Parties & Events   |   Posted on Nov 5, 2018 by May Shoon

လေးဆိုင်မြောက်ဆိုင်ခွဲသစ်ကို Myanmar Plaza မှာ ဖွင့်လှစ်ခဲ့တဲ့ Penshoppe


လူငယ်ဆန်ဆန်နောက်ဆုံးပေါ်ဖက်ရှင်တွေကိုမှနှစ်သက်တဲ့ Penshoppe ချစ်သူတွေအတွက်တော့သတင်းကောင်းတစ်ခုပဲနော်

Share this article

Penshoppe ဟာ လက်ရှိမှာ International Celebrities တွေလည်းဖြစ်၊ Brand Endorser တွေလည်း ဖြစ်တဲ့ Zayn Malik၊Sandara Park၊ Paris Jackson၊ Nam Joo Hyuk၊ Jordan Berrett တို့နဲ့အတူ နိုင်ငံတကာ ဈေးကွက်အနှံ့ကို ထိုးဖောက်မယ့် အ၀တ်အထည်တွေ ဆက်လက်ရှေ့ဆက်နေသလို နာမည်ကျော် ငွေကြယ်ပွင့်တွေဖြစ်တဲ့ Kendall Jenner ၊ Bella Hadid၊ Gigi Hadid၊ Zac Efron၊ Kaia Gerber၊Cara Delevingne ၊One Direction၊ Ian Somerhalder၊ Cameron Dallas၊ Lucky Blue Smith နဲ့ Mario Mauer တို့ပါ ကိုယ်စားပြုထားတဲ့ နာမည်ကျော် Brand တစ်ခုပါ။

 

ကမ္ဘောဒီးယား၊ ဆော်ဒီအာရေဗျ၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်စတဲ့ နိုင်ငံတွေမှာ လက်ရှိ ဆိုင်ခွဲပေါင်း ၄၀၀ ကျာ် ဖွင့်လှစ်ထားတဲ့ Penshoppe ဟာ အခုဆိုရင် Myanmar Plaza မှာပါ အသစ်ထပ်မံ ဖွင့်လှစ်လိုက်ပြန်ပါပြီ။ လက်ရှိမှာဆိုရင် Penshoppe ကို Junction City၊ City Mall St.John နဲ့ Myanmar Plaza တို့မှာ ဖွင့်လှစ်ထားပြီးတော့ ဆိုင်ခွဲသစ်ဖြစ်တဲ့ Myanmar Plaza က Penshoppe ကိုတော့ နိုဝင်ဘာလ (၃) ရက်နေ့က Grand Opening ပွဲနဲ့အတူ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ Penshoppe ရဲ့ Myanmar Plaza Branch Grand Opening ပွဲမှာဆိုရင် အစီအစဉ်တင်ဆက်သူအဖြစ် Teresa က ဆောင်ရွက်ပေးခဲ့ပြီးတော့ Angel Lamung၊ Dee ၊စ၀်ယွန်းဝတီဦး၊ လဲ့ယမင်း၊ ဆုပြည့်နန္ဒာ၊ ထွဋ်မြတ်ရွှေရည်၊ Carrieland၊ Audrey Wai ၊ Eaint Treasure နဲ့ Stylist Yoko San စတဲ့ နာမည်ကျော်တွေ တက်ရောက်ခဲ့ကြသလို ဆိုင်ဖွင့်ပွဲနေ့မှာ Penshoppe ချစ်သူတွေနဲ့ တစ်ဆိုင်လုံး ကြိတ်ကြိတ်တိုး စည်ကားခဲ့ပါတယ်။ ဒါ့အပြင် Penshoppe ရဲ့ Grand Opening နေ့မှာဆိုရင် ပထမဦးဆုံး တန်းစီတဲ့ အယောက် (၁၀၀) အတွက် 50% Discount ၊ Item နှစ်မျိုးဝယ်တာနဲ့ ဒုတိယ Item ပေါ်မှာ 25% Discount ပေးတဲ့ အစီအစဉ်တွေ၊ Penshoppe ကိုချစ်ကြတဲ့ ဈေးဝယ်သူတွေအတွက် မေးခွန်းတွေမေးပြီး လက်ဆောင်ပေးတဲ့ အစီအစဉ်တွေပါ ပြုလုပ်ပေးခဲ့ပါတယ်။

 

နာမည်ကျော် Global Fashion Brand တစ်ခုဖြစ်တဲ့ Penshoppe ဟာ လူငယ်ဆန်ဆန် ဆန်းသစ်ပြီး ဆွဲဆောင်မှုရှိတဲ့ Casual Wear တွေကြောင့် လူသိများ ကျော်ကြားပါတယ်။ Penshoppe မှာ ဆွဲဆောင်မှုရှိလှတဲ့ တန်ဖိုးတစ်ခုနဲ့ အရည်အသွေးမှီမှီ၊ ခေတ်ရေစီးကြောင်းမှာလည်း လိုက်လျောညီထွေဖြစ်တဲ့ အ၀တ်အစားတွေ၊ Accessories တွေကို ရရှိနိုင်မှာဖြစ်လို့ သွားရောက်ဝယ်ယူအားပေးဖို့လည်း မမေ့ပါနဲ့ဦးနော်။

Editor: Mono



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.