနီရောင်နှုတ်ခမ်းနီတွေ ကြီးစိုးတဲ့နှစ်ပါပဲ။

Share this article

အနီရောင်ဟာ တက်ကြွရဲရင့်တဲ့ သဘောကိုဆောင်ပြီး မိန်းကလေးတော်တော်များများက အနီရောင်နှုတ်ခမ်းနီကို နှစ်သက်ကြပါတယ်။အနီရောင်ဆိုလူတိုင်းလိုလိုနှစ်သက်ကြလို့

အခုလည်း ဘယ်ဆယ်လီတွေက အနီရောင်တွေနဲ့ လိုက်ဖက်ညီညီ လှနေလဲဆိုတာ တင်ပြပေးလိုက်ပါတယ်။

Kendall Jenner

Kendall Jennerဟာ များသောအားဖြင့် နှုတ်ခမ်းနီကို အသားရောင်ပဲ ဆိုးလေ့ရှိပေမယ့် အရောင်တောက်တောက်ပြောင်းဆိုးလိုက်တဲ့အခါ လိုက်ဖက်မှုရှိတာကို တွေ့ရမှာပါ။သူမဆိုးထားတဲ့အရောင်ဟာ လိမ္မော်ဖောက်ထားတဲ့အနီရောင်ဖြစ်ပြီး Est’ee Lauderရဲ့ Volatile ဖြစ်ပါတယ်။

Blake Lively

Blake Lively ရဲ့ နားဆွဲအရှည်ကြီးက သူမရဲ့ နှုတ်ခမ်းနီလောက် လူတွေကို မဖမ်းစားနိုင်ခဲ့ပါဘူး။

Lily Aldrige

Lilly ဟာ အနီရောင်ရဲရဲ နှုတ်ခမ်းနီ၊မိတ်ကပ်ပညာရှင် Hung Vanngoပြင်ပေးထားတဲ့မိတ်ကပ်နဲ့လိုက်ဖက်ညီနေခဲ့ပါတယ်။

Cara Delevingne

သတ္တု မီးခိုးရောင် မျက်လုံးကို  နှုတ်ခမ်းနီရဲရဲနဲ့ပေါင်းစပ်ထားသူကတော့ Cara Delevingneပါ။

Zoey Deutch

အုတ်ခဲနီရောင် နှုတ်ခမ်းနီက Zoey Deutchရဲ့ သွင်ပြင်ကို ပိုပြီး အမိုက်စားဖြစ်စေပါတယ်။

Zoe Kravitz

အနီရောင်တောက်တောက် နှုတ်ခမ်းနီက Zoeရဲ့ အနက်ရောင် လယ်သာ ဂျက်ကက်အကျီင်္နဲ့ တကယ် တွဲဖက်ညီလွန်းပါတယ်။

Margot Robbie

Suicide Squadဇာတ်ကား မိတ်ဆက်ပွဲတုန်းက Margotဆိုးလာတဲ့ ၀ိုင်နီရောင်ရင့်ရင့်ဟာ  မိန်းကလေးတော်တော်များများ နှစ်ခြိုက်တဲ့အရောင်ပါ။

Emma Stone

အသားဖြူပြီး အနီရောင် ခရေဇီဆိုရင်တော့ Emma Stoneလို အနီရင့်လေးကို မဖြစ်မနေစမ်းကြည့်သင့်ပါတယ်။

Rihanna

Rihannaကတော့ သူမရဲ့ဝတ်စုံနဲ့တစ်ရောင်တည်းလိုက်ဖက်တဲ့ နှုတ်ခမ်းနီနဲ့ အလှကြီးကို လှနေတာပါ။

Karlie Kloss

နှုတ်ခမ်းနီ အနီရောင်ဟာ သာမန်မိတ်ကပ်ခြယ်သမှုနဲ့လိုက်ဖက်တယ်ဆိုတာ Karlie Klossက သက်သေပြနေပါတယ်။

www.teenvogue.com

SuYiHtet

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 



Share this article

TOP 5 ARTICLES


Sex & Relationships   |   Posted on Jun 26, 2017

ဆန္ဒပြီးမြောက်ချိန်မှာ ဘာေ...


Celebrity News   |   Posted on Jun 26, 2017

နာမည်ကြီးတံဆိပ်ဖြစ်တဲ့ Lo...


Art & Books   |   Posted on Jun 24, 2017

“Myself” ကို ဘယ်လိုမိတ်ဆက...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.