Travel   |   Posted on Nov 20, 2016 by kiki

ဈေးဝယ်ထွက်လို့အကောင်းဆုံးမြို့ကြီး ၁၀ မြို့


Hashtag Shopping Goals

Share this article

ပရိုမိုးရှင်းတွေ၊ လျှော့ဈေးတွေနဲ့ မကြာခင်ရောက်ရှိတော့မယ့် ဒီဇင်ဘာလက shopaholic မိန်းကလေးများအတွက် ပွဲတော်လတစ်ခုပါပဲ။ ဒီ ၂၀၁၆ မှာ ကမ္ဘာပတ်ပြီး ရှော့ပင်းထွက်မယ်လို့ စိတ်ကူးထားတဲ့ ဖက်ရှင်မမများအတွက် ခုမြို့ကြီး ၁၀ မြို့က မမတို့ရဲ့ shopping goal ဖြစ်လာမှာဖြစ်ပါတယ်။ ကဲ ကိုယ်ဘယ်မြို့မှာ ရှော့ပင်းထွက်ပြီးပြီလဲ .. ဘယ်မြို့ကို ဒီနှစ်မှာသွားရှော့ပင်းထွက်ဖို့ ရည်ရွယ်ထားလဲ … ကိုယ်သွားချင်တဲ့ မြို့ရောဒီစာရင်းထဲမှာ ပါသလား … scroll down လုပ်ပြီး ကြည့်လိုက်ပါ။

1. New York

နယူးယောက်ခ်ကတော့ အကောင်းဆုံးဈေးဝယ်ထွက်နိုင်တဲ့ မြို့ကြီးတစ်မြို့အမြဲထာဝရဖြစ်နေမှာပါ။ အလတ်တန်းစား ရွေးချယ်မှုများအတွက် Zara, H&M, Uniqlo, &otherstories တို့လိုဆိုင်မျိုးကနေ Prada, Chanel of Fifth Avenue တို့လိုဒီဇိုင်နာတံဆိပ်တွေအထိ အလွယ်တကူရနိုင်တယ်။ ပြောစရာတောင်မလိုပါဘူး… သင်နေ့လည်ဈေးဝယ်ထွက်ပြီး ညပိုင်း chilling လုပ်နိုင်မယ့် ကလပ်တွေကလည်း မျက်စိထဲပြေးမလွတ်ပါဘူးလို့ …။

2. Dubai

Mall of the Emirates လိုကမ္ဘာ့အဆင့်တန်းမီ shopping mall ကြီးရဲ့အတွင်းပိုင်းမှာ နိုင်ငံတကာတံဆိပ်ပေါင်း ၆၃၀ လောက်ရရှိနိုင်ပြီး တစ်ကယ့်ကမ္ဘာ့အဆင့်မီ တန်းမြင့်ဖက်ရှင်အနှစ်သာရကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ The Dubai Mall ရဲ့ Fashion Avenue မှာ Chanel, Givenchy, Oscar de la Renta, Louis Vuitton, Valentino စတဲ့ အေအဆင့်ဝင်တံဆိပ်ပေါင်းများစွာရှိတယ်။ ဈေးဝယ်ရာသီရောက်ရင် လူဘယ်လောက်ကျိတ်ကျိတ်တိုးနေမလဲဆိုတာ စဉ်းစားသာကြည့်တော့ ..။

3. Seoul, Korea

အာရှအတွင်းရှော့ပင်းထွက်မယ့်မမများနောက်ထပ် စဉ်းစားရမယ့် နေရာဖြစ်ပါတယ်။ BB ခရင်မ်များရဲ့ ဇာတိရပ်မြေ၊ Beauty Junkies များမပြန်ချင်လောက်အောင်ဆွဲဆောင်မယ့် အလှအပပစ္စည်းဆိုင်များက ဆိုးလ်မြို့ရဲ့နေရာအနှံ့မှာ ပြန့်ကျဲနေပါတယ်။ Myeongdong ဆီကို ဒီဇိုင်နာတံဆိပ်များအတွက်သွားနိုင်သလို Dongdaemum နဲ့  Itaewon တို့လိုဈေးမျိုးကို ဈေးတန်တဲ့ပစ္စည်းများအတွက် သွားလည်နိုင်ပါတယ်။

4. Hong Kong

ဟောင်ကောင်ရဲ့ လက်လီပစ္စည်းအမြောက်အများရနိုင်မယ့်နေရာက Lane Crawford ဖြစ်ပြီး အဲ့ဒီမှာ တစ်ကယ့်ထိပ်သီးဒီဇိုင်နာလက်ကိုင်အိတ်များကို သင့်ရှော့ပင်းအိတ်ထဲထည့်နိုင်မှာဖြစ်ပါတယ်။ ဈေးသက်သက်သာသာနဲ့ လက်လှမ်းမီနိုင်တဲ့ ဖိနပ်များ၊ မျက်မှန်များအတွက် Square Street ကိုသွားပါ။

5. Paris

ဒီမြို့ကဘာကြောင့် ဈေးဝယ်ထွက်ရတာအကောင်းဆုံထဲမှာပါလဲဆိုတာ ပြောဖို့ကို မလိုတော့တာနော်။ ကမ္ဘာ့ထိပ်တန်းဖက်ရှင်တံဆိပ်များရဲ့မွေးဖွားရာဇာတိဖြစ်တယ်။ တစ်မြို့လုံးရဲ့ ကျက်သရေရှိ၊ များပြားလွန်းတဲ့ အနုပညာမြောက်အဆောက်အအုံတွေ၊ လမ်းတွေ၊ စတိုးဆိုင်သေးသေးလေးတွေကအစ အထာကျလှတဲ့ ပစ္စည်းတွေအပြည့်ခင်းကျင်းပြသထားတာမို့ သင့်ရဲ့ ၂၀၁၆ ဈေးဝယ်ထွက်မယ့် နေရာမှာ သူကစိတ်ကျေနပ်မှုအပြည့်ပေးနိုင်မှာပါ။ ဘက်ဂျက်အပြည့်ထည့်သွားဖို့လိုမယ်နော်။

6. London

Old Spitalfield Market ထဲမှာ အမျိုးသားဝတ်နဲ့ လက်မှုပစ္စည်းများအတွက် ဈေးဝယ်ထွက်ပါ။  ဒါမှမဟုတ် Dover Street Market ထဲမှာ Garcons နဲ့ Lanvin ဂါဝန်ရှည်များအတွက် သွားကြည့်လို့ရပါတယ်။ Shoreditch ဈေးကတော့ ကွန်တိန်နာထဲမှာ အကျီဆိုင်တွေလုပ်ထားတာဖြစ်ပြီး ဘယ်မှမှမရနိုင်တဲ့ ပစ္စည်းဆန်း၊ ဖက်ရှင်ဆန်းတွေကို ရနိုင်ပါလိမ့်မယ်။

7. Tokyo

သင်ကဖက်ရှင်လိုက်စားသူတစ်ယောက်ဆိုရင်တော့ သေချာပေါကါ Harajuku၊ အထူးသဖြင့် Takeshita Dori ဆီကို အမိုက်စားဒီဇိုင်းတွေရှိတဲ့ အပိုင်းအစတွေအတွက် သွားလည်ကိုလည်ရပါမယ်။ အရောင်စုံစိတ်ကူးများပြည့်နှက်နေတဲ့ အဲဒီလမ်းကြီးက သင့်စိတ်ကို ပျော်ရွှင်စေမယ့်အပြင် သင်မလုပ်ရဲတဲ့ဖက်ရှင်ကိုလည်း အဲ့ဒီမှာ လွတ်လွတ်လပ်လပ်ပြသနိုင်မှာဖြစ်ပါတယ်။ တည်ငြိမ်တဲ့တန်းမြင့်ဖက်ရှင်အတွက်တော့ တိုကျိုနဲ့ကပ်ရပ်မြို့ Daikanyama ကတော့ Brooklyn vibe ကိုပေးမှာပါ။

8. Milan

မီလန်မြို့ကို အထူးတလည်မိတ်ဆက်ပေးစရာလိုမယ်တောင်မထင်ပါဘူးနော်။ အီတလီလက်မှုပညာများရဲ့မြင့်မားတဲ့ ဖက်ရှင်အဆင့်အတန်း၊ သမိုင်းအစဉ်အလာမြင့်တဲ့ ဖက်ရှင်အိမ်များ၊ Prada မှ Dolce & Gabbana အထိရနိုင်မယ့်မြို့တစ်မြို့ဖြစ်တာကြောင့် တန်းမြင့်ဖက်ရှင်ကိုမှ နှစ်သက်ကြတဲ့ ဖက်ရှင်စွဲလန်းသူတွေရဲ့ နောက်ထပ် ဈေးဝယ်ထွက်မယ့် စိတ်ကူးမြို့တစ်မြို့ဖြစ်ပါတယ်။

9. Boston

တိုးရစ်တွေကတော့ ရောက်ရင် Faneuil Hall ဆီကို သွားကြပေမယ့် ဒေသခံတွေကတော့ တစ်ကယ့်ပစ္စည်းတွေကို ဘယ်မှာအကောင်းဆုံးရနိုင်မလဲဆိုတာ ပိုသိပါတယ်။ ဒီမြို့မှာ တစ်ရက်နှစ်ရက်လောက်ပဲနေဖို့ စဉ်းစားထားရင် Brick-lined Newbury လမ်းကိုသွားပါ။ ဒီလမ်းတစ်လျှောက်ကဆိုင်တိုင်းမှာ သင့်စိတ်ကြိုက်ဖြစ်မယ့် အပိုင်းအစအားလုံးရှိပါတယ်။

10. Singapore

ဘက်ဂျက်အကန့်အသတ်သတ်မှတ်ထားရင်တော့ စင်ကာပူကသင့်လည်းသင့်တော်၊ အကောင်းစားပစ္စည်းတွေလည်းရနိုင်မယ့် မြို့ဖြစ်ပါတယ်။ Haji Lane လိုလမ်းမျိုးက သင့်မျက်စိလျှင်လျှင်ထားပြီး ဈေးဝယ်ထွက်ရမယ့်နေရာဖြစ်ပါတယ်။ ဒင်နာဖက်ရှင်အတွက် Soon Lee ကိုသွားပါ။ China Town နဲ့ Holland Village က သင့်ရှော့ပင်းထွက်ရမယ့် စာရင်းထဲမှာ ထည့်ကိုထည့်သွားရပါလိမ့်မယ်။

 

 

 



Share this article

TOP 5 ARTICLES


Fitness   |   Posted on Dec 14, 2017

Victoria’s Secret မော်ဒယ...


Trend Reports   |   Posted on Dec 14, 2017

Body Piercing လုပ်မယ်ဆိုရ...


Fashion News   |   Posted on Dec 14, 2017

Nang Phoo Phoo Mon ရဲ့ချစ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.