Skin   |   Posted on Nov 29, 2016 by kiki

နောက်ထပ်ရေမွှေးဆွတ်ရမယ့် လျို့ဝှက်နေရာတစ်ခု


ဗိုက်ခေါက်နေရာက နောက်ထပ်ရေမွှေးဆွတ်ရမယ့် လျို့ဝှက်နေရာတဲ့လား …

Share this article

သင့်ရဲ့ရေမွှေးအနံ့တစ်နေကုန်ခံအောင်လို့ ဆွတ်ရမယ့်အချက်အချာနေရာတွေအကြောင်းကို သင်ကြားဖူးပြီးနေပါလိမ့်မယ်။ ကျွန်မတို့ရဲ့လည်ပင်းနဲ့ လက်ကောက်ဝတ်အပိုင်းတွေက သွေးခုန်နှုန်းအလှုပ်ရှားဆုံးနေရာများဖြစ်တဲ့အတွက် အဲ့ဒီနေရာများရဲ့အပူချိန်က ရေမွှေးရနံ့ကိုပိုလှိုင်ထွက်စေသလို ပိုလည်းကြာရှည်ခံစေတာကြောင့် ရေမွှေးဆွတ်တဲ့အခါ အဲ့ဒီနေရာတွေကို အသားပေးပြီးဆွတ်ကြပါတယ်။ ဒါပေမယ့်ရေမွှေးအနံ့ဟာ တစ်နေ့တာအဆုံးမှာ ပျက်ပြယ်သွားလေ့ရှိတာကြောင့် ကျွန်မတို့အတွက် တစ်နေကုန်ရေမွှေးအနံ့ခံနိုင်မယ့် နည်းလမ်းက မရှိသလောက်ပါပဲ။ခဏခဏထုတ်ဆွတ်ရတာကလွဲလို့ပေါ့နော်။ ဒါပေမယ့် မကြာသေးခင်ကမှ ရေမွှေးဆွတ်ရမယ့် တစ်ကယ့်အဓိကနေရာကြီးကို ကျွန်မတို့ရှာတွေ့ခဲ့ကြပါတယ်။ ဟုတ်ပါတယ်။ ကျွန်မတို့ရဲ့ ဗိုက်အောက်ပိုင်းဖြစ်ပါတယ်။ ကြားရတာ အနည်းငယ်တော့ ထူးဆန်းနေပေမယ့် ခုလိုနေရာကို ရေမွှေးဆွတ်လိုက်ခြင်းက နောက်ထပ် အနံ့ကြာရှည်ခံမယ့် နည်းလမ်းသစ်ဆိုတာကို မင်းသမီး Liv Tyler နဲ့ model Adriana Lima တို့လိုကျွမ်းကျင်သူတွေက သက်သေပြလိုက်ပါတယ်။

ဒါဖြင့် အဲ့ဒါကဘာလိုအလုပ်လုပ်သလဲ။ ရှေ့တုန်းက အချက်တွေလိုမျိုးပါပဲ။ “သင့်ခန္ဓာကိုယ်က အပူထုတ်နိုင်တဲ့မည်သည့်နေရာမျိုးမှာမဆို ရေမွှေးဆွတ်ပေးခြင်းဖြင့် ရေမွှေးကိုပိုလှိုင်ထွက်စေပါတယ်” လို့ ရေမွှေးပညာရှင် Steven Claisse ကပြောပြခဲ့ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ လည်ပင်း၊ လက်ကောက်ဝတ်ကိုဆွတ်တာ သင့်အတွက်မလုံလောက်ဘူးလို့ထင်ရင် ခုနည်းလမ်းကိုစမ်းကြည့်လိုက်ပါတော့။

ref; elle.com



Share this article

TOP 5 ARTICLES


gay & lesbians   |   Posted on Feb 21, 2017

Gay တစ်ယောက်နဲ့ BFF ဖြစ်သ...


Celebrity News   |   Posted on Feb 21, 2017

Kim နဲ့အတူ Instragram ပေါ်...


Celebrity News   |   Posted on Feb 21, 2017

ကျွန်မက လူဆိုးမလေးပါလို့...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.