Opinions   |   Posted on Apr 5, 2019 by May Shoon

EDM Music Festival တွေမှာ ဘယ်လို ဓာတ်ပုံ အမိုက်စားတွေ ရိုက်ကြမလဲ


Bass Kingdom သွားမယ့်သူတွေ ဒီ Festival Tips လေးတွေကိုတော့သိထားဖို့လိုမယ်နော်

Share this article

အခုလာမယ့် Sunday မှာကျင်းပတော့မယ့် Bass Kingdom ပွဲကြီးအတွက် အားလုံးရင်ခုန်နေကြမယ်ထင်ပါတယ်။  အကြမ်းစား Headliner တွေအများကြီးပါဝင်တဲ့ပွဲမို့ လက်လွတ်လို့ တော့မဖြစ်ဘူးနော်။ ဒီတော့ သွားမယ့်လူတွေလည်း အခုတည်းက လိုအပ်တာတွေပြင်ဆင်ပြီး အပီကဲဖို့ အားပြင်ထားတော့နော်။ ဒီ Bass Kingdom ပွဲကြီးမှာ သူငယ်ချင်းတွေနဲ့၊ ချစ်သူနဲ့ အမိုက်စား ဓာတ်ပုံ တွေရိုက်ခဲ့ဖို့ မမေ့နဲ့နော်။ ပွဲမှာ ဘယ်လို ဓာတ်ပုံလေးတွေရိုက်ရမလဲဆိုတာ စဉ်းစားရခက်နေတဲ့သူတွေ အတွက် Festival Inspire Idea လေးတွေကိုလည်းဖော်ပြပေးလိုက်ပါတယ်နော်။

ပြီးတော့ Music Festival တွေမှာ လိုက်နာသင့်တဲ့ Tips လေးတွေကိုလည်း ဝေမျှပေးလိုက်တယ်နော်။ အားလုံး ပျော်ပျော်ပါးပါး Bass Kingdom Music Festival ကြီးမှာ တွေ့ ကြမယ်နော်။

၁။ ပွဲကိုစောစောသွားပါ။ နောက်ကျသွားရင် ကား Park အတွက်လည်းနေရာမရှိဖြစ်နိုင်သလို Ticket ကောင်တာမှာလည်း အကြာကြီးတန်းစီရနိုင်တယ်။

၂။ ရေများများသောက်ထားပါ။ Rave လို့ ချွေး တွေအများကြီးထွက်တဲ့အခါ ရေဓာတ်ကုန်ခမ်းစေပါတယ်။

၃။ ပွဲက ညဘက်မှာလုပ်တာဆိုပေမယ့် Sunscreen တော့လိမ်းသွားသင့်ပါတယ်။ ကိုယ်နဲ့လိုက်ဖက်တဲ့ Sunglasses တစ်လက် ယူသွားဖို့လည်း မမေ့နဲ့နော်။

၎။ ဖုန်း Powerbank တွေကိုလည်းယူလာဖို့ မမေ့နဲ့နော်။ ဖုန်းအားကုန်ဖို့က သေချာသလောက်ပဲလေ။

၅။ ကွင်းထဲကို လာတဲ့ အခါ Fanny Pack or Belt Bag လိုအိတ်သေးသေးလေးတွေကိုပဲ လွယ်ဖို့ အကြံပြုချင်ပါတယ်။

၆။ ရာသီဥတုကလည်း အရမ်းပူတာမို့ ချွေးစုပ်ပြီးပေါ့ပါးတဲ့ အ၀တ်အစားနဲ့ ဖိနပ်ကိုပဲ ၀တ်ဆင်လာခဲ့ပါ။

၇။ ဆံပင်ရှည်တဲ့မိန်းကလေးတွေဆိုရင် ခေါင်းစည်းကြိုး ( Hairbands) လေးတွေလက်ကောက်ဝတ်မှာ စွပ်ထားပါ။ အရမ်းပူလာရင် စည်းထားလို့ရအောင်ပါ။

Editor: May Shoon



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.