Fashion Closet   |   Posted on Aug 2, 2019 by May Shoon

ကျော့ရှင်းလှပတဲ့ အဆင်ဒီဇိုင်းများနဲ့ ဆွဲဆောင်နေတဲ့ စင်ကာပူ ရဲ့ အမိုက်စား Retail Fashion Brand များ


ိမ၀ယ်မဖြစ်ဝယ်သင့်တဲ့ Singapore ရဲ့ Retail Fashion Brand လေးတွေနော်

Share this article

 

စင်ကာပူ မှာ Shopping ထွက်တဲ့အခါ နိုင်ငံတကာ က အ၀တ်အထည် Brand တွေကို အများကြီးကိုဘဲ စဉ်းစားမိကြလေ့ ရှိပါတယ်။ အခုကတော့ ဈေးကြီးပေးစရာမလိုဘဲ Quality ကောင်းပြီး ဆန်းသစ်တဲ့ ဒီဇိုင်းတွေနဲ့ စင်ကာပူနိုင်ငံထွက် ဒီဇိုင်နာတွေရဲ့ ကိုယ်ပိုင်ဖက်ရှင် Brand တွေကို မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း စင်ကာပူနိုင်ငံ ရဲ့ ရာသီဥတုနဲ့ မြန်မာနိုင်ငံ က ရာသီဥတု က အရမ်းမကွာတဲ့အတွက် သူတို့ရဲ့ Fashion Brand တွေကလည်း မြန်မာမိန်းကလေးတွေအတွက် ကိုက်ညီသလို သူတို့ရဲ့ အ၀တ်အစားဒီဇိုင်းလေးတွေက ပေါ့ပါးလွတ်လပ်ပြီး စတိုင်အရမ်းကျတယ်။

ဒီ article လေးကတော့ နေ့စဉ် ဝတ်ဆင်ဖို့ဘဲ ဖြစ်ဖြစ် အလုပ်ခွင်မှာ အပတ်စဉ် အစည်းအဝေး တက်ဖို့ဘဲ ဖြစ်ဖြစ် ဝတ်ဆင်လို့ ရမယ့် စတိုင်းကျရုံမဟုတ်ဘဲ ဈေးနှုန်းသက်သာတဲ့ အဝတ်အစားတွေကို စိတ်ဝင်စားတဲ့ ပျိုမေတွေ အတွက်ဘဲ ဖြစ်ပါတယ်။ အခုတော့ M Seng Lu နဲ့ အတူပေါင်းပြီး စမတ်ကျ လှပတဲ့ fashion လေးတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။

ခေတ်မီလှပတဲ့ ဖက်ရှင်ဒီဇိုင်းလေးတွေမို့ အလုပ်သွားရင်ပဲ ဖြစ်ဖြစ်၊ ကျောင်းသွားရင်ပဲဖြစ်ဖြစ်၊ ပွဲတက်ဖက်ရှင်အတွက်ပဲဖြစ်ဖြစ် Outfit နဲ့ Accessory တွေကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်တာမို့ မဖြစ်မနေ ဝယ်ယူသင့်ပါတယ်။ ဒီတော့ စင်ကာပူ ရဲ့ လက်မလွတ်တမ်း ၀ယ်ယူသင့်တဲ့ အမိုက်စား ဖက်ရှင် Brand တွေကို မိတ်ဆက် ပေးလိုက်ပါတယ်။

Love, Bonito

ဒီ Love, Bonito ကတော့ အယ်ဒီတာ ကိုယ်တိုင် အရမ်းကြိုက်တဲ့ brand တစ်ခုပါ။ သူတို့ဆိုင်ရဲ့ ပန်းနုရောင်လေးတွေ နဲ့ အလှဆင်ထားတဲ့ အပြင်အဆင် ရယ် Instagrammer တွေအတွက် ဖန်တီးပေးထားတဲ့ Corner လေးလည်းရှိတယ်။ Love, Bonito မှာကတော့ အဝတ်အစားတွေကို ပုံမှန် အရုပ်တွေအသုံးပြုတိုင်းတာပြီး မချုပ်ထားပါဘူး။ အပြင်လောကမှာ တကယ့်အလုပ်တွေကို လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေအတွက် ချုပ်လုပ်ထားတာဖြစ်တဲ့အတွက် ဖြစ်ပါတယ်။ Love, Bonito က အမျိုးသမီးတိုင်ရဲ့ ဘဝအစိတ်အပိုင်းတစ်လျှောက်ကို cover လုပ်ပေးနိုင်တဲ့ အဝတ်အစားတွေ ထုတ်လုပ်ထားတာ ဖြစ်ပြီးတော့ တကယ့်လက်တွေ့ အသုံးချ ဝတ်ဆင်ဖို့အတွက်လည်း ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Her Velvet Vase

Sweet and Chic ဖြစ်တဲ့ Style လေးတွေကိုမှ ကြိုက်နှစ်သက်သူတို့အတွက် Her Velvet Vase Brand က အသင့်တော်ဆုံးဖြစ်စေမှာပါ။ Her Velvet Vase ကတော့ အဝတ်အစားတစ်ခု ရဲ့ အသေးမွှား အစိတ်အပိုင်း တစ်ခုက ဘယ်လို အကျိုးပြုနိုင်လဲဆိုတာကို အမြဲအာရုံစိုက်နေတဲ့ Brand တစ်ခု ဖြစ်ပြီးတော့ body type တိုင်းကို support လုပ်ထားတာ ဖြစ်ပါတယ်။ Her Velvet Vase မှာတော့ အ၀တ်အစားတွေအပြင် Accessory နဲ့ အိတ်လေးတွေလည်းရရှိနိုင်ပါတယ်။ Casual Wear တွေကစလို့ Formal Wear ဒီဇိုင်းလေးတွေပါရှိတာမို့ ပျိုမေတို့ သိပ်ခေါင်းစားစရာမလိုတော့ဘူးပေါ့။

Playdress

Playdress ဆိုတဲ့ နာမည်လေးအတိုင်း မိန်းကလေးဆန်ဆန် ချစ်စရာကောင်းတဲ့ ဒီဇိုင်းလေးတွေကို တစ်နေရာတည်းမှ စိတ်ကြိုက်ဝယ်ယူနိုင်မယ့် Brand လို့ပြောလို့ရပါတယ်။ မိန်းကလေးတွေ ဦးဆောင်ထားတဲ့ပြီး ယခုခေတ် ယုံကြည်မှုအပြည့်နဲ့ စတိုင်ကျနေတဲ့ မိန်းကလေးတွေကို ကိုယ်စားပြုနေတဲ့ Brand တစ်ခုဆို မမှားပါဘူး။ အာရှမှာရှိတဲ့ မိန်းကလေးတွေရဲ့ ကိုယ်အချိုးအစားကို အသားပေးထားပြီး အလုပ်ခွင်ကနေ လွတ်လွတ်လပ်လပ် သွားလာတဲ့အထိ သင့်လျော်တဲ့ အဝတ်အစားတွေကို ဖန်တီးပေးနေပါတယ်။ Playdress မှာ မိန်းကလေးတွေအကြိုက် Printed Dress လေးတွေ၊ Playsuit လေးတွေလည်း စုံစုံလင်လင်ရှိပါတယ်။

The Closet Lover

The Closet Lover ရဲ့ Outfit လေးတွေကတော့ ရိုးရိုးရှင်းရှင်းနဲ့ Minimalist ဆန်ပြီး ဆွဲဆောင်မှုရှိပါတယ်။ ရိုးရှင်းပေမယ့် Floral Print လေးတွေ၊ Pattern လေးတွေ၊ နဲ့ Ruffles Layers ဒီဇိုင်းလေးတွေက အရမ်းချစ်ဖို့ကောင်းပါတယ်။ The Closet Lover ကတော့ မိန်းကလေးတိုင်းက သူတို့ ဝတ်ဆင်ပုံနဲ့လိုက်ပြီး မိမိကိုယ်ကို ယုံကြည်မှု ရယူနိုင်တယ် ဆိုတာကို ယုံကြည်ထားတဲ့ brand တစ်ခု ဖြစ်ပါတယ်။

 

Love & Bravery  

စုံလင်တောက်ပတဲ့ အရောင်လေးတွေ၊ Classy ဆန်ဆန် အတွဲအဖက်လေးတွေနဲ့ Love & Bravery ကလည်း မိန်းကလေးတို့ကို ဆွဲဆောင်နေပါတယ်။ Love & Bravery ကတော့ စင်ကာပူနိုင်ငံရဲ့ အမျိုးသမီးသီးသန့် label တစ်ခု ဖြစ်ပြီးတော့ နေ့စဉ်ဝတ် အဝတ်အစားတွေ အပြင် fashion statement လို့ ပြောလို့ ရလောက်တဲ့ outfit တွေကိုပါ ဖန်တီးနေတဲ့ brand တစ်ခု ဖြစ်ပါတယ်။ Love & Bravery မှာဆိုရင်လည်း Cute ဖြစ်တဲ့ Dress၊ Jumpsuit ၊ Top လေးတွေအပြင် Shoes နဲ့ Accessory တွေလည်း ၀ယ်ယူနိုင်မှာပါ။

 

The Mindful Company

ခေတ်မီလှပတဲ့ အရည်အသွေးမြင့် Jewellery တွေနဲ့ Accessory လေးတွေကို စုံစုံလင်လင် ၀ယ်ယူနိုင်မယ့် Brand ကတော့ The Mindful Conpany ဖြစ်ပါတယ်။ Jewellery လေးတွေကိုလည်းခေတ်မီပြီး ၀တ်ဆင်သူကို စိတ်ကျေနပ်မှု အပြည့်အ၀ပေးနိုင်မှာ ဖြစ်တဲ့အပြင် သေချာစနစ်တကျ ထွင်းထားတဲ့ စာသားလေးတွေနဲ့လည်း ဝတ်ဆင်သူကို စိတ်ခွန်အားပေးနိုင်မှာ ဖြစ်ပါတယ်။ မိမိချစ်တဲ့ သူတွေကိုလည်း မိမိရဲ့ချစ်ခြင်းတွေကို လက်ဆောင်ပေးနိုင်မယ့် အသင့်တော်ဆုံး Jewellery Brand တစ်ခုပါပဲ။

 

Design Orchard

ပြည်တွင်း ဒီဇိုင်းနာတွေရဲ့ ဖက်ရှင်ဒီဇိုင်းတွေကို စုံစုံလင်လင်ဝယ်ယူနိုင်တဲ့နေရာကတော့ Design Orchard ပဲဖြစ်ပါတယ်။ Design Orchard ကတော့ စင်ကာပူနိုင်ငံရဲ့ Designer တွေအားလုံးရဲ့ incubation နေရာလေးတစ်ခု ဖြစ်ပြီးတော့ စင်ကာပူနိုင်ငံရဲ့ အတော်ဆုံးနဲ့ Designer တွေရဲ့ အပြောင်မြောက်ဆုံး လက်ရာတွေကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ အဲဒီမှာတော့ ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းတွေနဲ့ ဖက်ရှင်ကျလှပတဲ့ Outfit တွေကို ပါရရှိနိုင်ပါတယ်။ Formal စတိုင်လေးတွေအပြင် ရိုးရိုးရှင်းရှင်းနဲ့စတိုင်ကျ လှပတဲ့ အဝတ်အစားတွေပါရရှိနိုင်တာမို့ မိန်းကလေးတွေအတွက် ခေါင်းစားစရာမလိုတော့ဘူးပေါ့။

Great Singapore Sale ကတော့ ပြီးဆုံးသွားပြီဆိုပင်မဲ့လည်း နောက်ထပ်နောက်ထပ် sale တွေလည်း ထပ်ရှိလာဦးမှာ ဖြစ်တဲ့အတွက် စင်ကာပူနိုင်ငံရဲ့ Year End Sale လေးကို Calendar ထဲထည့်ပြီး မှတ်ထားဖို့ မမေ့နဲ့ဦးနော်။

ကဲ စင်ကာပူမှာ ရရှိနိုင်မယ့် Brand တွေအကြောင်း စုံစုံလင်လင် ပြောပြီးပြီဆိုတော့ Weekend မှာ Shopping ထွက်ဖို့ စဉ်းစားထားတယ် ဆိုရင် စင်ကာပူကို အပြေးလေးလာပြီး ပြောပြထားပြီဖြစ်တဲ့ Brand တွေကို ဝယ်ဖြစ်အောင် ဝယ်လိုက်ဦးနော်။



Share this article

TOP 5 ARTICLES


Skin   |   Posted on Aug 19, 2019

ပျိုမေတို့ မိမိ Skin Type...


People   |   Posted on Aug 19, 2019

Kalayar Zaw ရဲ့ Lifestyle...


People   |   Posted on Aug 17, 2019

Yun Waddy Lwin Moe ရဲ့ အေ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.