Skin   |   Posted on Nov 16, 2016 by Elijah htang

ဆောင်းရာသီအတွက် သဘာဝရဲ့အလှတရား


ခြောက်သွေ့ တဲ့ အသားအရေအတွက် အသုံးသင့်ဆုံးအရေပြားအလှဆီ . . .

Share this article

သဘာဝအုန်းဆီ
အလွယ်တကူရနိုင်ပြီး အသားအရေအတွက်တကယ်ကို အသုံးဝင်ပါတယ်။အုန်းဆီက သင့်အသားအရေအတွက်စိုပြေနူးညံ့စေတဲ့ သဘာဝ moisturizer ပါပဲ။အသားအရေစိုပြေစေရုံမက မျက်နှာပေါ်က အညစ်အကြေးတွေကို သန့်စင်ပေးနိုင်တာကြောင့် သဘာဝ cleanser  အနေနဲ့လည်း သုံးနိုင်ပါသေးတယ်။သဘာဝအုန်းဆီမှာlauricacid ပါဝင်တာကြောင့်ဘက်တီးရီးယားတွေကို သေစေနိုင်တာကြောင့်ဝက်ခြံရှိသူများလည်း အသုံးပြုနိုင်ပါတယ်။နေရောင်ကာကွယ်နိုင်တဲ့ အစွမ်းတွေရှိတာကြောင့် နေပူထဲမသွားခင် အရေပြားထဲကို ပါးပါးလေးလိမ်းပြီးနေပူကာကွယ်ဆေးအဖြစ်လည်းသုံးနိုင်ပါတယ်။မိတ်ကပ်မလိမ်းခင် အောက်ခံဖောင်ဒေးရှင်းအနေနဲ့လိမ်းပေးထားရင်လည်း အရေပြားအစိုဓာတ်ကိုအပြည့်အ၀ပေးတဲ့အတွက် မိတ်ကပ်သားကိုပိုမိုချောမွေ့နေစေပါတယ်။ဒါတင်မကဘူး ခြေဖ၀ါးတွေကွဲအက်နေမယ်ဆိုရင်လည်း ညအိပ်ရာဝင်တိုင်းခြေဖ၀ါးကို အုန်းဆီလိမ်းအိပ်ပေးရင်သက်သာပျောက်ကင်းပါတယ်။

သံလွင်ဆီ
သံလွင်ဆီမှလည်း သဘာဝကျကျ အလှတွေကိုအသုံးပြုနိုင်ပါတယ်။သံလွင်ဆီမှာအသားအရေအတွက် ဓာတ်တိုးမှုတွေ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အစိုဓာတ်အပြည့်အ၀ပေးနိုင်ပါတယ်။အသားအရေကိုတောက်ပြောင်စေပြီး ချောမွေ့စေရုံသာမကချွေးပေါက်အတွင်းထိအညစ်အကြေးတွေပါ ဖယ်ရှားပေးတာကြောင့် မိတ်ကပ်ဖျက်ဆေးအနေနဲ့သုံးရင်လည်းသဘာဝမိတ်ကပ်ဖျက်ဆေးအနေနဲ့အဆင်ပြေစေပါတယ်။အနေနဲ့ သုံးချင်ရင်တော့ သံလွင်ဆီကို သကြားအနည်းငယ်နဲ့ ရောစပ်ပြီး ချေးချွတ်သန့်စင်ပေးနိုင်ပါတယ်။ဝက်ခြံအသားအရေပိုင်ရှင်တွေအတွက်လည်း ချွေးပေါက်ပိတ်ပြီးဝက်ခြံထွက်မှာ စိတ်မပူရတော့ဘူးပေါ့။လက်သည်းခြေသည်းခွံလေးတွေကို သံလွင်ဆီလိမ်းပေးရင်လည်း သဘာဝအတိုင်းကြည်လင်တောက်ပတဲ့ လက်သည်းခြေသည်းလေးတွေကို ပိုင်ဆိုင်နိုင်မှပါ။ကွဲအက်နေတဲ့ နှုတ်ခမ်းသားလေးတွေကို သံလွင်ဆီလေးဆွတ်ပေးထားမယ်ဆိုရင်တော့ ဖူးငုံရွှန်းစိုတဲ့နှုတ်ခမ်းပိုင်ရှင်ဖြစ်ပြီပေါ့။
ဒီလောက်တောင်အကျိုးသက်ရောက်မှုတွေများပြီးအလွယ်တကူ အသုံးပြုနိုင်တဲ့ သဘာဝအဆီတွေကို ဘာကြောင့်များမေ့ထားရမှာလဲ။အခုပဲ သင့်အလှအတွက် အသုံးချလိုက်ပါ….။

EDITOR: SAW YATI NAING



Share this article

TOP 5 ARTICLES


Film & Music   |   Posted on Jan 19, 2017

2017 People's Choice Awar...


Film & Music   |   Posted on Jan 19, 2017

2017 Grammy Awards ပွဲမှာ...


Fashion News   |   Posted on Jan 19, 2017

2017 People's Choice Awar...


Film & Music   |   Posted on Jan 19, 2017

Cinderella ဇာတ်ရုပ်ကိုငြင...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.