Music   |   Posted on Nov 14, 2018 by Lin Thu Maung

ရွှေထူးရဲ့ လွမ်းဆွေးဖွယ်ရာ အချစ်သီချင်း ၃ ပုဒ်


အသစ်ထွက်တဲ့ “မင်းစိတ်နဲ့” ဆိုတဲ့ သီချင်းနားထောင်ပြီးပြီလား

Share this article

1) မင်းစိတ်နဲ့

အဖြစ်အပျက်တွေကိုမေ့လို့မရပေမဲ့ ကြိုးစားအားတင်းပြီး နေသားကျအောင်နေနေပါတယ်။

အချစ်ဆိုတာ နာကျင်စေဖို့သက်သက်ပဲထင်ပါတယ်။ မင်းစိတ်နဲ့ ငါ့ ခန္ဓာကိုယ်ကြီးက အသက်ဆက်ရှင်နေတာပါ။

မလိုချင်တော့ဘူးဆိုရင်လည်း ထွက်သွားပေးမှာပေါ့ ဆိုတဲ့ အဓိပ္ပာယ်စာသားတွေနဲ့ သီချင်းအသစ်ထွက်လာပါတယ်။

တီးလုံးလေးက နိုင်ငံခြားဆန်ပြီး တော်တော်လေးလှတယ်။ အဆွေး Mood ၀င်နေတဲ့သူတွေအတွက် သီချင်းကောင်းလေးတစ်ပုဒ်ပါ။

 

2) ခလုတ်

အပေါ်ယံဟန်ဆောင်ပြီးချစ်ပြတာမျိုးကို အရမ်းပင်ပန်းနေပြီ။

သိပ်ချစ်လွန်းလို့ ရင်နာနာနဲ့ ပြောမထွက်ခဲ့တဲ့ စကားတွေလည်း တစ်ပုံကြီး၊ မင်းမရှိရင်ပျော်စရာမကောင်းတာတော့အမှန်ပဲ။ နာကျည်းခဲ့ရတဲ့ညတွေ အရမ်းများနေခဲ့ပြီဆိုတော့ ငါနောက်ထပ်မငိုတော့ဘူးတဲ့။

သီချင်းလေးက ၂မိနစ်ပဲရှိတယ်။ ဒါပေမဲ့ တော်တော်လေးကောင်းတယ်။ လုံးဝ အလွမ်းအဆွေး Mood ပဲ။

 

3) Candy Featuring Myat Amara Maung

Korea Vibe သီချင်းပုံစံလေးပါ။ မြူးမြူးကြွကြွ သံစဉ်၊စာသားတွေနဲ့ မိန်းကလေးတစ်ယောက်ကို ပုံဖော်ထားပါတယ်။

မင်းရဲ့ နှင်းဆီရောင် နှုတ်ခမ်းလေးအောက်မှာ ငါကြွေကျနေခဲ့ရပြီဆိုတဲ့သဘောပေါ့။ မိန်းကလေးတစ်ယောက်ကို အရူးအမူးဖြစ်နေတဲ့ ပုံစံမျိုးလေးကိုတွေ့ရတယ်။ နားဆင်ကြည့်ပါဦး။

 

Editor : Lin Thu Maung

 



Share this article

TOP 5 ARTICLES


Celebrity Beauty   |   Posted on Dec 7, 2018

KEY ရဲ့ လွယ်ကူ ရိုးရှင်းတ...


Parties & Events   |   Posted on Dec 6, 2018

ရန်ကုန်မြို့မှာ ပထမဦးဆုံ...


Diet & Fitness   |   Posted on Dec 6, 2018

BLACKPINK အဖွဲ့ရဲ့ DIET P...


Skin   |   Posted on Dec 6, 2018

Piercing မလုပ်ခင် သိထားသင...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.