Health & Fitness   |   Posted on Nov 17, 2016 by Elijah htang

လက်ဖက်စိမ်းကပေးတဲ့ ကျန်းမာရေး ၁၀ ချက်


လက်ဖက်စိမ်းအလွယ်တကူရနိုင်တဲ့ ကျွန်မတို့နိုင်ငံအတွက် ဒါကလာဘ်တစ်ပါးပါပဲ…….

Share this article

ကျန်းမာရေးအတွက် အထောက်အပံ့ပေးတဲ့သဘာဝအရွက်တွေထဲမှာ  လက်ဖက်စိမ်းလည်းပါဝင်ပါတယ်။လက်ဖက်စိမ်းရဲ့ ကောင်းကျိုးစွမ်းအင် ၁၀ မျိုးလောက် ကိုလေ့လာကြည့်ရအောင်...။

  1. လက်ဖက်စိမ်းမှာ ဇီဝဗေဒဖြစ်စဉ်နိုးကြားတက်ကြွစေတဲ့ဒြပ်ပေါင်းတွေပါဝင်တာကြောင့်ကျန်းမာရေးအတွက် ကောင်းမွန်တိုးတက်စေပါတယ်။
  2. လက်ဖက်စိမ်းမှာပါဝင်တဲ့ ဒြပ်ပေါင်းတွေကြောင့်ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကိုပိုပြီးတိုးတက်ကောင်းမွန်ပြီး သင့်ရဲ့လုပ်ဆောင်ချက်တိုင်းကို ပိုမိုထိရောက်လျင်မြန်စေပါတယ်။
  3. လက်ဖက်စိမ်းကိုသောက်သုံးခြင်းအားဖြင့် အဆီလောင်ကျွမ်းမှုကိုတိုးပွားစေပါတယ်။
  4. ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်လျော့ချစေပါတယ်။
  5. ဦးနှောက်ဥာဏ်စွမ်းအားလျော့ကျမှုကို ကာကွယ်ပေးနိုင်ပါတယ်။

  1. ဘက်တီးရီးယားတွေကိုသေစေတဲ့အပြင်ရောဂါကူးစက်မှုများကိုကာကွယ်ပေးပြီးသွားကျန်းမာရေးကိုလည်း အထာက်အပံ့ပေးပါတယ်။
  2. ဆီးချိုရောဂါသမားတွေအတွက်လည်း ပုံမှန်သောက်သုံးပေးရင် သွေးတွင်းရှိ အချိုဓာတ်ကိုထိန်းချုပ်ပေးပြီး ဆီးချိုတက်ခြင်းကို လျော့ချပေးနိုင်ပါတယ်။
  3. နှလုံးသွေးလည်ပတ်မှုကိုကောင်းစေတာကြောင့် နှလုံးရောဂါဝေဒနာရှင်များအတွက်လည်း အထူးသောက်သုံးသင့်ပါတယ်။
  4. ကိုယ်အလေးချိန်လျော့ချင်တဲ့သူုတွေအတွက် စိတ်ဝင်စားစရာကောင်းမယ်ထင်ပါတယ်။လက်ဖက်စိမ်းမှာ ကိုယ်အလေးချိန် ၀ိတ်ကျအောင်ကူညီပေးနိုင်တဲ့ ဒြပ်တွေအပြင် အ၀လွန်ရောဂါမဖြစ်အောင်လည်းထိန်းချုပ်ပေးနိုင်ပါသေးတယ်။
  5. အသားအရေလှပမှုကို တန်ဖိုးထားတဲ့သူတွေအတွက်လည်းလက်ဖက်စိမ်းဟာ တန်ဖိုးထားအားထားစရာပါပဲ။ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တာကြောင့် ၀က်ခြံအသားအရေနဲ့ သင့်တော်သလို အသားအရေစိုပြေလှပမှုအတွက်လည်း ကူညီပေးပါတယ်။ဒီနေ့ခေတ်အလှကုန် တော်တော်များများမှာလည်းလက်ဖက်စိမ်းကမပါမဖြစ်ပါပဲ။
    ဆောင်းရာသီအေးအေးလေးမှာ လက်ဖက်စိမ်းရေနွေးလေးသောက်ရင်း ကျန်းမာလှပမှုတွေကို ယူလိုက်ကြရအောင်….။       

EDITOR: SAW YATI NAING



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Jul 22, 2017

Kylie Jenner နဲ့ လမ်းခွဲရ...


Fashion News   |   Posted on Jul 21, 2017

Dior Bra နဲ့ Mini Skirt ပ...


Celebrity News   |   Posted on Jul 21, 2017

ပြင်သစ် ဖက်ရှင်ကုမ္ပဏီ Bal...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.