style note   |   Posted on Dec 16, 2016 by kiki

ရေသူမစတိုင်ဆံပင်ပုံစံနဲ့ Allure အတွက် Coverရိုက်ကူးခဲ့တဲ့ Zendaya


Zendayaတစ်ယောက် ဆွဲဆောင်မှုအပြည့်နဲ့ လန်းနေတာတော့အမှန်ပါပဲ။

Share this article

Zendayaဟာ အမေရိကန်အဆိုတော်၊သရုပ်ဆောင်နဲ့ အကပညာရှင်တစ်ယောက်ဖြစ်ပြီး Beauty Iconတစ်ယောက်လည်းဖြစ်ပါတယ်။Zendayaဟာ Allureရဲ့ 2017ပထမဦးဆုံး Issueမှာ ပါဝင်လာခဲ့ပါပြီ။အသက် ၂၀ပဲရှိသေးတဲ့ ငွေကြယ်ပွင့်ဟာ ကော်ဇောနီပေါ်မှာ သူမရဲ့ အတွေ့အကြုံတွေကို ဖော်ပြဖို့ ဘယ်တော့မှ တွန့်ဆုတ်မနေခဲ့ပါဘူး။သူမရဲ့ရွှေအိုရောင် ရှေ့တိုနောက်ရှေ Mulletဆံပင်ဒီဇိုင်းကနေ Dreadlockတွေ အထိပေါ့။

 Allure ရဲ့ဇန်န၀ါရီလ မျက်နှာဖုံးမှာ Zandayaဟာ တောက်ပပြီးပေါပါးတဲ့အသွင်နဲ့မြင်ရမှာဖြစ်သလို နောက်ကို အပြောင်လှန်သိမ်းထားတဲ့ ဆံပင်အစိုဒီဇိုင်း၊ပြောင်လက်နေတဲ့အသားအရေ၊မျက်ခုံးမွှေးထင်းထင်းနဲ့ အမိုက်စားဖြစ်နေတာကိုတွေ့ရမှာပါ။ဆံပင်တွေကို ရေသူမဆံပင်ဆန်ဆန် နောက်ကို လှန်သိမ်းထားတာက သူမကို ပိုပြီးဆွဲဆောင်မှုရှိစေတာလည်းဖြစ်ပါတယ်။စိမ်းဝါရောင်ဝတ်စုံက သူမကို ပိုလှသွားအောင် ပံ့ပိုးပေးထားပြီး သူမရဲ့အပြင်အဆင်က ပန်းခရမ်းရောင်ဆန်ဆန်နှုတ်ခမ်းနီနဲ့သဘာဝအသားအရေနဲ့ လုံးဝကို လိုက်ဖက်နေတာပါ။နောက်ထပ် ပန်းရောင်နဲ့ လိမ္မော်စပ်ထားတဲ့ ၀တ်စုံဟာလည်း သူမကို ပိုပြီး ထင်းသွားစေပါတယ်။Zendayaရဲ့ Postနဲ့ ၀တ်စုံ ဟန်ချက်ညီသွားတာပေါ့။

Zandayaရဲ့အပြင်အဆင်ကို သဘောကျပြီး လိုက်လုပ်ကြည့်ဖို့တော့လွယ်ပါတယ်။အစိုဓာတ်ပါတဲ့Hair Gelနဲ့ Dewy Finishဖြစ်မယ့် Foundationပဲလိုအပ်တာပါ။ပိုပြီးတောက်ပချင်ရင်တော့သင်အကြိုက်ဆုံးHighlighterလေးထည့်လိုက်ရုံပါပဲ။ဒီလိုအဆင်ပြေလွယ်ကူတဲ့မိတ်ကပ်ပြင်ဆင်မှုနဲ့ဆွဲဆောင်မှုရှိတဲ့ဆံပင်ပုံစံကိုBeach Vacationမှာ ပြင်ဆင်ဖို့ သဘောတွေ့ကြမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် Zandayaတစ်ယောက် Allureရဲ့မျက်နှာဖုံးမှာ အမိုက်စားဖြစ်နေတာတော့ ငြင်းရက်စရာမရှိပါဘူး။

www.popsugar.com

SuYiHtet

 

 

 



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Jan 20, 2017

Darke နှင့်ပါတ်သက်တဲ့ ကိစ...


Celebrity News   |   Posted on Jan 20, 2017

bomber jackets တွေဝတ်ပြီး...


Film & Music   |   Posted on Jan 20, 2017

Taylor Swift ဟန်ပန်နဲ့ အသ...


Film & Music   |   Posted on Jan 19, 2017

2017 People's Choice Awar...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.