Health & Fitness   |   Posted on Nov 18, 2016 by kiki

ခြေထောက်ကွဲတာကိုဘယ်လိုကုသကြမလဲ


သင့်အနားမှာ အလွယ်ရနိုင်တဲ့ ပစ္စည်းများနဲ့ ဒီပြသနာကို လွယ်လွယ်လေးဖြေရှင်းလိုက်နိုင်ပါတယ်

Share this article

ခြေထောက်ကွဲတာဟာအသက်မရွေးမှာဖြစ်လေ့ဖြစ်ထရှိတာတစ်မျိုးပါ။အရမ်းကြပ်လွန်းတဲ့ဖိနပ်တွေစီးတာ၊ဒေါက်ဖိနပ်တွေစီးတာ၊ခြေထောက်အစိုဓာတ်နည်းတာတွေကနေဖြစ်တတ်ပါတယ်။ဒါ့အပြင်ရာသီဥတုအေးတာ၊အလေးချိန်လွန်ကဲတာ၊မတ်တပ်အကြာကြီးရပ်တာတွေကနေလည်း ဖြစ်လေ့ရှိပါတယ်။

ခြေထောက်ကွဲတာတွေကိုသေချာဂရုမစိုက်ဘဲထားမယ်ဆိုရင်ခြေထောက်အဖတ်လန်တာ၊အနံ့ဆိုးနဲ့ခြေဆီ အလွန်အကျွံထွက်လာတာတွေပါ ဖြစ်နိုင်ပါတယ်။

ခြေထောက်ကွဲတာကို ကုသနိုင်ဖို့ နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

၁-Scrubလုပ်ပါ။

ညအိပ်ခါနီးရေနွေးနွေးလေးထဲမှာဆပ်ပြာရည်လေးထည့်ပြီးစိမ်ပါ။ခြေထောက်တိုက်တဲ့ဘရှပ်ရ်လေးနဲ့ ပွတ်တိုက်ပေးပါ။ခြေထောက်ကို လိုးရှင်း ဒါမှမဟုတ် အဆီတစ်ခုခုလိမ်းပါ။

၂-အုန်းဆီကိုအသုံးပြုပါ

ညအိပ်ခါနီးရေနွေးနွေးလေးထဲမှာဆပ်ပြာရည်လေးထည့်ပြီးစိမ်ပါ။ခြေထောက်တိုက်တဲ့ဘရှပ်ရ်လေးနဲ့ ပွတ်တိုက်ပေးပါ။ရေဆေးပြီးခြောက်သွားတဲ့အခါ အုန်းဆီကိုခြေထောက်အနှံ့လိုက်လိမ်းပေးပါ။သန့်ရှင်းခြောက်သွေ့တဲ့ ခြေအိတ်ကိုဝတ်အိပ်ပါ။

မနက်ရောက်မှရေဆေးချပါ။ဒီနည်းလမ်းလေးကိုသက်သာသွားတဲ့အထိ ဆက်တိုက်လုပ်လို့ပါတယ်။

၃-အလှဆီ

ဂလစ်စရင်းဟာ အသားအရေခြောက်တာ၊ဖနောင့်အက်တာတွေအတွက်အကောင်းဆုံးတစ်ခုလည်းဖြစ်ပါတယ်။

ဂလစ်စရင်းနဲ့သံပုရာရည်ကိုဆတူရောပြီးမွှေပါ။ပိုပြီးကောင်းမွန်ချင်ရင်တော့RoseWaterကိုပါ ထည့်သွင်းနိုင်ပါတယ်။မွှေထားတဲ့အဆီကိုခြေထောက်မှာလိမ်းပြီးမိနစ် ၂၀လောက်ထားပါ။

ပြီးမှရေဆေးပါ။ဒီနည်းလမ်းကို ၂ပတ်လောက်ဆက်တိုက်လုပ်သွားရင်သိသာတဲ့ရလဒ်ကို ခံစားရမှာပါ။

ကဲဘာမှမခက်ခဲတဲ့ဒီနည်းလမ်းလေးတွေကိုကြည့်ပြီးခြေထောက်ကွဲတာ၊အသားမာတက်တာတွေကို ဖြေရှင်းကြည့်လိုက်ပါဦးနော်။

 

 Ref;www.top1ohomeremedies.com

Su Yi Htet

 

 



Share this article

TOP 5 ARTICLES


Fashion News   |   Posted on Oct 17, 2017

Sneakers တွေကိုအရူးအမူးနှ...


Fashion News   |   Posted on Oct 17, 2017

Tapestery နာမည်နဲ့ တစ်ကျေ...


Art & Books   |   Posted on Oct 17, 2017

အထီးကျန်ချိန်တွေအတွက် To...


Film & Music   |   Posted on Oct 17, 2017

Sia ရဲ့ ထူးခြားဆန်းသစ်မှုန...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.