ကျွန်မတို့ အကုန်လုံးမိတ်ကပ်ကိုကြိုက်နှစ်သက်ကြပါတယ်။ပါတီကောင်းကောင်းတွေကိုလည်းနစ်ခြိုက်တာပါပဲ။
ကိုယ်နှစ်သက်တဲ့အရာ နှစ်ခုတစ်ပြိုင်တည်းရောက်လာတဲ့အခါမှာတော့ ပျော်ရွှင်စရာကြီးပေါ့။အခုဆိုပါတီတွေကနေရာ အနှံအပြားမှာရှိနေပါတယ်။ ကိုယ်ဟာအလင်းလက်ဆုံးတောက်ပနေဖို့ ဘယ်လိုတွေပြင်မလဲဘယ်နေရာနဲ့ဘယ်လိုပုံစံတွေကသင့်တော်မလဲဆိုတာကိုအောက်မှာ ပြထားတဲ့ Lookတွေကကူညီပေးပါလိမ့်မယ်။
Alexa Chung
ဒီမိတ်ကပ်ပုံစံကိုတော့ သင့်မိတ်ဆွေရဲ့ ခရစ္စမတ်ပါတီကို ပြင်ဆင်သွားနိုင်ပါတယ်။အနီရောင်ကခရစ္စမတ်သင်္ကေတပဲမဟုတ်လား။
ဘာမှထူးထူးခြားခြားမပြင်ချင်ရင်တောင်အနီရောင် နှုတ်ခမ်းနီနဲ့ဆိုရင် လုံလောက်ပါတယ်။
Barbara Palvin
Night Outထွက်မယ်ဆိုရင်တော့ မျက်လုံးကိုထင်းထင်းရင်းရင်း ခြယ်ထားတဲ့ဒီပုံစံကိုမေ့မထားသင့်ပါဘူး။
Cara Delvingne
ဂုဏ်သရေရှိညစာစားပွဲတွေ သွားမယ်ဆိုရင်တော့ 1920ဘက်ကို သွားတဲ့ ဒီပြင်ဆင်မှုကိုစမ်းကြည့်သင့်ပါတယ်။မီးခိုးရောင် မျက်ဝန်းနဲ့ အနီရောင်နှုတ်ခမ်းနီကတကယ်ပဲလိုက်ဖက်မှုရှိပါတယ်။
Diane Kruger
ဒိတ်သွားဖို့ ခေါင်းခြောက်နေတယ်ဆိုရင်တော့ ပုံထဲကအတိုင်းမျက်လုံးတွေကိုဆွဲဆောင်မှုရှိအောင် ပြင်ဆင်ပြီး နှုတ်ခမ်းတွေကိုပန်းရောင်သန်းပြီးအနမ်းပေးချင်စရာနှုတ်ခမ်းလေးဖြစ်အောင် လုပ်သင့်ပါတယ်။
Emma Roberts
ရုံးကခရစ္စမတ်ပါတီဆိုရင်တော့ Emmaပြင်ပြထားသလိုလေးကအဆင်ပြေပါလိမ့်မယ်။သဘာဝကျကျနဲ့ သပ်သပ်ရပ်ရပ်လေးပေါ့။
Gigi Hadid
လိမ္မော်ရောင်ဘက်သန်းတဲ့နှုတ်ခမ်းနီနဲ့ အညိုရောင်မျက်ဝန်း၊နောက်ကို လှန်ဖြီးထားတဲ့ဆံပင်တွေဟာခပ်ပြင်းပြင်းဆွဲဆောင်မှုရှိတဲ့ အလှပေါ့။
HaileeSteinfeld
အထက်တန်းကျကျ ပြင်ဆင်ဖို့ စိတ်အားထက်သန်တယ်ဆိုရင်တော့ Hailey Steinfeldလိုထူထဲတဲ့မျက်တောင်တွေနဲ့ ခရမ်းရောင်နှုတ်ခမ်းနီကိုရွေးသင့်ပါတယ်။
Jessica Alba
New Year Eveမှာအမိုက်စားလေးဖြစ်နေဖို့ နက်ပြာရောင် မျက်ဝန်းက တကယ်အဆင်ပြေပါတယ်။
Karrueche Tran
ကိုယ့်ချစ်သူရဲ့မိဘတွေနဲ့ သွားတွေ့ဆုံတဲ့အခါ contouringနည်းနည်းလုပ်ထားတဲ့ အညိုဖောက် မိတ်ကပ်ပြင်ဆင်မှုကသဘောကျ ချစ်ခင်မှုကိုရစေမှာဖြစ်ပြီး
သင့်ချစ်သူကိုဆွဲဆောင်နိုင်မှာပါ။
Kendall Jenner
သင်ကသင့်ရဲ့ဆံပင်ကိုဆံပင်stylistဆီမှာအချိန်ပေးပြင်လာပေးသယောင် ထင်မှတ်မှားစေချင်ရင်တော့ Kendallလိုပုံစံကအဆင်ပြေပါလိမ့်မယ်။
အချိန်ငါးမိနစ်လောက်ပဲပေးရမှာ ဖြစ်ပြီးသားရေကွင်းလေးတွေပဲလိုအပ်ပါတယ်။
Keira Knightley
လူကြီးလူကောင်းတွေနဲ့ သွားတွေ့တဲ့အခါမှာတော့ မိန်းမဆန်ဆန် အပြင်အဆင်ကိုဦးစားပေးသင့်ပါတယ်။နှုတ်ခမ်းကိုအရောင်ရင့်ရင့်တွေဆိုးတာမျိုးရှောင်ကြဉ်သင့်ပြီးတော့
Kiraရဲ့ပုံစံမျိုးကအသင့်တော်ဆုံးပါ။
Kristen Stewart
ခပ်မိုက်မိုက်ပါတီသွားဖို့ဆိုရင်တော့ ခပ်မိုက်မိုက်လေးဖြစ်နေမှ လူကြားမှာထင်းနေမှာနော်။Kristenရဲ့ ပုံစံလိုပေါ့။
Lily Aldridge
ဆန်းပြားတဲ့ပုံစံကို ကြိုက်တယ်ဆိုရင်တော့ ရွှေရောင်မျက်ခုံးမွှေးနဲ့အညိုရောင်နှုတ်ခမ်းကိုတွဲဖက်လိုက်ရုံပါပဲ။
Lily Collins
နည်းနည်းအေးလာပြီဆိုတော့ နီညိုပုပ်ရောင်နှုတ်ခမ်းနီ ၊ဆံနွယ်တွေကျနေတဲ့ ဆံထုံးနဲ့ မိန်းကလေးဆန်ဆန်မိတ်ကပ်ကရာသီဥတုနဲ့လိုက်ဖက်ပါလိမ့်မယ်။
Megan Fox
Summer partyမှာ အလှအပတွေစုဝေးနေတဲ့မှော်ရေကန်ထဲက တက်လာတဲ့နတ်သမီးတစ်ပါးလိုတောက်ပေနေစေဖို့ Megan Foxကိုနမူနာယူသင့်ပါတယ်။
Naomi Campbell
ကိုယ်ပြောနေတဲ့ စကားတစ်ခွန်းစီတိုင်းမှာအာရုံစိုက်မှုကိုရစေဖို့ နှုတ်ခမ်းကိုအလက်လက်အမှုန်မှုန်တွေနဲ့ အလှဆင်လို့ရပါတယ်။နှုတ်ခမ်းပြင်ဆင်မှုတစ်ခုတည်းနဲ့တင် ပါတီတွေမှာလည်းအလန်းစားဖြစ်နေမှာပါ။
Rita Ora
ပန်ခ့်ရှိုးပွဲတွေသွားမယ်ဆိုရင်တော့ အနက်ရောင်SmokeyEyeတွေကို မေ့မထားသင့်ပါဘူး။နှုတ်ခမ်းနီအရောင်တောက်တောက်မကြိုက်ဘူးဆိုရင်တောင် ဘာအရောင်နဲ့တွဲတွဲလိုက်ဖက်ပါတယ်။
Stella Maxwell
ရိုးရိုးရှင်းရှင်းပန်းရောင် မျက်ဝန်းအလှက သင့်ကိုထူးခြားစေမှာပါ။
Vanessa Hudgens
ဆံပင်ခွေတွေနဲ့ မီးခိုးရောင်မျက်ဝန်းက ကလပ်ထဲမှာရောက်နေတဲ့သင့်ကို မြူးကြွစေမှာပါ။
Zendaya
Zendayaရဲ့ အညိုရောင်ဖောက်တဲ့မိတ်ကပ်လိမ်းခြယ်မှုကလည်းပါတီအတွက် တကယ်သင့်တော်လွန်းပါတယ်။
SolangeKnowless
ရုံးတက်တာကနေကလပ်သွားတာအထိ နှုတ်ခမ်းနီတစ်ချောင်းနဲ့ပဲဖန်ဆင်းလို့ရပါတယ်။အဲဒါကအရောင်တောက် နှုတ်ခမ်းနီတစ်ချောင်းပဲပေါ့။
Sienna Miller
မနက်ကနေညနေအထိရုံးတက်ပြီးတာနဲ့ ပွဲတစ်ခုသွားဖို့ရှိတယ်ဆိုရင်တော့ Sienna Millerလို သဘာဝဆန်ဆန် ပြင်ကြည့်သင့်ပါတယ်။
www.marieclaire.com
SuYiHtet