Parties & Events   |   Posted on Jul 2, 2018 by Soe Soe Aung

ဖွေးဖွေးကို Surprise လုပ်ပြီးကြိုဆိုခဲ့တဲ့ 119 ရဲ့ဆိုင်ဖွင့်ပွဲ


Shirtless Model Boy တွေကြောင့် အရမ်းအံ့သြပြီး Surprise ဖြစ်ရပါတယ်ဆိုတဲ့ ဖွေးဖွေး

Share this article

ဖွေးဒီနေ့ 119 ရဲ့ နောက်ထပ်အသစ်ဖွင့်တဲ့ဆိုင်ဖွင့်ပွဲလေးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးဖို့တက်ရောက်ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ဖွေးကို အခုလိုမျိုး Shirtless Model Boy တွေနဲ့ကြိုဆိုလိမ့်မယ်လို့တော့ မထင်ထားပါဘူး၊ အရမ်းကို Surprise ဖြစ်မိသွားပါတယ်။ ဒါမိန်းကလေးတိုင်းလည်းဖြစ်မှာပါ၊ အရမ်းအံ့သြမိသွားတယ်၊ တစ်ခါမှလည်း အဲ့လိုကြိုတဲ့ပုံစံမျိုး မကြုံဖူးဘူးဆိုတော့လေ၊119 မှာက ဈေးသက်သက်သာသာနဲ့ ကိုယ်လိုချင်တဲ့ brand မျိုးစုံကို ရနိုင်မှာပါ။

ဒီ 119 မှာက နိုင်ငံခြားဖြစ်ကော၊ ပြည်တွင်းဖြစ်ပါ အစုံရှိပြီး ဈေးတွေကလည်း အရမ်းမကြီးဘူး၊ ကိုယ်လိုချင်တဲ့ ပစ္စည်းကို ဈေးချိုချိုနဲ့ Quality ကောင်းကောင်းရတယ်ဆိုကတည်းက တစ်ကယ်ဈေးဝယ်လို့ကောင်းတဲ့ ဆိုင်တစ်ခုလို့ဖွေးထင်ပါတယ်။ ဖွေးတစ်ခုဖြစ်စေချင်တာက ပြည်တွင်းဖြစ်ကိုအားပေးစေချင်တယ်။ ဒီနေ့ဝတ်လာတဲ့ Fashion ကတော့ ဖွေးကို 119 ရဲ့ အရောင်လေး ၀တ်ဖို့ပြောတာနဲ့ ထုံးစံအတိုင်း ဖွေးက Dress အကြီးကြီးတွေဝတ်ရတာကြိုက်တော့လေ၊ ထမိန်လည်းနိုင်တယ်၊ ပုဝါလည်းနိုင်တယ်ဆိုတော့ အခုလို Dress မျိုးတွေကိုဝတ်ဖြစ်တာပါ။ ပွဲတက်တိုင်းလိုလို ပွဲတစ်ပွဲနဲ့တစ်ပွဲမတူအောင် Fashion ကိုလည်းအမြဲစဉ်းစားဖြစ်ပါတယ်။

ကိုယ်တက်ရမယ့်ပွဲရဲ့ အခြေအနေနဲ့ ကိုယ့်ကိုယ် ကမ်းလှမ်းတဲ့ Brand ကိုကြည့်ပြီး Fashion ကိုစဉ်းစားပါတယ်။ အဓိက ကတော့ ပရိသတ်ကကြည့်လိုက်ရင်လည်း ကိုယ့်ရဲ့ဖက်ရှင်က ပျင်းစရာမကောင်းအောင်လို့ဝတ်ဖြစ်ပါတယ် လို့ ဖွေးဖွေးက ဖြေကြားပေးသွားခဲ့ပါတယ်။ 119 ရဲ့ ၁၂ဆိုင်မြောက်ဆိုင်ခွဲသစ်ကို ဇူလိုင်လ၊ ၁ရက်နေ့က၊ ရန်ကုန်မြို့၊ အင်းစိန်လမ်း၊ ဘူတာရုံမှတ်တိုင်အနီးတွင် ထပ်မံဖွင့်လှစ်ခဲ့ပြီး ဆိုင်ခွဲသစ်ထပ်မံဖွင့်လှစ်ခြင်းအထိမ်းအမှတ်အနေနဲ့ ဖွေးဖွေးကို ခုလို Surprise လုပ်ပြီးကြိုဆိုခဲ့တာကလည်း ဖွေးဖွေးကော ပရိသတ်တွေကောနဲ့ ဆိုင်မှာလာအားပေးကြတဲ့ Customer တွေအားလုံးကိုလည်း Surprise လေးတစ်ခုလုပ်ပေးချင်တဲ့သဘောနဲ့ လုပ်ဖြစ်ခဲ့တာပါ။ ဆိုင်ဖွင့်ပွဲမှာတော့ ပထမဆုံး လာရောက်ဝယ်ယူတဲ့ Customer အရောက် ၃၀ ကို Lucky Draw တွေ၊ အထူး Promotion အစီအစဉ်တွေလုပ်ပေးထားပါတယ်။

ကျွန်တော်တို့ 119 မှာဈေးလာဝယ်ကြည့်ပါ။ အထူးဈေးနှုန်းချိုသာပြီး၊ Customer စိတ်တိုင်းကျစေမယ့် ပစ္စည်းတွေလည်း အစုံအလင်ရရှိနိုင်မှာဖြစ်တာကြောင့် ဈေးဝယ်ရင်းစိတ်ချမ်းသာ ပျော်ရွှင်ရမယ်လို့အာမခံပါတယ်။ ကျွန်တော်တို့ဆိုင်မှာတော့ ဘန်ကောက်နဲ့ ကွမ်ကျိုးက ပစ္စည်းတွေများပါတယ်။ Latest ပစ္စည်းတွေကို အထူးဈေးနှုန်းချိုသာစွာနဲ့ရောင်းချပေးပြီး လူတန်းစားမရွေး ၀ယ်ယူနိုင်အောင်ပြုလုပ်ပေးထားကြောင်း 119 ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုဝင်းကျော်ထိုက်က ဖြေကြားပေးခဲ့ပါတယ်။

EDITOR: SOE SOE AUNG



Share this article

TOP 5 ARTICLES


Parties & Events   |   Posted on Dec 13, 2019

Garden Party ပုံစံနဲ့ ကငြ...



အလန်းစား Beach Fashion တွ...


Celebrity Style   |   Posted on Dec 12, 2019

အပြုံးချိုချိုနဲ့ ဖမ်းစား...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.