interview   |   Posted on Dec 1, 2016 by Tun Lin

ဗေဒင်အရ နာမည်အပြောင်းအလဲလုပ်ပြီးမှ အောင်မြင်လာတဲ့ ခင်ဝင့်ဝါ


ဆုခဲ့မယ်ဆိုရင် ဆက်လုပ်မယ်။ မရခဲ့ဘူးဆိုရင်ကျောင်းပဲဆက်တက်တော့မယ်ဆိုပြီးတော့ပေါ့။ ခင်ဝင့်ဝါဆိုတာက ကိုယ့်ဘာသာနာမည်ရွေးပြီးပြောင်းလိုက်တာပေါ့။ ပြီးတော့ Supranational ကို ဖောင်သွားတင်လိုက်တယ်။

Share this article

၂၀၁၆ ခုနှစ် အောက်တိုဘာလကာဗာစတားတစ်ယောက်ဖြစ်တဲ့ ခင်ဝင့်ဝါနဲ့တွေ့ဆုံထားတဲ့ အင်တာဗျူးကို MODA ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

 

OPPO ရဲ့  Brand Ambassador တစ်ယောက်အဖြစ်လက်ခံဖြစ်ခဲ့ပုံလေးအကြောင်းပြောပြပါဦး။
OPPO ရဲ့  Brand Ambassador ပေါ့။ ဒီဖုန်းတစ်ခုတည်းအတွက်ရယ်လို့မဟုတ်ဘူး။ အဖြစ်လက်ခံခဲ့တာ ကြာပါပြီ။ ၆ လလောက်တောင်ရှိနေပြီ။ OPPO ရဲ့  Brand Ambassador အဖြစ်လုပ်ပေးဖို့ကမ်းလှမ်းလာတဲ့အခါ အရင်ဆုံးတော့ စာချုပ်တွေနဲ့ညှိရတာပေါ့။ ကိုယ်လိုချင်တဲ့ဟာရယ်၊ သူတို့လိုချင်တဲ့ဟာရယ် ညှိရတာပေါ့။ ပြီးတော့ Brand ကိုလည်းကြည့်ရတာပေါ့။ Brand Ambassador တွေဆိုတာက တနည်းအားဖြင့် Promote လုပ်ပေးရတာပေါ့နော်။ အဲဒီအတွက် ညီမတို့ကလည်း ဒီ Brand ရဲ့ ကောင်းခြင်းဆိုးခြင်းကြည့်ရတာပေါ့။ ပရိသတ်တွေအတွက် အကျိုးရှိမရှိ၊ ပရိသတ်တွေအပေါ် Side Effect ရှိမရှိတစ်ချက်တော့ကြည့်တယ်။ Brand Ambassador အတွက် ငြင်းပယ်ခဲ့ရတာတွေလည်း ရှိပါတယ်။ OPPO နဲ့ညီမတို့က သဟဇာတဖြစ်တယ်ပေါ့။ ပရိသတ်တွေကြားမှာလည်း လက်ခံတဲ့ Brand တစ်ခုဖြစ်တယ်ပေါ့။

ရိုက်ထားတဲ့ ရုပ်ရှင်ကားတွေ ရုံတင်လာဖို့ရှိလား။
ရိုက်ထားတဲ့ရုပ်ရှင်ကားကြီးတွေရှိပါတယ်။ ဒီနှစ်ကုန် နောက်နှစ်လောက်မှာတော့ ရုံတင်လာလိမ့်မယ်လို့ထင်ပါတယ်။

ရုံတင်ဖို့ တန်းစီနေတဲ့ ဇာတ်ကားတွေထဲက ထူးခြားတဲ့ ဇာတ်ကောင်စရိုက်ပါဝင်တဲ့ ဇာတ်ကားတစ်ကားလောက်ထုတ်ပြပါဆိုရင် ဘယ်ကားကိုပြောချင်လဲ။
အဲလိုပြောပြစရာကားတော့မရှိပါဘူး။ ထူးထူးခြားခြားရိုက်ထားရတဲ့ ကားတွေတော့ရှိပါတယ်။ ယောက်ျားရှာ ပုံစံနဲ့ရိုက်ထားတဲ့ကားတွေရှိတယ်။ အကုန်လုံးကိုတော့ တစ်ကားနဲ့တစ်ကားကာရိုက်တာတွေမတူကြဘူးပေါ့နော်။ ဒါပေမဲ့အား လုံးကိုတော့ ကြိုးစားထားပါတယ်။ ပရိသတ်ဆီက လာမယ့် feedback တွေကိုလည်း ရင်ခုန်စွာမျှော်နေတဲ့အတွက် ရုံတင်တဲ့အခါမှာလည်း အားပေးကြပါဦး၊ အကြံÓဏ်လေးတွေလည်း ပေးကြပါဦးလို့ပြောချင်ပါတယ်။

လက်ရှိမှာ ညီမက ကားတွေလည်း အများကြီးရိုက်နေရတယ်။ ဒီတော့ လက်ရှိသရုပ်ဆောင်နေရတဲ့ အချိန်မှာ မိမိရဲ့ အားနည်းချက် အားသာချက်တွေနည်းနည်းလောက်ပြောပြပါလား။
သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး ညီမ ကားတွေရိုက်နေရတယ်၊ ခြေလှမ်းတွေသွက်လာတယ်ဆိုပေမဲ့ အခုမှ အစပဲရှိပါသေးတယ်။ အရာရာအားလုံးအတွက် ညီမမှာ လေ့လာပြင်ဆင်စရာတွေအများကြီးလိုပါသေးတယ်။ ဒီသရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီးတော့လည်း သင်ယူစရာတွေအများကြီးရှိပါသေးတယ်။ ကိုယ်အခုလုပ်တဲ့အရာတွေလည်း တစ်ခုရပြီဆိုပေမဲ့ ဒီတစ်ခုတည်းနဲ့မပြီးသေးဘူးပေါ့။ နောက်ထပ်အများကြီးလေ့လာဖို့ရှိသေးတယ်။ သေချာတာတစ်ခုကတော့ ညီမမှာ လိုအပ်ချက်တွေအများကြီးရှိနေပါသေးတယ်။ အဲဒီအတွက် ညီမအားလုံးကို လေ့လာသင်ယူကြိုးစားနေပါတယ်။

အခက်အခဲ အများကြီးရှိခဲ့တဲ့ ဇာတ်ကားတစ်ကားက ဘယ်ကားဖြစ်မလဲ။
အမှတ်တရတွေကတော့ ရုပ်ရှင်ကားဖြစ်စေ၊ ဗီဒီယိုကားဖြစ်စေ ကားရိုက်တိုင်းမှာ အမှတ်တရတွေရှိပါတယ်။ ကိုယ်နဲ့တွဲဖက်သရုပ်ဆောင်တဲ့ စီနီယာအစ်ကိုတွေ၊ အစ်မတွေကလည်း သင်ပေးကြတယ်။ ဒါရိုက်တာတွေကလည်း သင်ပေးကြတယ်။ မှတ်မှတ်ရရ တစ်ကားပြောပါဆိုရင်တော့ ကိုနေမင်းနဲ့ရိုက်တဲ့ "ပုစ္ဆာဆန်တဲ့ သရဲမလး" သရဲကားတစ်ကားမှာ အိုက်တင်မရလို့ မိုးလင်းသွားတာဖြစ်ခဲ့တယ်။ မိုးလင်းသွားလို့ နောက်တစ်နေ့ အထိပါ ထပ်ရိုက်ရတယ်။ အဲဒါကတော့ တကယ့်ကို မှတ်မှတ်ရရပေါ့။

ညီမပထမဆုံးစရိုက်တဲ့ "နတ်သမီးနှင့်ကျွန်တော်" ဇာတ်ကားမှာဆိုရင်ရော။
အဲဒီတုန်းက MTV လည်း တစ်ပုဒ်မှမရိုက်ဖူးသေးဘူး။ အဲတော့ ကင်မရာရှေ့မှာ အက်ရှင်လုပ်ဖို့ဆိုတာ ညီအတွက် အသစ်ကြီးလိုဖြစ်နေတယ်ပေါ့နော်။ အစိမ်းသက်သက်ကြီးဖြစ်နေတဲ့အခါကျတော့ ဘယ်လိုခေါ်မလဲ။ တော်တော်လေးလည်း ခက်ခဲတယ်။ ကြောက်လည်း ကြောက်တယ်။ အဲလိုမျိုးလေးတွေဖြစ်ခဲ့တယ်။

ညီမရဲ့နာမည် ခင်ဝင့်ဝါမတိုင်ခင် ဆုသျှားထက်အနေနဲ့အနုပညာအလုပ်တွေလုပ်ခဲ့သေးတယ်နော်။ ဆုသျှားထက်ကနေ ခင်ဝင့်ဝါကို ဘယ်လိုပြောင်းသွားတာလဲ။
ညီမ ဆုသျှားထက်အနေနဲ့ မော်ဒယ်လ်စလုပ်တယ်။ မော်ဒယ်လ်စလုပ်တဲ့ အချိန်က ညီမဒေးကျောင်းတက်နေတဲ့အချိန်ပေါ့။ ကျောင်းတက်ရင်း မော်ဒယ်လ်ပြိုင်ပွဲလည်း ၀င်ပြိုင်ကြည့်တယ်။ တစ်ပွဲဝင်ပြိုင်ကြည့်တယ်။ ဒါပေမဲ့ Runner ပဲရတယ်။ Winner ဆုတွေမရဘူး။ အဲတော့ လုပ်လည်းမလုပ်ချင်တော့ဘူး။ ဆုသျှားထက်က ဘုန်းကြီးပေးထားတဲ့နာမည်ပါ။ နောက်ပိုင်း မလုပ်တော့ဘူး။ ကျောင်းပဲဆက်တက်တော့မယ်ဆိုတဲ့အချိန်မှာ ဗေဒင်တွက်ကြည့်တော့ ဗေဒင်က နာမည်ပြောင်းလိုက်ပေါ့နော်။ ညီမကိုယ်တိုင်ကလည်း သိပ်စိတ်မပါတော့ဘူး။ ဒါပေမဲ့ နာမည်ပြောင်းလုပ်ကြည့်လိုက်မယ်ဆိုပြီးတော့ ဆက်လုပ်ကြည့်မယ်ပေါ့။ ဆုခဲ့မယ်ဆိုရင် ဆက်လုပ်မယ်။ မရခဲ့ဘူးဆိုရင်ကျောင်းပဲဆက်တက်တော့မယ်ဆိုပြီးတော့ပေါ့။ ခင်ဝင့်ဝါဆိုတာက ကိုယ့်ဘာသာနာမည်ရွေးပြီးပြောင်းလိုက်တာပေါ့။ ပြီးတော့ Supranational ကို ဖောင်သွားတင်လိုက်တယ်။ တင်ပြီးတော့ ကျောင်းဆက်တက်တယ်။ လူရွေးမယ်ဆိုပြီးတော့ လုပ်တဲ့အချိန်မှာ Casting call ထဲမှာ ညီမပါသွားတယ်။ အဆင့်ဆင့်အရွေးခံရတယ်ပေါ့။ အရွေးခံရပြီးတော့မှ သွားပြိုင်ရတာပေါ့။ သွားပြိုင်တော့လည်း ကိုယ့်ကိုယ်ကို သြော် ငါအရွေးခံရတယ် ဒီလောက်ပံပေါ့။ အဲလိုပဲသွားပြိုင်ခဲ့တယ်။ အရမ်းကြီးမျှော်လင့်ချက်ကြီးတွေနဲ့ ပြိုင်ခဲ့တာမဟုတ်ဘူး။ တကယ်တမ်း မမျှော်လင့်ထားတာတွေရလာတဲ့အချိန်မှာ အရမ်းပျော်တယ်။ အဲဒီနောက်ပိုင်းမှာတော့ ဒီအလုပ်ကို သေချာလေး ဇောက်ချလုပ်ဖြစ်တယ်။

ဒါဆိုရင် ဆုသျှားထက်ကလည်းအနုပညာနာမည်၊ ခင်ဝင့်ဝါကလည်း အနုပညာနာမည်ပေါ့။
ဟုတ်ပါတယ်။

ဗေဒင်နဲ့ကံကြမ္မာကိုရော ညီမဘယ်အတိုင်းအတာထိယုံကြည်တာလဲ။
လူတစ်ယောက်ရဲ့ ကံကြမ္မာကတော့ မွေးကတည်းက ပါလာပြီးသားပေါ့နော်။ ဘယ်နေ့ဘယ်အချိန်မှာ သေမယ်ဆိုတာလည်း လူတစ်ယောက်ရဲ့ကံကြမ္မာပဲပေါ့။ ညီမက ဗေဒင်တို့ ယတြာတို့ကို ၅၀-၅၀ တော့အယုံအကြည်ရှိတယ်။ ဒါပေမဲ့ ဗေဒင်တွေဘယ်လောက်ပဲယုံယုံ၊ ယတြာတွေဘယ်လောက်ပဲချေချေကိုယ့်အပေါ်လည်းမူတည်သေးတာကိုး။ ကိုယ်ကြိုးစားမှလည်းဖြစ်မှာဆိုတော့ ခုနကပြောသလို ၅၀-၅၀ တော့ ယုံကြည်မှုရှိပါတယ်။

ဆုသျှားထက်နဲ့ အနုပညာတွေ လုပ်ခဲ့ပေမဲ့ အောင်မြင်မှုမရခဲ့ဘူး။ စိတ်ဓာတ်တွေလည်း ကျခဲ့တယ်။ တကယ်လို့များ အဲဒီကတည်းက အနုပညာအလုပ်တွေဆက်မလုပ်ဖြစ်ခဲ့ရင် အခုအချိန်မှာ ဘာတွေလုပ်ဖြစ်နေမလဲ။
ကျောင်းတက်မယ်။ ညီမ ၀ါသနာပါတဲ့ Business Woman ပဲလုပ်ဖြစ်မယ်။ Business နဲ့သက်ဆိုင်တဲ့မေဂျာတွေကို နိုင်ငံခြားကျောင်းသွားတက်ဖြစ်မယ်။

ညီမအနေနဲ့ ဇာတ်ကားရိုက်ကူးဖို့ ရွေးချယ်တဲ့အခါ ဘာတွေအဓိကာထားရွေးချယ်ဖြစ်လဲ။
ကာရိုက်တာရွေးမယ်ဆိုရင် ကိုယ်နဲ့လိုက်ဖက်မယ်။ ပရိသတ်တွေလည်း လက်ခံမယ်။ ကိုယ့်အတွက် Minus မပြဘူးဆိုတဲ့ ကာရိုက်တာမျိုးဆိုရင်တော့ လက်ခံပြီးတော့ရိုက်တယ်ပေါ့။ အဓိကကတော့ အခုနောက်ပိုင်းတော့ ဇာတ်ကို သေချာရွေးပြီးတော့ ရိုက်ဖြစ်ပါတယ်။

ညီမအခုလက်ရှိရိုက်ကူးနေတဲ့ ပုံစံတွေနဲ့ Changes အများကြီးဖြစ်နေမယ့် ဇာတ်ကောင်စရိုက်တစ်ခုအတွက် ကမ်းလှမ်းခဲ့မယ်ဆိုရင်ရော။
Changes အများကြီးဖြစ်မယ်ဆိုတာ အမျိုးမျိုးရှိတယ်။ ညီမရုပ်ကို Cutie ရုပ်လေးလို့ပြောကြတယ်။ ကိုယ်က ရုပ်ဆိုးမကြီးနဲ့ ဘ၀အကြောင်း၊ ပညာပေးကားလား။ ဒါမှ မဟုတ်ရင် ကိုယ့်အတွက် Minus ဖြစ်ပြီးတော့၊ ပရိသတ်အတွက်လည်း ရင်ထဲမရောက်မယ့် ဘာမှမရမယ့်ကားမျိုးလားပေါ့။ အဲလိုမျိုးဆိုရင်တော့ ညီမအနေနဲ့ကိုယ့်အတွက်လည်း အကျိုးရှိမယ်။ ပရိသတ်အတွက်လည်း ကျန်မယ့်ကားမျိုးဆိုရင်တော့ ရိုက်ဖြစ်ပါမယ်။

 နိုင်ငံခြားဇာတ်ကားတစ်ကားကိုကြည့်ပြီးတော့ဖြစ်စေပေါ့။ ညီမကိုယ်တိုင်ကိုကသရုပ်ဆောင်ချင်စိတ်ဖြစ်နေတဲ့ ဇာတ်ကောင်စရိုက်ကောရှိလား။
ညီမက ဇာတ်ကားတော်တော်များများကြည့်တယ်။ အဓိကကတော့ သူတို့သရုပ်ဆောင်တာတွေလေ့လာတယ်။ ငါသူတို့လိုမျိုးသရုပ်ဆောင်ကောင်းချင်လိုက်တာလို့တော့ တွေးမိတယ်။ အဲလိုမျိုး ငါဒီကားမျိုး သရုပ်ဆောင်ချင်လိုက်တာလို့တော့ မတွေးမိဘူး။ အခုအချိန်မှာ အရိုက်ချင်ဆုံးကာရိုက်တာဆိုတာထက် ကိုယ့်ကိုကမ်းလှမ်းလာတဲ့ ကာရိုက်တာ၊ ကိုယ်လုပ်ကွက်ရမယ့် ကာရိုက်တာမျိုးကိုတော့ အကောင်းဆုံးကြိုးစားနေပါတယ်။

ညီမက ဒီသရုပ်ဆောင်တာအပြင် တခြားဘယ်လိုအနုပညာပုံစံတွေကို လုပ်ရတာဝါသနာပါလဲ။
အနုပညာတိုင်းကတော့ ခက်ခဲတယ်။ နက်နဲတယ်ပေါ့။ ညီမက စာဖတ်တာဝါသနာပါတယ်။ စာအုပ်ဖတ်တဲ့အခါမှာ စာတွေရေးချင်စိတ်ပေါက်တယ်။ သီချင်းနားထောင်တဲ့အချိန်မှာ သီချင်းဆိုချင်စိတ်ပေါက်တယ်။ ၀ါသနာပါတယ်ဆိုတာထက် ဒီအနုပညာတွေကို လေးစားမိပါတယ်။ စာဖတ်လို့ရှိရင် စာရေးသူတွေကို လေးစားတယ်။ သီချင်းနားထောင်လို့ရှိရင်လည်း ဒီလူတစ်ယောက်ကို ၀မ်းနည်းအောင်လုပ်နိုင်တယ်။ ပျော်အောင်လုပ်နိုင်တယ်။ ဒါကသူတို့ပညာရပ်တစ်ခုပေါ့နော်။ အဲဒီအတွက်လေးစားမိတယ်။ ဘယ်လိုပဲဖြစ်ဖြစ်။ အနုပညာအကုန်လုံးကို ညီမကြိုက်ပါတယ်။

ဘယ်လိုစာပေအမျိုးအစားကို ပိုကြိုက်လေ့ရှိလဲ။
စိတ်ဓာတ်ကျနေတဲ့အချိန်တွေမှာ စိတ်ဓာတ်မြှင့်တင်ပေးတဲ့သုတရသစာတွေကိုသဘောကျတယ်။ ဗဟုသုတရမယ့် စာအုပ်မျိုးတွေဖတ်ဖြစ်တယ်။

အကြိုက်ဆုံးစာရေးဆရာတစ်ယောက်လောက်ထုတ်ပြောပေးပါဆိုရင်။
ဆရာဖေမြင့်ကြိုက်တယ်။ အချစ်တွေဘာတွေကျ ဆရာမ လွန်းထားထားတို့၊ တခြားဆရာမတွေလည်း ကြိုက်တယ်။ အများဆုံးတော့ ဆရာဖေမြင့်စာအုပ်ဖတ်ဖြစ်တယ်။

ညီမရဲ့ အချစ်ရေးကိုရော ပရိသတ်ကို ဘယ်အတိုင်းအတာထိ အသိပေးနိုင်မလဲ။
အနုပညာလောကထဲမှာလည်း ခြေလှမ်းက အခုမှအစပဲရှိသေးတဲ့အတွက် အချစ်ရေးက အေးဆေးပါပဲ။ ထူးခြားဖို့လည်း အဝေးကြီးလိုပါသေးတယ်။

အောင်လင်းသစ်

PHOTOGRAPHED BY AUNG ZAW (LOVE SPACE)/ RETOUCHED BY NYI NYI HLA BAW (LOVE SPACE)/ STYLING BY AUNG LAY/ HAIR & MAKEUP: MAY OO/ OUTFITS: TIMBERLAND, JOHN HENRY, MDS, QUEEN COLLECTION/ SHOES; CHARLES & KEITH



Share this article

TOP 5 ARTICLES


Film & Music   |   Posted on Aug 19, 2017

(1950) ကဖက်ရှင်တွေကို Mil...


Sex & Relationships   |   Posted on Aug 18, 2017

ex ကို ပြန်လက်မခံသင့်တော့...


makeup   |   Posted on Aug 18, 2017

Highlighter တွေအကြောင်း သ...


Celebrity News   |   Posted on Aug 18, 2017

St. Tropez မှာ အားလပ်ရက်က...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.