Fashion News   |   Posted on Jan 6, 2017 by Elijah htang

ခြေလှမ်းစတင်တဲ့အချိန် အရူးတစ်ယောက်လိုသတ်မှတ်ခံရတဲ့ Taylor Hill


Victoria's Secret မော်ဒယ် Taylor Hill ကတော့ တစ်ကိုယ်လုံးအဝတ်အစားမပါပဲ ပထမဆုံးပွဲထွက်လာပါပြီ . . .

Share this article

သူမရဲ့ဘဝဟာ အလွန်လျင်မြန်စွာ ပြောင်းလဲတိုးတက်လာတဲ့အတွက် သူမကိုယ်တိုင်အံ့သြမိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် Taylor Hill ဟာ သူမရဲ့အောင်မြင်ကျော်ကြားမှုကို ပိုမိုထင်ရှားအောင် Vogue မဂ္ဂဇင်း အတွက် ရိုက်ကူးမှုတစ်ခုပြုလုပ်ခဲ့ပါပြီ။အသက် ၂၀ ရှိပြီဖြစ်တဲ့ Victoria's Secret မော်ဒယ်လေးဟာ တစ်ကိုယ်လုံးအဝတ်အစားမပါပဲရိုက်ကူးခဲ့ပြီး နာမည်ကြီး ပြင်သစ်ဖက်ရှင်ဓာတ်ပုံဆရာ Patrick Demarchelier ရဲ့လက်ရာအချို့လည်းပါဝင်ကာ နောက် ထွက်ရှိမဲ့ အမှတ်စဉ်သစ်မှာ လူထုဆီရောက်ရှိလာတော့မှာဖြစ်ပါတယ်။

ဒူးတစ်ဖက်ထောင်ပြီး ခန္ဓာကိုယ်အလှကို ဝှက်ထားတဲ့ ဓာတ်ပုံမှာ Taylor ဟာ သူတစ်ယောက်တည်းမဟုတ်ပဲ အသက် ၂၃ နှစ်အရွယ် ဂျာမန် Pirelli ပြက္ခဒိန် မော်ဒယ် Anna Ewers နဲ့ အသက် ၂၀ အရွယ် Dutch မော်ဒယ်စတား Imaan Hammam တို့နှင့်အတူ ရိုက်ထားတာပါ။Illinios မှာမွေးတဲ့ Taylor ဟာ ၂၀၁၄ ခုနစ်က Victoria's Secret ရဲ့ အနာဂတ်လှပသူတစ်ဦးထဲမှာပါဝင်သူ တစ်ဦးပါ။

“ကျမမှာ တွန့်ကွေးကောက်လိမ်နေတဲ့ ဆံပင်ရှိတယ်။ အဲ့အတွက်လည်း ဘာလုပ်ရမယ်မှန်းမသိဘူး။ ပြီးတော့ အရပ်ကလည်း ရှည်တယ်လေ။ ဓာတ်ပုံဆရာတစ်ဦးက ကျမကိုတွေ့ပြီး မော်ဒယ်လုပ်သင့်တယ်လို့ပြောတော့ ကျမမှမဟုတ်ဘူး။ ကျမမိဘတွေကလည်း သူ့ကို ရူးနေတယ်လို့ထင်ကြပါတယ်” ဟု သူမက ဆိုပါတယ်။ ကျမရဲ့မော်ဒယ်ဘဝအစဟာ သိပ်ပြီးတော့ ကောင်းမွန်ခြင်းမရှိပါဘူး။

ဒါပေမယ့်“ဒီတိုင်းပဲ ခံစားချက်ရှိတဲ့အတိုင်းလုပ်လိုက်တာပဲ။ ကျမဟာ လေ့ကျင့်ခဲ့ခြင်းမရှိသလို အစမ်းလျှောက်ခဲ့ခြင်း တွေမရှိခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျမကိုအမြဲပြောတယ်။ ‘အရမ်းကြီးမျှော်လင့်မထားနဲ့ VS က လှည့်စား မှုပိုင်ရှင်လို့” ES မဂ္ဂဇင်းကို ဖြေခဲ့ပါတယ်။အိန်ဂျယ်တစ်ယောက်ဖြစ်လာဖို့အခွင့်အရေးမရှိတော့မှာကို ကြောက်ရွံ့ခြင်းဖြစ်ခဲ့ပေမယ့် သူမကိုယ်စားလှယ်က သတင်းကောင်းပြောဖို့ဆက်သွယ်လာတဲ့အချိန်မှာတော့ သူမဟာ အလွန်ပဲ အံ့သြသင့်ခဲ့ရပါတယ်။“ကျမထင်တာက အားလုံးက ဒီတစ်ယောက်တော့သွားပြီ။ သောက်တလွဲအများကြီးလုပ်သွားတယ်လို့ ပြောမယ် ထင်ခဲ့မိတာ” လို့ ဖြည့်စွက်ပြောပါတယ်။

REF: Daily Mail



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Jan 20, 2017

Darke နှင့်ပါတ်သက်တဲ့ ကိစ...


Celebrity News   |   Posted on Jan 20, 2017

bomber jackets တွေဝတ်ပြီး...


Film & Music   |   Posted on Jan 20, 2017

Taylor Swift ဟန်ပန်နဲ့ အသ...


Film & Music   |   Posted on Jan 19, 2017

2017 People's Choice Awar...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.