Hair   |   Posted on Nov 1, 2017 by Su Yi Htet Aung

ဆောင်းဦးရာသီအတွက် ရွေးချယ်စရာ Hair Colors


မှိုင်းပျပျ Fall မှာ ဒီဆံပင်အရောင်တွေနဲ့ လန်းလိုက်ပါ။

Share this article

မကြာခင်ရောက်တော့မယ့် မှိုင်းပျပျ Fall အတွက် အပ်ကြောင်းထပ်ရိုးအီနေတဲ့ ဆံပင်အရောင်တွေကို ထည့်မစဉ်းစားပါနဲ့တော့။သင့်အနေနဲ့ ဆံပင်အရောင်အပြောင်းအလဲ
လုပ်ချင်တယ်ဆိုရင် အရောင်မှိုင်းဘက်တွေပဲသွားသွား၊ အရောင်တောက်တွေပဲဆိုးဆိုး ဒီအောက်မှာပြောပြထားတဲ့ အရောင်တွေထဲက တစ်ရောင်ကိုတော့ ရွေးကိုရွေးသင့်ပါတယ်။
ဘာကြောင့်လဲဆိုရင် သူတို့က ဒီနှစ် Fall မှာ အကြီးအကျယ်နေရာယူလာကြဦးမယ့်အရောင်တွေဖြစ်လို့ပါပဲ။

Blonde

ဒီနှစ်ရဲ့ဆောင်းဦးမှာတော့ ရွှေအိုရောင်ဆံနွယ်တွေကို ပြန်လည်ခံစားရတော့မှာဖြစ်ပါတယ်။Gigi Hadid ကစလို့ J-Lo,Sarah Jessica Parker အဆုံး သူမတို့အားလုံးဟာ နဂိုဆံပင်အခံပေါ်မှာ ရွှေရောင်highlight ဖောက်တာတွေ၊အရောင်စပ်ဆိုးတာတွေကိုစသည်ဖြင့် အမျိုးစုံအောင် လုပ်ထားတာမြင်ရမှာဖြစ်ပြီး ရွှေရောင်ဟာ မျက်နှာလင်းစေတဲ့အရောင်တစ်ရောင်ပါ။အထူးသဖြင့် လူငယ်တွေကြားထဲ တစ်ခေတ်ပြန်ထလာမယ့် အရောင်ဖြစ်ပြီး အရောင်ဆန်းတွေကြားက ဘယ်တော့မှမရိုးသွားဘဲ Fallအတွက် ရွေးသင့်တဲ့အရောင်ကောင်းတစ်ရောင်ပါလို့ညွှန်းဆိုပါရစေ။



Raven Black

အနက်ရောင်ကလည်း ဒီနှစ်အတွက် ဆယ်လီတော်တော်များများဓာတ်ကျတဲ့အရောင်ပါ။သူများတွေ ရောင်စုံရောင်ကာလာတွေဆိုးနေချိန်မှာ ကိုယ်က အနက်ရောင်ဆိုးချလိုက်ပြီး အထာကျကျပြင်ဆင်လို့ရသလို အနက်ရောင်ဟာ အမှောင်ဘက်သွားတဲ့အရောင်ဖြစ်လို့ Fall နဲ့ မလိုက်ဖက်စရာအကြောင်းမရှိပါဘူး။အထူးသဖြင့် သဘာဝအနက်လိုမဟုတ်ဘဲ Matte Black လိုအရောင်မျိုးက သင့်ကို လူတွေ ပိုမိုငေးကြည့်စေမှာဖြစ်ပါတယ်။



Ash Black

အနက်ဖောက်ထားတဲ့ မီးခိုးရောင်ကတော့ အနက်ကို အခြေခံတဲ့ အရောင်ဆန်းတစ်ရောင်ဖြစ်ပြီး မီးခိုးရောင်စစ်စစ်၊ငွေရောင်စစ်စစ်မဆိုးချင်သူတွေ try ကြည့်သင့်တဲ့အရောင်ပါ။Fall နဲ့ အစပ်အဟပ်တည့်တဲ့အရောင်လို့ဆိုနိုင်ပြီး အခုလတ်တလောမှာ အောက်က ဆံပင်အရင်းကို ချန်ပြီး အပေါ်ကိုပဲဆိုးတဲ့စတိုင်လ်တွေလည်း ခေတ်စားနေတာဆိုတော့ သင့်အနေနဲ့ အောက်ခံဆံပင်တစ်လွှာကို နဂိုအနက်တိုင်းထားပြီး အပေါ်ကိုပဲ Ash Color ဆိုးလိုက်ရင်တောင် အဆင်ပြေနေပါပြီ။အောက်မှာလည်း နမူနာကောင်းလေးတွေပြထားသေးတယ်နော်။



Warm Chocolate

ပြာရောင်ထက် ပိုရင့်တဲ့ Dark Tone ဘက်သွားပြီး အနက်ဘက်လည်း မရောက်၊အညိုလည်း အရမ်းမဖောက်ထားတဲ့ Chocolate မှိုင်းရောင်ကတော့ ဒီ Fall အတွက် ခေတ်စားလာဦးမယ့် အရောင်ဆန်းတစ်ရောင်ပါ။ဆံပင်ပုံစံတိုင်းနဲ့မဆို လိုက်ဖက်လည်း ဒီအရောင်ကို try ကြည့်ဖို့ အသားအရောင်ကန့်သတ်ချက်လည်း မရှိပါဘူး။နေရောင်ထဲထွက်မှ ခပ်ဖျော့ဖျော့ Shadeလေးပဲ ပေါ်မှာမို့ ဆံပင်အရောင်ကို လုံးဝကွဲထွက်မသွားချင်တဲ့သူတွေနဲ့ တကယ်ကို အဆင်ပြေမှာဖြစ်ပါတယ်။Zendaya ကိုပဲကြည့်လေ..highlight နည်းနည်းဖောက်ထားတဲ့ ချောကလက်ရောင်ဆံပင်လိမ်ကောက်ကောက်လေးတွေနဲ့ ချစ်စရာကောင်းနေတာအမှန်ပါပဲ။



Copper Red

ဆံပင်အနီရောင်ဆိုးတာက ခေတ်ကုန်နေပြီဆိုတာ မှန်သင့်သလောက်မှန်ပေမယ့် ဒီထဲမှာ ခြွင်းချက်အနေနဲ့ Copper Red ကိုတော့ထားရမှာပါ။
မဟော်ဂနီလိုအရောင်တွေရ၊စတော်ဘယ်ရီရောင်လို အရောင်တောက်တွေ ခေတ်ကုန်သွားပြီးနောက် ခုထိ Fall အတွက် လူတွေအာရုံကျနေဆဲ အရောင်က ကြေးနီရောင်ပါ။ဒီအရောင်က အထူးသဖြင့် အသားလတ်သူတွေနဲ့ ဖြူသူတွေ မဖြစ်မနေ ဆိုးကြည့်သင့်တဲ့အရောင်ဖြစ်သလို "Game of Thrones" ဇာတ်ကားထဲကမင်းသမီး Sophie Turner ရဲ့ ကြေးနီရောင်ဆံပင်က သင့်ကို လိုက်ဆိုးချင်လိုက်အောင် နှစ်သက်စေမိမှာဖြစ်ပါတယ်။

Unicorn Colors

အပေါ်က သမရိုးကျအရောင်တွေပြီးတဲ့နောက်မှာတော့ ဒီနှစ်ရဲ့ နေရာအယူဆုံး Trend ဖြစ်တဲ့ Unicorn ဆန်ဆန်အရောင်တွေကိုလည်း ချန်မထားသင့်ပါဘူး။ဒီနှစ်မှာဆိုရင်ဖြင့် Unicorn Color တွေထဲက ပန်းဖျော့ရောင်၊လိမ္မော်ဖျော့ရောင်၊ရေညှိစိမ်းရောင်နဲ့ ခဲရောင်တို့ကအများဆုံးနေရာယူလာမှာ ဖြစ်ပါတယ်။



Blonde Based Pink

Blonde Based Color တွေထဲမှာမှ ဒီနှစ် Fall အတွက် အများဆုံးခေတ်စားလာနိုင်တာက ပန်းရောင်ခပ်ဖျော့ဖျော့ပါ။ပန်းရောင်ခပ်ဖျော့ဖျော့ဟာဆိုရင် ပြီးခဲ့တဲ့နှစ်ကတည်းက ဂယက်ထခဲ့တဲ့အရောင်ဖြစ်ပြီး ဖက်ရှင်ဘလော့ဂါတွေကြား၊ဆယ်လီတွေကြားမှာလည်း မရိုးနိုင်အောင် မြင်တွေ့နေရဆဲပါ။Rose Gold ဘက်သွားတဲ့အရောင်မဟုတ်ဘဲ ပန်းရောင်ဖျော့ဖျော့ Candy Colorရောင်က Fall အတွက် ဆန်းပြားတဲ့Taste အသစ်ကို ပေးနိုင်မှာ သေချာပါတယ်။



Seaweed Green

အစိမ်းဖျော့ရောင်တွေ ခေတ်စားပြီးတဲ့နောက်မှာတော့ ရေညှိစိမ်းလို အစိမ်းရင့်ရင့်တွေ အားကောင်းလာတာကိုကျွန်မတို့မြင်ခဲ့ရမှာပါ။သူ့ရဲ့ထူးခြားချက်က
အစိမ်းနုလိုအရောင်မဖျော့တဲ့အတွက် Fall နဲ့ ပနံသင့်သလို အရောင်ဆန်းလည်း ဖြစ်တာမို့ သင့်ကို ခေတ်ရေစီးကြောင်းမှာ ထင်ရှားနေစေပါတယ်။Bella Throne ဆိုးထားတဲ့ အရောင်ဟာ နမူနာယူဖို့ အရောင်ကောင်းပါပဲ။



Blorange

Unicorn Inspired အရောင်တစ်ရောင်ဖြစ်တဲ့ လိမ္မော်ဖျော့ဟာ Instagram တို့၊Pinterest တို့မှာ နေရာအယူဆုံးအရောင်တစ်ရောင်ဖြစ်ပြီး ဒီနှစ်ရဲ့ Fashion Week က Streetstyle အတွဲအစပ်တွေ၊Festival တွေနဲ့ပါ ယှဉ်တွဲပြီး မြင်ရမှာပါ။ပန်းရောင်မဆိုစလောက်ဖောက်ထားပြီး လိမ္မော်ရောင်တောက်တောက်မဟုတ်ဘဲ neon နဲ့ blonde ဖောက်အရောင်ဖျော့မျိုး ဖြစ်ပါတယ်။အထူးသဖြင့် အပေါ်မှာ ပြောပြထားတဲ့ Unicorn Inspired အရောင်ဆန်းတွေထဲက ကွဲထွက်ချင်သူတွေအနေနဲ့ ဒီ Blorange လိမ္မော်ဖျော့ရောင်ကို မဖြစ်မနေ စမ်းကို စမ်းကြည့်ပါလို့။



Still Grey

ခဲရောင်ကတော့ Fall အတွက် နှစ်တိုင်းမပါမဖြစ်အရောင်ဖြစ်တဲ့အပြင် Granny Hair Color တွေဟာ အခုထိ ခေတ်စားနေဆဲဖြစ်သလို ငွေရောင်ဖောက်ထားတဲ့ခဲရောင်တွေကလည်း လူကြိုက်များနေဆဲလို့ ဆိုနိုင်ပါတယ်။ဒါ့အပြင် အနက်ဖောက်တာ၊ငွေရောင်ဖောက်တာမျိုး မဟုတ်ဘဲ အစိမ်းတို့၊အပြာတို့နဲ့ ရောစပ်ထားတဲ့ ခဲရောင်တွေကို နေရာအနှံ့မြင်ရဦးမှာပါ။ဆံပင်အရောင်ဖျော့နဲ့ပဲ အမြဲနေလေ့ရှိတဲ့ Kim Kardashian တောင် ငွေရောင်ဖောက်တဲ့မီးခိုးရောင်ဆံပင်ကို ပြောင်းလဲလိုက်တယ်ဆိုတော့ the power of grey လို့တောင် ဆိုနိုင်ပါတယ်။

Editor's Picks

ဒီနှစ် Fall အတွက် Editor'Pick အရောင်ကို ရွေးပေးရမယ်ဆိုရင်တော့ Warm Chocolate နဲ့ Seaweed Green ကိုရွေးပါမယ်။Warm Chocolate အရောင်က ငြိမ်ပြီး အရောင်ဖျော့လေးက မိန်းမသားဆန်တဲ့အပြင် ဆံပင်သားလေးတွေနူးညံ့နေတယ်လို့ပါ ထင်ရစေပါတယ်။Seaweed Green ကတော့ အုံမှိုင်းနေတဲ့ရာသီဥတုနဲ့ လိုက်ဖက်မယ်လို့ ထင်ရပြီး အရောင်ဆန်းဖြစ်တာကြောင့် ခေတ်ဆန်ဆန်ကောင်မလေးအသွင်ကို ထင်ဟပ်သွားစေသလို တဖက်သားရဲ့စိတ်ဝင်စားမှုကို ရနိုင်မယ့် အရောင်ဖြစ်ပါတယ်လို့ ပြောပါရစေ။

Editor: Su Yi Htet



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Aug 18, 2018

Social Media တစ်ခုလုံးကို...


Cover Stories   |   Posted on Aug 18, 2018

MODA ရဲ့ 6th Anniversary...


Cover Stories   |   Posted on Aug 18, 2018

MODA ရဲ့ 6th Anniversary...


Cover Stories   |   Posted on Aug 17, 2018

MODA ရဲ့ 6th Anniversary...


Fashion News   |   Posted on Aug 17, 2018

ကြယ်ပွင့်သစ်လေးတွေကို Fai...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.