Style Note   |   Posted on Nov 7, 2019 by Ja Seng Pan

၂၀၁၉ရဲ့ ဆောင်းရာသီမှာ ခေတ်စားလာမယ့် Bag Trends


ဆောင်းရာသီမှာ ဖက်ရှင်တွေ ပြောင်းလဲဖို့ အသင့်ဖြစ်နေကြပြီလို့ ထင်ပါတယ်နော်။

Share this article

အခုဆိုရင် မိုးရာသီကိုလည်း နှုတ်ဆက်ခဲ့ကြပြီ။ ဆောင်းရာသီလည်း ရောက်ရှိလာပြီဆိုတော့ ဖက်ရှင်တွေလည်း ပြောင်းလဲဖို့ အသင့်ဖြစ်နေကြပြီလို့ ထင်ပါတယ်နော်။ ဒီတော့ ယခုနှစ်ဆောင်းရာသီမှာ ခေတ်စားလာမယ့် အိတ်လေးတွေကိုဖော်ပြပေးသွားမယ်နော်။

 


XXL Bag
နေ့စဉ်ပုံမှန် သွားလာနေရတတ် မိန်းကလေးတွေအတွက်ကတော့ XXL Bag က အသင့်တော်ဆုံးဖြစ်မှာပါ။ ကြီးမားတဲ့ အိတ်တွေက သင့်ဖက်ရှင်ကို တမူထူးခြားစေတဲ့အပြင် သယ်ဆောင်နိုင်တဲ့ ပစ္စည်းတွေလည်း တော်တော်များများကို ထည့်နိုင်မှာဖြစ်တဲ့အတွက် အိတ်တစ်လုံးတည်းနဲ့ ပစ္စည်းအစုံသယ်ဆောင်နိုင်မှာပါ။

 

 

 


Structured Top Handles
ဒီအိတ်လေးတွေကတော့ စမတ်ကျကျရုံးတက်မယ့် office lady လေးတွေအတွက်ပါ။ ကျစ်ကျစ်လစ်လစ်နဲ့ ဖက်ရှင်ကျတဲ့ အိတ်ဖြစ်တာကြောင့် ပျိုမေတို့ နှစ်သက်ကြမယ့် အိတ်ပုံစံလေးပဲ ဖြစ်ပါတယ်။

Evening Clutch
ဆောင်းရာသီနဲ့အတူ  ညနေပိုင်းပွဲတွေ များစွာလည်း ရောက်ရှိလာတော့မှာပါ။ ညနေခင်းပွဲတက်အတွက် လိုက်ဖက်တဲ့ အိတ်လေးပါ။ အိတ်ရဲ့ စတိုင်လ်ကြောင့် လူတွေပိုသတိထားမိနိုင်မယ့် ဖက်ရှင်ဖြစ်ပါတယ်။ အိတ်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ကိုရွေးချယ်ဝတ်ဆင်ခြင်းကလည်း သင့်ကို ပြီးပြည့်စုံနေစေမှာပါ။


Hobo Bag
Flag Bag အမျိုးအစားပဲဖြစ်ပါတယ်။ ဒီလိုအိတ်အမျိုးအစားကိုတော့ ၁၉၉၀ ခုနှစ်လောက်တုန်းက တွေ့မြင်နိုင်မှာဖြစ်ပြီး ယခုတစ်ဖန်ပြန်လည်ခေတ်စားလာခဲ့တာပဲ ဖြစ်ပါတယ်။

Animal Style Texture
ဘယ်တော့မှမရိုးတဲ့ Bag Style ကတော့ Animal Texture Bag Fashion လို့ ပြောရမှာပါပဲ။ ဒီအိတ်တွေဟာ ဖက်ရှင်ကျပြီး Expensive Look ကို ဖော်ပြပေးနိုင်တဲ့ Luxury Bag အမျိုးအစားပဲ ဖြစ်ပါတယ်။ ဆောင်းတွင်း Trend နဲ့လည်း ကိုက်ညီတဲ့ အိတ်မျိုးပါ။
ကဲ ဒီလောက်ဆိုရင်တော့ MODA ပရိသတ်တွေလည်း ဘယ်လိုအိတ်အမျိုးအစားတွေနဲ့ စတိုင်လ်ထုတ်မလဲဆိုတာ ရွေးချယ်နိုင်ပါပြီနော်။

Editor : Lin Lin





Share this article

TOP 5 ARTICLES


Skin   |   Posted on Jan 22, 2020

NIVEA မှ NIVEA Floral Whi...


Celebrity Beauty   |   Posted on Jan 20, 2020

အလှအပအတွက် Follow လုပ်ထား...


Parties & Events   |   Posted on Jan 20, 2020

နုပျိုလန်းဆန်းခြင်းနဲ့ လှ...


Celebrity Style   |   Posted on Jan 18, 2020

တော်ဝင်တဲ့အပြုံး ထည်ဝါတဲ့...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.