Hair   |   Posted on May 16, 2019 by Yin Moe Shinn

ခေါင်းလျှော်ဖို့ အတွက်ဆိုရေပူလား ၊ ရေအေးလား ?


ဘယ်အရာကသင့်ဆံသားကိုပိုပြီးကျန်းမာစေလဲဆိုတာ....

Share this article

အလှအပရေးရာအနေနဲ့ သတိထားပြီး Care လုပ်ရတာ မျက်နှာပြီးရင်ဆံပင်ပါဘဲ။ဆံပင်ကလည်းလူတစ်ယောက်ရဲ့ ပုံစံအနေအထားကိုအရမ်းသက်ရောက်မှုရှိတာမို့ ပုံမှန်လေးဂရုစိုက်ပေးသင့်ပါတယ်။ဆံပင်ရဲ့ 

ကောင်းခြင်းတရားက ကျွန်မတို့ နဲ့ ကြာကြာမနေပါဘူး။အရောင်တွေဆိုးနေမှပျက်စီးတာမဟုတ်ပါဘူး ပုံမှန်ဂရုစိုက်မှုတွေမရှိုခြင်းကလည်းကျွန်မတို့ ဆံသားတွေကိုပျက်စီးစေတာအသေအချာပါ။အခြေခံအဆင့်ခေါင်း

လျှော်တာကစပြီးဂရုစိုက်သင့်ပါတယ်။လာမယ့်ရာသီကမိုးအေးအေးလေးနဲ့ မို့ မိန်းကလေးအများစု ခေါင်းလျှော်

တဲ့အခါရေပူကိုသုံးဖို့ စဉ်းစားနေကြမှာပါ။ကဲဒီတော့ရေပူနဲ့ ခေါင်းလျှော်ခြင်းကသင့်ရဲ့ ဆံသားအတွက်ကောင်းမကောင်း ဆိုးကျိုးရှိမရှိကို သိထားဖို့ ပြောပြပေးချင်ပါတယ်။

-ရေပူနဲ့ ခေါင်းလျှော်တဲ့ အခါရေပူကဦးရေပြားမှာရှိတဲ့ချွေးပေါက်တွေကိုပွင့်စေပြီးသဘာဝအတိုင်းရှိနေတဲ့ အစိုဓါတ်နဲ့သဘာဝအဆီတွေကိုစုပ်ယူခွင့်ပေးတာကြောင့်ဆံသားကြီးထွားမှုကိုအားပေးပြီးဆံပင်ပိုသန်စေပါ

တယ်။ဒါ့အပြင်ရေပူကဆံသားမှာရှိတဲ့အညစ်အကြေးနဲ့ အဆီပိုတွေကိုဖယ်ရှားပေးနိ့င်တာကြောင့်ဆံသားအညစ်အကြေးကင်းစေမှာအမှန်ပါ။ဒါဆိုရေပူနဲ့ ခေါင်းလျှော်ခြင်းကကောင်းတာလား ? ဆိုးကျိုးဆိုတာရှိစမြဲပါ ရေပူက

ဦးရေပြားမှာရှိတဲ့အဆီတွေကိုဖယ်ရှားလိုက်တာမို့ ဦးရေပြားခြောက်သွေ့ ပြီးဆံသာကိုမဖြောင့်စင်းစေတာမို့  ရေပူနဲ့ ခေါင်းလျှော်ခြင်းကအပြည့်အဝမကောင်းပါဘူး။  

-ရေအေးနဲ့ ခေါင်းလျှော်တဲ့ အခါရေအေးကဆံပင်အတွက်အစိုဓါတ်ကိုပိတ်စေပြီးဦးရေပြားကိုခြောက်သွေ့ စေ  ပါတယ်။ရေအေးကချွေးပေါက်တွေကိုပိတ်စေတာကြောင့်ဦးရေပြားထဲကိုအညစ်အကြေးတွေမဝင်အောင်တား

ဆီးပေးနိုင်ပါတယ်။ဒါပေမယ့်ရေအေးက ဆံသားရဲ့ အစိုဓါတ်ကိုမထိန်းသိမ်းနိုင်တာကြောင့်ခေါင်းလျှော်ပြီးတိုင်း အလေးချိန်မရှိဘဲပါးကပ်နေတဲ့ ဆံပင်ကိုတွေ့ ရမှာပါ။

ဒီလိုကောင်းကျိုးဆိုးကျိုးတွဲနေတဲ့အတွက်အကောင်းဆုံးနည်းလမ်းလေးကိုပြောပြပေးချင်ပါတယ်။

၁. သင့်ဆံပင်ကိုရေနွေးနွေးလေးနဲ့ အတူသင်ကြိုက်တဲ့ သင်နဲ့အဆင်ပြေတဲ့Shampoo ကိုသုံးပြီးသင့်ဦးရေပြားကိုနှိပ်နယ်ပေးပါ။အညစ်အကြေးစင်တဲ့အထိရေနွေးနွေးလေးနဲ့ဆေးကြောပါ။ရေပူနေလို့ မဖြစ်တာကြောင့်

သတိထားပေးပါ။

၂.ရေနွေးလေးနဲ့ ဆေးလို့ Shampoo ပြောင်ပြီဆိုသင်သုံးနေကြ Conditioner လေးသုံးပေးပါ။ အချိန်အကြာကြီးထားဖို့ မလိုပါဘူးနော်။

၃.ခဏနေရေအေးလေးနဲ့ ဆေးကြောပေးပါ။ဒီအဆင့်မှာတော့ပုံမှန်ရေအေးကိုသာသုံးပြီးပြောင်အောင်ဆေးကြောပေးပါ။အပေါ်ကအဆင့် ၂ ခုမှာရေပူကြောင့်ပွင့်နေတဲ့ ချွေးပေါက်လေးတွေကိုနောက်ဆုံးအဆင့်

မှာရေအေးကိုသုံးပြီးပြန်ပိတ်စေတာကြောင့်ဦးရေပြားခြောက်သွေ့ ပြီးဆံသားပါးခြင်းမှကာကွယ်ပေးတဲ့အပြင် ဆံသားကြေမွနေမှာကိုလည်းစိတ်ပူစရာမလိုတော့ဘူးပါဘူး။ဒီလိုအဆင့်၃ဆင့်ကိုပုံမှန်ဂရုတစိုက်ပြုလုပ်ပေးပြီး

Hair Vitamin လေးလိမ်းလိုက်မယ်ဆိုရင်သင့်ဆံပင်လေအဝှေ့ ကိုလူတိုင်းငေးကြည့်ရမှာအသေအချာပါ။

Editor : Bo

 

 

 



Share this article

TOP 5 ARTICLES


Fashion News   |   Posted on Jun 25, 2019

ADIDAS LONG PADDED COAT ေ...


Red Carpet   |   Posted on Jun 24, 2019

ကမ္ဘာကျော်အဆိုတော် selena...


Celebrity Style   |   Posted on Jun 22, 2019

ဆံပင်ရှည်ရှည်နဲ့ ဂါဝန်လေး...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.