Health   |   Posted on Jun 21, 2019 by Yin Moe Shinn
နေ့တိုင်းမဖြစ်မနေ screenကြည့်နေရသူတွေအတွက်မျက်လုံးထိခိုက်မှုလျော့နည်းစေဖို့ 
အလွန်အကျုး screen time များသူတွေအတွက်အမြင်အာရုံနဲ့ ပတ်သတ်ပြီးသိထားသင့်သလိုတကယ်လိုက်နာဖို့ လည်းလိုအပ်တဲ့အချက်လေးတွေက...
Share this article
ကိုယ်အင်္ဂါအစိတ်အပိုင်းတွေထဲမှာမျက်လုံးဆိုတာ အရေးအကြီးဆုံးအရာတွေထဲကတစ်ခုမို့ ဂရုစိုက်သင့်ပါတယ်။ ယနေ့ ခေတ်မှာပျမ်းမျှရုံးဝန်ထမ်းအများစုကနေ့ စဉ် computer screen တွေကိုမဖြစ်မနေ ကြည့်နေရပြီးကျန်ရှိနေတဲ့ mobile phone နဲ့ တခြား digital screen တွေကိုလည်းအလွန်အကျွံကြည့်ဖြစ်နေကြပါတယ်။ ဒါတွေကမျက်လုံးကိုအဆိုးရွားဆုံးထိခိုက်စေပါတယ်။ သို့ ပေမယ့်မဖြစ်မနေကြည့်နေရခြင်းအပေါ်အရမ်းထိခိုက်မှုမဖြစ်စေဖို့ ကာကွယ်မှုတစ်ချို့ ကိုလုပ်ဖို့ လိုအပ်ပါတယ်။ screen time များနေပြီဆိုရင်သင့်မျက်လုံးကိုချက်ချင်းအနားပေးဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ မျက်လုံးနီရဲ လာခြင်း ၊ မျက်သားခြောက်ခြင်း ၊ မျက်လုံးဝါးခြင်း ၊ ခေါင်းကိုက်ဇာတ်ကြောထိုးခြင်း စတာတွေကနေ ပိုဆိုးတဲ့ မျက်လုံးထိခိုက်မှုကိုဖြစ်စေတာကြောင့်အထူးဂရုစိုက်သင့်တယ်လို့ ထင်ပါတယ်။ ပေါ့ပျက်ပျက်မနေသင့်တာမို့ မျက်လုံးကိုဘယ်လိုစနစ်တကျအနားပေးသင့်တယ်ဘယ်လိုစနစ်တကျနေသင့်တယ်ဆိုတာလေးတွေကို ဝေမျှပေးချင်ပါတယ်။
၁. အလင်းရောင်စူးစူးတွေကို မျက်လုံးကတိုက်ရိုက်ကြည့်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့်နေ့ စဉ်ကြည့်နေရတဲ့Computer screen နဲ့ ဖုန်းစတဲ့ screen တွေအားလုံးရဲ့ မျက်နှာပြင်အလင်းရောင်ကို လျော့ထားသင့်ပါတယ်။ ပုံမှန် display lighting ရဲ့ တစ်ဝက်လောက်ကအသင့်တော်ဆုံးပါ။ သင့်အခန်းအလင်းရောင်ကိုလိုက်ပြီး computer screen ရဲ့ မျက်နှာပြင်အလင်းကို ညှိသင့်ပါတယ်။ သေချာတာကတော့အရမ်းလင်းထိန်နေခြင်းကသင့်မျက်လုံးကိုရေရှည်အဆင်မပြေစေတာကြောင့်ပါ။ အဲဒီ screen lighting တွေကမျက်လုံးကိုအရမ်းထိခိုက်စေတာမို့ ဒီအချက်လေးကိုဂရုပြုသတိထားသင့်ပါတယ်။
၂. Computer ကိုအာရုံစိုက်ကြည့်နေရသူအများစုကမျက်တောင်ခတ်ဖို့ ကိုမေ့နေတတ်ပါတယ်။ မျက်တောင်ခတ်မှုအကြိမ်ရေလျော့နည်ြး့ခင်းကြောင့်မျက်သားခြောက်ခြင်းနဲ့ မျက်လုံးနီခြင်းတွေကိုဖြစ်စေတတ်ပါတယ်။ များသောအားဖြင့် ရုံးခန်းတွေတိုင်းမှာ air-con တွေရှိနေတတ်ပါတယ်။ ဒါကလေထုကိုပိုခြောက်သွေ့ စေတဲ့အပြင် မျက်တောင်ခတ်ဖို့ ကိုပါမေ့နေမယ်ဆိုရင်တော့သေချာပေါက်သင့်မျက်သားကိုခြောက်သွေ့ စေမှာပါ။ 
နောက်ဆက်တွဲမျက်လုံးကိုထိခိုက်စေတဲ့ရောဂါတွေပါဖြစ်စေနိုင်တာမို့ သတိထားပြီးမျက်တောင်ခတ်ပေးဖို့ ရံဖန်ရံခါ  မျက်လုံးအတွက်ထုတထားတဲ့မျက်စင်းခတ်ဆေးလေးတွေ သုံးပေးဖို့ တိုက်တွန်းချင်ပါတယ်။
၃. မျက်လုံးညောင်းလာတဲ့အထိအာရုံစိုက်ပြီးရင်တော့သနားစရာသင့်မျက်လုံးလေးကို ခဏအနားပေးသင့်ပါတယ်။ compter screen ကိုဆက်တိုက်ကြည့်နေရာကနေခဏနားပြီး ၁၀မိနစ်ခန့် အနားပေးသင့်ပါတယ်။ ဒါကို၁နာရီခြားတစ်ခါလောက်လုပ်နိုင်ရင်ပိုကောင်းပါတယ်။ အဲလိုအနားပေးတဲ့အခါ မတ်တပ်ခဏရပ်ပြီး အကြောဆန့်ခြင်း ကိုပါလုပ်ပေးသင့်ပါတယ်။ ဒါမှသာသင့်ရဲ့ အမြင်အာရုံကိုသာမက မျက်ရိုး ၊ ဇာတ်ကြော ၊ ပခုံး ၊ခြေထောက် စတာတွေကိုပါ အငြောင်းပြေစေပြီးသင်သောင့်သက်သာဖြစ်စေမှာပါ။ အပြင်ဘက်လေထုကသင့်အလုပ်ခွင်ထဲကလေထုထက်ပိုပြီးစိုစွတ်မှုရှိတာကြောင့်အဲ့လိုအနားပေးတဲ့အခါမှာ အပြင်ဘက်ကိုခဏထွက်ပေးသင့်ပါတယ်။ဒါဆိုမျက်လုံးညောင်းညာမှုကို သက်သာစေတဲ့အပြင် မျက်သားခြောက်သွေ့ မှုကနေ အသစ်ပြန်ဖြစ်စေပါတယ်။ 
၅. နောက်ဆုံးတစ်ခုအနေနဲ့ ကတော့ သင့်ရဲ့ computer screen ကိုသင်နဲ့ ၂၅လက်မ အကွာ ( လက်တစ်လံအကွာ)လောက်မှာထားသင့်ပါတယ်။ ဒါမှ screen နဲ့ သင့်မျက်လုံးအရမ်းနီးကပ်မနေဘဲ အမြင်အာရုံစူးစိုက်မှုအတွက်အဆင်ပြေစေမှာပါ။ screen ပေါ်ကစာလုံးအရွယ်အစားကိုလည်း သင့်အမြင်မှာအရမ်းသေးမနေအောင်ချိန်ညှိသင့်ပါတယ်။ဒါမှသာ ကြာရှည်စွာအာရုံစူးစိုက်ရမယ့်သင့်မျက်လုံး ပင်ပန်းနွမ်းနယ်မှုကနေ ကာကွယ်နိုင်မှာပါ။
အခုဆိုလူတိုင်းအတွက်အသုံးဝင်ပြီး လုပ်ကိုလုပ်သင့်တဲ့ မျက်လုံးဂရုစိုက်မှုလေးတွေကိုပြောပြပေးထားတာမို့ တကယ်ကိုသတိထားပြီးလိုက်နာသင့်တယ်လို့ ထင်ပါတယ်။ဒါမှသာ အရေးကြီးတဲ့အစိတ်အပိုင်းတွေထဲကတစ်ခုဖြစ်တဲ့သင့်မျက်လုံးမထိခိုက် မပျက်စီးဘဲကျန်းမာနေမှာပါ။
Editor :Bo
Share this article
TOP 5 ARTICLES
Parties & Events   |   Posted on Jul 23, 2019
အရမ်းတန်တဲ့ Up to 90%disc...
Food & Travel   |   Posted on Jul 22, 2019
ဝိတ်မလျော့နိုင်ဘဲ FOODIE...
Celebrity Style   |   Posted on Jul 15, 2019
၁၇ နှစ်သာရှိသေးတဲ့ထူးခြား...
Sign Up for MODA Newsletters
Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.