Interiors   |   Posted on Oct 12, 2016 by Elijah htang

ရေအောက်ကမ္ဘာ အိမ်ဂေဟာ


အပန်းဖြေသူတွေအတွက် ထူးဆန်းတဲ့ရေပေါ်ရေအောက် အိမ်ယာဖန်တီးမူတွေကတော့အံ့မခန်းပါဘဲ ။

Share this article

ရေအောက်ကမ္ဘာမှာ နေထိုင်ဖို့ဆိုတာက စိတ်ကူးယဉ်အိပ်မက်တစ်ခုမဟုတ်တော့ပါဘူး။ ထူးဆန်းတဲ့ ရေပေါ်ရေအောက်နှင့် ဖန်တီးမူတွေကတော့ တကယ့်အံ့မခန်းပါဘဲ
ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာတွေက သင့်ကို ရေအောက်ကမ္ဘာမှာ အိမ်အသစ်လေးတစ်လုံးလောက်ကို ဖန်တီးပေးနိုင်ပါပြီ။ သက်ရှိလောကရဲ့  ထူးခြားတဲ့လျှို့ဝှက်အလှအပတွေကို နေ့စဉ်ရှုမြင်ပြီး  ရေအောက်ကမ္ဘာရဲ့ ရာသီသဘာဝတွေနဲ့ အပန်းဖြေနိုင်သူတွေအတွက် ထူးဆန်းတဲ့ ရေပေါ်ရေအောက် အိမ်ယာတွေကို တင်ပြပေးလိုက်ပါတယ်။  အခုဖော်ပြလိုက်တဲ့ အိမ်ပုံစံလေးတွေကတော့ နာရီပေါင်း ၅၀ဝ၀ လေ့လာပြီး နာရီပေါင်း ၁၃၀ဝ၀ ကျော်ကြာ ဒီဇိုင်းရေးဆွဲဖန်တီးထားတဲ့ Kleindienst Group က ရေအောက်အိမ်ဒီဇိုင်းလေးတွေပဲဖြစ်ပါတယ်။

Model 1
အခုပုံဖော်ပြပါ ဩိနူ နံပါတ်ကတော့ မနှစ်က တင်ပြရောင်းချပေးလိုက်တဲ့ ရေအောက်အိမ်ယာပဲဖြစ်ပါတယ်။ Kleindienst Group အနေနဲ့ ၂၀၁၅ ခုနစ်မှာ ရေအောက်အိမ်ပေါင်း ၆၀ ခုကို ၂၀၁၅ ခုနစ်မှာ ရောင်းချပေးပြီးဖြစ်ပြီး  ၂၀၁၆ ခုနစ်မှာလည်း ထပ်မံရောင်းချပေးဖို့ရာအတွက် စီစဉ်ဆောင်ရွက်ထားပါတယ်။ အိမ်ရဲ့ရေအောက်ကို မြုပ်နေတဲ့အပိုင်းမှာ လည်း နှစ်ယောက်အိပ်အိပ်ခန်းတစ်ခုနဲ့ ရေချိုခန်းတွေလည်း ပါရှိပါတယ်။ အကျယ်အဝန်းအားဖြင့်တော့ စတုရန်းပေပေါင်း ၂၇၀ ရှိပါတယ်။ ရေအောက်အိမ်ရဲ့ အပြင်ဘက်နံရံမှာတော့ အကျယ်အဝန်းစတုရန်းပေပေါင်း ၅၀ဝ ရှိတဲ့ သန္တာကျောက်တန်းဥယျာဉ်တစ်ခုလည်းထည့်သွင်းတည်ဆောက်ထားပါတယ်။

ရေပြင်ပေါ်မှာရှိတဲ့ အိမ်ရဲ့အပြင်အဆင်
ရေပေါ်မှာ မျောနေတဲ့  အိမ်ပေါ်မှာ ရေမျောတဲ့ အရသာကို အပြည့်အဝခံစားနိုင်စေဖို့အတွက် လဲလျောင်းကြည့်ရှုနိုင်တဲ့ အပန်းဖြေနေရာလည်းပါရှိပါတယ်။ တကယ်လို့ သင့်အနေနဲ့ ရေဆင်းကူးချင်တယ်ဆိုရင်လည်း အလွယ်တကူ ဆင်းနိုင်တက်နိုင်တဲ့ လှေကားလည်းပါရှိပါတယ်။ ဒါမှမဟုတ်လည်း ရေထဲကို တိုက်ရိုက် ဒိုင်ဗင်ထိုးချနိုင်ပါတယ်။ တည်နေရာက ဒူဘိုင်းကမ်းခြေနဲ့ မိုင်ပေါင်း ၂ မိုင်ခွဲအကွာမှာ တည်ရှိတဲ့အတွက် ကမ်းခြေကို မော်တော်ဘုတ်နဲ့လည်း အလွယ်တကူ သွားလာဖို့အတွက်ကလည်း အထူးအဆင်ပြေစေပါတယ်။

ပေါ့ပါးလွတ်လပ်စွာ အပန်းဖြေနိုင်ပါတယ်
Kleindienst အနေနဲ့  အဆိုပါ အိမ်တွေကို ရေအန္တရာယ်ကင်းဝေးတဲ့ နေရာဒေသမှာ ရေအောက်အိမ်တွေကို ဖန်တီးထားတဲ့အတွက် လာရောက်အပန်းဖြေနေထိုင်ကြတဲ့ သူတွေအနေနဲ့ အကောင်းဆုံး စိတ်လက်ပေါ့ပါးစွာနဲ့ အပန်းဖြေအနားယူနိုင်မှာဖြစ်ပါတယ်။ အထူးအခြား အပန်းဖြေနိုင်တဲ့ နေရာတစ်ခုအနေနဲ့ကတော့  အထူးသတ်မှတ်ထားတဲ့ နေရာမှာ သန္တာကျောက်တန်းအတုတွေကို ဖန်တီးပေးထားပြီး သဘာဝအလှတွေကို ခမ်းနားစွာ လေ့လာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ရေကန်ထဲသို့မရောက်ခင် ကြိုတင်စမ်းသပ်စစ်ဆေးထားခြင်း
အောက်တိုဘာလအတွင်းမှာ ရောင်းချမယ့် ရေအောက်အိမ်တွေကို လုံခြုံစိတ်ချခိုင်ခံ့မှုနဲ့ ဘေးကင်းမှုရှိစေရန်အတွက်  အထူးစမ်းသပ်စစ်ဆေးပြီးမှ ရေထဲကို ချပြီး လူတွေကို နေထိုင်ခွင့်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပင်လယ်ရေငံဝင်ရောက်ခြင်း၊ ပင်လယ်ရာသီဥတုဒဏ်များနဲ့ အခြားဘေးအန္တရာယ်များကိုလည်း ကာကွယ်တားဆီးနိုင်မှာဖြစ်ပါတယ်။ အဆိုပါ ပင်လယ်တွင်း လူနေအိမ်ခန်းလေးတွေ ဝယ်လိုအားမြင့်မားလာတဲ့အတွက်ကြောင့် ဒုတိယခြေလှမ်းအနေနဲ့ St.petersberg ကျွန်းစုမှ ပင်လယ်တွင်းအိမ်တွေကို ထပ်မံဖန်တီးသွားမှာဖြစ်ပါတယ်။

ပင်လယ်ရေအောက်တွင်း မြင်ကွင်းအလှကို ကောင်းမွန်စွာ မြင်တွေ့နိုင်ခြင်း
ပင်လယ်ရေအောက်တွင်း မြင်ကွင်းအလှကိုမြင်တွေ့နိုင်တာက ရေငုပ်သင်္ဘောနဲ့ကြည့်ခြင်းနဲ့ ရေငုပ်ကြည့်ခြင်းတို့ပဲရှိတယ်လို့ မမှတ်လိုက်ပါနဲ့ဦး။ အေးအေးဆေးဆေးထိုင်နေပြီး ပင်လယ်ရေအောက် သဘာဝအလှကို ကိုယ့်အိမ်တွင်းမှာ နေသလို နေထိုင်ပြီး ဘယ်အချိန်ကြည့်ကြည့်  ရေအောက်ကမ္ဘာကို မြင်ရမယ့်မြင်ကွင်းတွေကို အကောင်းဆုံး ရှုစားရမှာ အခုလို ရေအောက်အိမ်ဂေဟာလေးတွေပါ။ အိမ်မက်ထဲမှာ စိတ်ကူးယဉ်ကမ္ဘာထဲမှာ မြင်ခဲ့ဖူးတဲ့ အဏ္ဏဝါအလှကမ္ဘာကိုရှုစားကြည့်နိုင်ဖို့အတွက် အကောင်းဆုံး နေရာဒေသပဲလို့ ပြောချင်ပါတယ်။

 



Share this article

TOP 5 ARTICLES


makeup   |   Posted on Feb 20, 2017

Fifty Shades Darkerထဲက An...


makeup   |   Posted on Feb 19, 2017

New York Fashion Week ရဲ့...


makeup   |   Posted on Feb 18, 2017

Beauty and the Beast ဇာတ်...


trend report   |   Posted on Feb 17, 2017

နယူးယောက်ခ် Hip Hop ယဉ်ကေ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.