Cover Stories   |   Posted on Jul 13, 2017 by Tun Lin

ချွဲနွဲ့တတ်တဲ့ မိန်းကလေးတစ်ယောက်မဟုတ်တဲ့ ပိုင်ဖြိုးသု


စဖွင့်တဲ့ Scene ကလည်း ကိုပြေတီဦးကို ချွဲပြီးပြောရတဲ့ Scene ဆိုတော့ အဲဒီ Scene ကို ဆယ်ခေါက် လောက်ပြန်ရိုက်ရတယ်။ တော်တော်လေးလည်း ပင်ပန်းတယ်။

Share this article

MODA မဂ္ဂဇင်း ၅ နှစ်ပြည့်အထူးထုတ်ရဲ့ ကာဗာစတားတစ်ယောက်အဖြစ်ပါဝင်ဖြစ်ခဲ့တဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုရဲ့ အင်တာဗျူးကို MODA ရဲ့ Digital version ကိုစဉ်ဆက်မပြတ်စောင့်မျှော်အားပေးနေကြတဲ့ စာဖတ်ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်။

အခုနောက်ပိုင်းမှာ ပိုင်ဖြိုးသုရဲ့ အနုပညာအလုပ်တွေ အရမ်းစိပ်လာတာတွေ့ရတယ်နော်။ ဒီလို အနုပညာအလုပ်တွေ အများကြီးလုပ်ခွင့်ရလာတာ ဘယ်အရာက အဓိကကျခဲ့တာလဲ။
ညီမ အဓိက ကျောင်းပြီးသွားတာဖြစ်မယ်။ အရင်တုန်းကကျတော့ ကျောင်းတက်နေရတာနဲ့ချိန်နေရတော့ အနုပညာအလုပ်တွေကို အချိန်ပြည့်မလုပ်နိုင်ဘူး။ ပြီးတော့ ကားရိုက်တချို့ ကိုလည်း ကျောင်းချိန်နဲ့ညှိမရတော့ လက်လွှတ်လိုက်ရတာတွေရှိခဲ့တယ်။ အရင်ကတည်းကတော့ အနုပညာအလုပ်တွေ နည်းနည်းချင်းစီလုပ်နေတယ်၊ ပြီးတော့ ဒီကြားထဲမှာ လုပ်ပိုင်ခွင့်နေရာအခွင့်အရေးတွေလည်းရလာတဲ့အခါကျတော့ အဲဒီအချိန်နဲ့ ကျောင်းပြီးသွားတာနဲ့ကွက်တိလိုဖြစ်သွားပြီး အခုအနုပညာအလုပ်တွေ ပိုစိပ်လာတာပါ။

ဗီဒီယိုနဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးရေးအခြေအနေကရော Balance ဘယ်လိုရှိလဲ။
ညီမက ဗီဒီယိုကော၊ ကားကြီးကော မျှတယ်လို့ပြောရပါမယ်။ ဒီလဆိုရင် ဗီဒီယိုများတယ်။ ရှေ့လထဲကျရင်တော့ ကားကြီးတွေပဲပြန်ဖြစ်သွားပြီ။ အဲဒီလိုပဲ ကားကြီးတစ်လှည့်၊ ဗီဒီယိုတစ်လှည့်ရိုက်နေရပါတယ်။ ရိုက်ရတဲ့ ကားတွေကလည်း နေရာရသလို ဗီဒီယိုနဲ့ကားကြီးကိုလည်း ညီမအနေနဲ့ မျှမျှတတလုပ်နေရပါတယ်။

ရုံတင်လာဖို့ရှိတဲ့ ဇာတ်ကားတွေထဲမှာ ပရိသတ်ကို ပြောပြချင်တဲ့ ဇာတ်ကားတွေရောရှိလား။
ညီမရဲ့ ဇာတ်ကားတွေရုံတင်လာဖို့ရှိပါတယ်။  ဒါပေမယ့် အခုလို စိတ်ထဲကအားရတာတွေပြောပြပါဆိုရင် “ပန်းဒေါင်း” ရှိပါမယ်။ နောက်တစ်ကားက “ကြယ်”ပါ။ တခြား ရုပ်ရှင်ကား တွေလည်းရှိပါတယ်။ ဒါပေမဲ့ ကျန်တဲ့ကားတွေက Actor တွေအများကြီးထဲမှာ ကာရိုက်တာတစ်ခုလုပ်ရတာပေါ့နော်။ ဒီနှစ်ကားမှာကျတော့ Main Charactor လုပ်ခွင့်ရတယ်။ ဒီနှစ်ကားအတွက် ပရိသတ်ဆီက အသံတွေတော့ ပိုမျှော်လင့်ပါတယ်။


လက်ရှိမှာ အိုက်တင်ပိုင်းမှာဖြစ်စေပေါ့၊ ရိုက်ကွင်းထဲမှာ အခက်အခဲကြုံနေရတာဘာရှိလဲ။

အိုက်တင်တချို့ အခက်အခဲဖြစ်နေပါတယ်။ ချွဲချွဲနွဲ့ နွဲ့ ပြောရတာတို့ကို ညီမသိပ်မလုပ်တတ်သေးဘူး။ အဲဒီအိုက်တင်တွေလုပ်ရတာလည်း စိတ်ထဲမှာ သက်တောင့်သက်သာ မဖြစ်ဘူး။

ဒါဆို နေ၀င်အိပ်တန်းတက်မှာ အမှတ်တရတွေ တော်တော်များများရှိခဲ့မှာပေါ့။
ဟုတ်ကဲ့။ နေ၀င်အိပ်တန်းတက်ကတော့ အခုလက်ရှိအတွေ့အကြုံအရ လုပ်ဖူးသမျှကာရိုက်တာထဲမှာ အခက်ဆုံးကာရိုက်တာတစ်ခုလို့ပြောလို့ရတယ်။ ပထမစရိုက်တဲ့နေ့က ပထမ Scene မှာတုန်းကဆိုရင် ကာရိုက်တာစရိုက်ကို Mood မ၀င်ဘူးဖြစ်နေတာ။ စဖွင့်တဲ့ Scene ကလည်း ကိုပြေတီဦးကို ချွဲပြီးပြောရတဲ့ Scene ဆိုတော့ အဲဒီ Scene ကို ဆယ်ခေါက် လောက်ပြန်ရိုက်ရတယ်။ တော်တော်လေးလည်း ပင်ပန်းတယ်။

ဇာတ်ကားလက်ခံတဲ့အပိုင်းမှာရော ညီမအနေနဲ့ ဘယ်လိုတွေလက်ခံဖြစ်လဲ။
ညီမအနုပညာလောကမှာ အတွေ့အကြုံတွေလည်းနည်းသေးတယ်၊ လုပ်သက်လည်းနုသေးတော့ လုပ်စရာကာရိုက်တာက အများကြီးကျန်သေးတာပေါ့နော်။ ဇာတ်ကားလက်ခံ တာကတော့ အဲဒီဇာတ်ကားမှာ ကိုယ်လုပ်ပိုင်ခွင့် ဘယ်လောက်ရမလဲ၊ ကိုယ်ကြိုးစားခွင့် ဘယ်လောက်ရမလဲဆိုတဲ့အပေါ်မှာလည်း မူတည်ပြီးတော့ ရွေးချယ်ဖြစ်ပါတယ်။ လက်ခံ ထားတဲ့ ဇာတ်ကားတွေနဲ့ ရိုက်ရက် မငြိဘူးဆိုလို့ရှိရင် သိပ်တော့မငြင်းဖြစ်ပါဘူး။

ကိုယ်တိုင်ကရော ဘယ်လိုကာရိုက်တာမျိုးကို လုပ်ရတာ အားသာလေ့ရှိလဲ။ ဘယ်လိုကာရိုက်တာမျိုးကို လုပ်ချင်စိတ်ပြင်းပြလဲ။
ဘယ်ကာရိုက်တာရယ်လို့တော့စိတ်ထဲမှာ မရှိပါဘူး။ မလုပ်ဖူးသေးတဲ့ကာရိုက်တာတွေကိုတော့ တတ်နိုင်သလောက် စုံအောင်လုပ်ကြည့်ချင်တယ်။

ကိုယ်သရုပ်ဆောင်ထားတဲ့ ကာရိုက်တာတွေကိုပြန်ကြည့်တဲ့အခါ အားနည်းချက်အနေနဲ့ ဘယ်အရာတွေကို  ပိုတွေ့ရလဲ။
အားနည်းချက်က တစ်သမတ်တည်းတော့မရှိပါဘူး။ ကားတစ်ကားစီမှာက ကိုယ့်ကိုယ်ကို မကြိုက်တဲ့အချက်တွေ အမြဲတော့တွေ့တယ်။ ကားတစ်ကားနဲ့တစ်ကားက မတူဘူးပေါ့။ ကားတစ်ကားစီထွက်တိုင်းမှာ ကိုယ့်ကိုယ်ကို အပြစ်လည်းရှာရတယ်။ ဒီနေရာမှာ ဒီလိုလေးလုပ်လိုက်ရရင် ကောင်းမယ်ဆိုတာမျိုးတော့ စဉ်းစားမိတာရှိတယ်။ ကိုယ့်ဟာကိုယ်ကြည့် ပြီးတော့ ကိုယ်ဘာသာပြန်ဝေဖန်တယ်။ နောက်တစ်ကားကျရင် တတ်နိုင်သလောက်မမှားအောင်ပြန်ထိန်းတယ်။ တတ်နိုင်သလောက် အမှားနည်းအောင်နဲ့ Perfect ဖြစ်အောင်ညီမ ကြိုးစားပါတယ်။

မြန်မာမင်းသား၊ မင်းသမီးတွေရဲ့ ဇာတ်ကားတွေမှာ ၀တ်ဆင်တဲ့အ၀တ်အစား၊ လိမ်းခြယ်တဲ့မိတ်ကပ်နဲ့ပတ်သက်ပြီးတော့လည်း ဝေဖန်မှုတွေရှိနေတော့ ပိုင်ဖြိုးသုအနေနဲ့ကော ဘယ်လိုပြင်ဆင်ဖြစ်လဲ။
ကိုယ်ရထားတဲ့ ကာရိုက်တာအပေါ်မူတည်ပြီး အ၀တ်အစားနဲ့ မိတ်ကပ်ကို စီစဉ်လေ့ရှိပါတယ်။ ကိုယ်က ပန်းသည်၊ မီးပွိုင့်တွေမှာ စံပယ်ပန်းရောင်းရတဲ့ ကောင်မလေး လုပ်ရမယ်ဆိုရင် အဲလိုကာရိုက်တာမျိုးကို ညီမလုံးဝမိတ်ကပ်မလိမ်းဘူး။ ဖောင်ဒေးရှင်းတောင်မခံဘဲနဲ့ သနပ်ခါးတော့လိမ်းတယ်၊ သနပ်ခါးပါးကွက်ကျားနဲ့ရိုက်တယ်။ အ၀တ်အစား ကိုလည်း အိမ်မှာရှိတဲ့ အင်္ကျီ အဟောင်းကို၊ သိပ်မဟောင်းသေးရင်လည်း  မွဲသွားအောင်လို့အရောင်ချွတ်လိုက်တယ်။ အဲလိုမျိုးတော့ပြင်ဆင်ပါတယ်။ ရူးရမယ်ဆိုရင်လည်း ဘယ်လို ရူးရမလဲဆိုတာအပေါ်မူတည်ပြီး ပြင်ဆင်တယ်။ အဓိက ဒါရိုက်တာရဲ့  Guidance နဲ့ တိုင်ပင်ပြီးတော့ လုပ်ဖြစ်တာလည်းများပါတယ်။

ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကြောင့် အားတက်ခဲ့ရတာ၊ စိတ်ဓာတ်ကျခဲ့ရတာတွေရော ရှိဖူးလား။
ရှိပါတယ်။ အများကြီးပါပဲ။ ပရိသတ်တွေပေးတဲ့ အားတွေလည်း အများကြီးပါ။ ဒါပေမယ့် တစ်ခါတစ်လေကျရင်လည်း စိတ်ဓာတ်ခဲ့ရတာတွေရှိတယ်။ အထူးသဖြင့် ကိုယ်သရုပ်ဆောင် တာ ညံ့တာတို့ ဘာတို့ ပြောတဲ့အခါမျိုးဆိုရင်  အဲဒါတွေက ကိုယ်ပြင်လို့ရပါတယ်။ ကြိုးစားလို့ရတယ်။ တချို့ကကျတော့ Looks နဲ့ပတ်သက်ပြီးတော့ပြောတာရှိတယ်။ မင်းသမီးရုပ်မရှိဘူးတို့၊ ရုပ်ဆိုးတယ်တို့၊ အဲဒါကျတော့လည်း ကိုယ်က ဒီပုံစံဖြစ်နေတာဆိုတော့ ဘာမှလုပ်လို့မရဘူးလေ။ မွေးလာတဲ့အတိုင်းဖြစ်နေတာပဲ။ အဲလိုဟာမျိုးတွေကြား ရတဲ့အခါ စိတ်ဓာတ်ကျတယ်။ ငါ ဒီ Industry မှာ လုပ်နိုင်ပါ့မလား၊ နေရာတစ်နေရာရပါ့မလားဆိုတာ အရမ်းစိုးရိမ်ခဲ့တယ်။ သူတို့ပြောတာလည်း ဟုတ်တာပဲလို့ လက်ခံလိုက်ပြီး အဲလိုဆို စိတ်ဓာတ်ကျတယ်။ အမျိုးမျိုးပါပဲ။ ညီမကို ပရိသတ်က ခံစားမှုအမျိုးမျိုးပေးနိုင်ပါတယ်။

ပညာရေးဘက်ကိုရော ဘယ်လိုဆက်သွားဖို့စိတ်ကူးထားလဲ။ ဆက်သွားဖို့ကော အစီအစဉ်ရှိလား။
ဆက်သွားဖို့အစီအစဉ်တော့ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ကလည်းထပ်တက်စေချင်တယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ ညီမက ဒီအနုပညာလောကမှာ ပရိသတ် ပေးတဲ့နေရာလေးတစ်ခု ရအောင်၊ အသိအမှတ်ပြုအောင်ကြိုးစားနေတုန်းဆိုတော့ ပညာရေးဘက်ကို နားထားပါတယ်။

သွားမယ်ဆိုရင်ရော ဘယ်ဘက်အပိုင်းကို ထပ်သွားဖို့စိတ်ဝင်စားလဲ။
အရင်တုန်းကတော့ ကလေးအထူးကုဖြစ်ချင်ခဲ့တာ။ ဒါပေမယ့် ဆမ မရှိတော့ ဆေးကုတဲ့ဆရာဝန်တော့လုပ်လို့ရမှာမဟုတ်ဘူး။ လုပ်လည်း မလုပ်ဖြစ်တော့လောက်ဘူး။ နောက်ပိုင်း နောက်ထပ် ဒီဂရီတစ်ခု ထပ်ယူဖြစ်မယ်ဆိုရင်တော့ Public Health ဘက်ပဲသွားဖို့ စိတ်ဝင်စားပါတယ်။

 MODA မဂ္ဂဇင်း ၅ နှစ်ပြည့်အတွက် စကားတစ်ခုခုလောက်ပြောပေးပါဦး။
MODA က သု ကိုယ်တိုင်လည်း အရမ်းကြိုက်တဲ့ မဂ္ဂဇင်းတစ်အုပ်ပါ။ ဖက်ရှင်နဲ့ တွေကလည်း သူများနဲ့မတူဘူး။ Higher Fashion တွေအမြဲတွေ့ရတယ်။ အဲလိုမဂ္ဂဇင်းတစ်ခုမှာ ကာဗာစတားအနေနဲ့ရွေးချယ်ခြင်းခံရတဲ့အတွက် အရမ်းပျော်ပါတယ်။ MODA မဂ္ဂဇင်း နောက်နှစ်ပေါင်းများစွာတိုင် အောင်မြင်မှုများစွာ၊ ပရိသတ်တွေရဲ့ ချစ်ခင်မှုများစွာနဲ့  ရပ်တည်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

အောင်လင်းသစ်

PHOTOGRAPHED BY WARREN PHRAKORNKHAM / STYLING BY DONG DONG / HAIR & MAKEUP: NYI NYI MAUNG (SAN CHUANG) / OUTFITS & ACCESSORIES: QUEEN COLLECTION / LOCATION: SAVOY HOTEL

Save



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.