Red Carpet   |   Posted on Sep 25, 2019 by Ja Seng Pan

Emmy Awards 2019 Fashion


ပွဲကို တက်ရောက်လာကြတဲ့ Celebrity တို့ရဲ့ Fashion ကို ဖော်ပြပေးသွားပါမယ်။

Share this article

စက်တင်ဘာလ ၂၂ရက်နေ့ညက အမေရိကန်ပြည်ထောင်စု Los Angeles မှာ ကျင်းပပြုလုပ်ခဲ့တဲ့  ၇၁ ကြိမ်မြောက် Emmy Awards 2019 ပွဲကို တက်ရောက်လာကြတဲ့ Celebrity တို့ရဲ့ Fashion ကို ဖော်ပြပေးသွားပါမယ်။

 

ZENDAYA

အစိမ်းရောင် Emeral Dress နဲ့ ဖက်ရှင်ကျကျ ပွဲတက်ရောက်လာသူကတော့ ZENDAYA ပါ။ Dress နဲ့ လိုက်ဖက်အောင် တလက်လက်တောက်ပနေတဲ့ Diamond ကို ဆင်ယင်လိုက်တဲ့အခါမှာတော့ သူမရဲ့ Fashion ဟာ Perfect ဖြစ်နေပါတော့တယ်။

 

MJ RODRIGUEZ

ယခုနှစ် EMMY Awards ရဲ့ Hot colour ဖြစ်တဲ့ ပန်းရောင်ကို ပေါ်လွင်အောင် ဝတ်ဆင်ထားတဲ့ MJ RODRIGUEZ ရဲ့ ဖက်ရှင်ကလည်း တောက်ပလို့နေပါတယ်။

 

 

JULIA GARNER

ခရမ်းရောင်ဂါဝန်ကို ခန္ဓာကိုယ်ကောက်ကြောင်းပေါ်အောင် ဝတ်ဆင်ထားပြီး လက်နေရာမှာတော့ တစ်ဖက်ကို အပြည့်နဲ့ တစ်ဖက်ကို လက်ပြတ်ဒီဇိုင်းပုံဖော်ထားတဲ့ Design ကလည်း ယခုနှစ်အတွက် တမူထူးလို့နေပါတယ်။

 

Emilia Clarke

Navy Dress နဲ့ Sexy ကျကျ လှပနေသူကတော့ Emilia Clarke ပါ။ သူမရဲ့ Dress က ရိုးမလိုနဲ့ ဆန်းဆန်းလေး Sexy ကျနေစေပါတယ်။

 

GWENDOLINE CHRISTIE

GWENDOLINE CHRISTIE ရဲ့ ဝတ်စုံကတော့ ယခုနှစ်အတွက် Hot အဖြစ်ဆုံး ဝတ်စုံပဲ ဖြစ်ပါတယ်။  Roman empress Dress နဲ့ သူမဟာ ဝင့်ကြွားလှပနေပါတယ်။

 

GRETA LEE

တမူထူးခြားတဲ့ အစိမ်းရောင် Fuchsia Version Dress ကတော့ GRETA LEE လိုက်ဖက်လွန်းလှတဲ့ ဝတ်စုံပဲ ဖြစ်ပါတယ်။

 

NIECY NASH

NIECY NASH ရဲ့ Fashion ကတော့ ခေါင်းစ ခြေအဆုံး တောက်ပလို့နေပါတယ်။ သူမရဲ့ ဝတ်စုံအပြင် accessories တွေကလည်း သူမ Fashion ရဲ့ အသက်ပါ။

 

CATHERINE O'HARA

Black & White အထာကျကျ ပေါင်းစပ်ထားပြီး elegant အသွင်ဆောင်တဲ့ Fashion ကတော့ ဒီနှစ်အတွက် ထူးခြားနေမှာပါ။

Editor : Lin Lin



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.