Celebrity News   |   Posted on Jun 7, 2019 by Ja Seng Pan

လေးနှစ်ကြာတွဲခုတ်ပြီးနောက် လမ်းခွဲလိုက်ကြတဲ့ Bradley Cooper နဲ့ Irina Shayk


ဒီသတင်းကို ကြားပြီးပြီးချင်း ဘယ်သူ့ကို မြင်ယောင်နေမလဲဆိုတာ သိနေတယ်နော်။

Share this article

People ကနေသိရသလောက် သူတို့ နှစ်ယောက်လုံး ကိုယ်လမ်းကိုယ် လျှောက်ဖို့ ဆုံးဖြတ်လိုက်ကြပြီလို့ ပြောထားပါတယ်။

Le De Seine ဆိုတဲ့ သမီးလေးတစ်ယောက်ပိုင်ဆိုင်ထားကြပြီး ထိန်းသိမ်းစောင့်ရှောက်ခွင့်အတွက်

အလုပ်တွေရှုပ်နေကြပါတယ်။ ၂၀၁၅ခုနှစ်ကတည်းက လက်တွဲလာခဲ့ကြတဲ့ ဒီစုံတွဲက တစ်ယောက်ကို တစ်ယောက်

သိပ်ချစ်ကြကြောင်းကို သူတို့နဲ့ ဆက်ဆံဖူးတဲ့ သူတိုင်း ဖောက်သည်ချလေ့ရှိပါတယ်။



သူတို့ရဲ့ သမီးလေးအတွက် အများကြီးနှစ်မြုပ်ထားသလို စိတ်တူ ကိုယ်တူနဲ့ လျှောက်လှမ်းနေကြတာပါ။

မိသားစုကို သိပ်ချစ်တဲ့ Bradley တစ်ယောက် ဘယ်လိုကိစ္စတွေကြောင့် ဒီလိုဆုံးဖြတ်လိုက်လဲဆိုတာကို ပရိတ်သတ်တွေသိချင်နေကြပါတယ်။




ချစ်စရာကောင်းတဲ့ သူတို့အတွဲအတွက် ပရိတ်သတ်တွေ ၀မ်းနည်းနေကြသလို ဝေဖန်သံတွေလဲ ရှိနေကြပါတယ်။

လတ်တလောမှ ချစ်သူရည်းစားနဲ့ ပျက်စဲလိုက်တဲ့ Lady Gaga နဲ့ ပတ်သတ်မှုရှိနိုင်တယ်လို့လည်း ဆိုကြပါတယ်။

တချို့ကလည်း သမီးလေးရှိတာကြောင့် ပြန်အဆင်ပြေသွားနိုင်တယ်လို့လည်း ထင်ကြေးပေးနေကြပါတယ်။

ကဲ တကယ်ပဲ Lady Gaga ကြောင့်လား၊ အခြားလူတွေမသိနိုင်သေးတဲ့ ဘယ်လိုဇာတ်လမ်းတွေရှိဦးမလားဆိုတာကတော့ နားစွင့်ထားရုံပါပဲ။

MODA ပရိတ်သတ်ကြီးကော ဘယ်လိုထင်လဲ။

Editor: Pan JN



Share this article

TOP 5 ARTICLES


Fashion News   |   Posted on Jun 25, 2019

ADIDAS LONG PADDED COAT ေ...


Red Carpet   |   Posted on Jun 24, 2019

ကမ္ဘာကျော်အဆိုတော် selena...


Celebrity Style   |   Posted on Jun 22, 2019

ဆံပင်ရှည်ရှည်နဲ့ ဂါဝန်လေး...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.