travel   |   Posted on Nov 21, 2016 by Elijah htang

ရှေးဟောင်းဒီဇိုင်းတွေနှင့်အတူ ခေတ်အမှီဆုံးအဆောက်အဦးတွေအလည်သွားသင့်တဲ့နိုင်ငံ


ကမ္ဘာ့အချမ်းသာဆုံးဖြစ်တဲ့ ဒူဘိုင်းကိုအလည်သွားမယ်ဆိုရင် လည်ဖို့ အသင့်တော်ဆုံးနေရာများ

Share this article

ဒူဘိုင်းဟာဆိုရင် ခရီးတစ်ထောက်နားနေရာ အဖြစ်အသုံးပြုနိုင်ရုံမက ခေတ်ဟောင်းနှင့် ခေတ်သစ်၊ ကမ္ဘာ့အရှေ့ပိုင်းနှင့် အနောက်ပိုင်းစတဲ့ အရာအားလုံးကို တစ်နေရာတည်းမှာ တွေ့မြင်ခံစားနိုင်တဲ့မြို့တစ်မြို့အဖြစ် တည်ဆောက်ထားပါတယ်။ကမ္ဘာနှင့် ချိတ်ဆက်နေတဲ့ အချက်အချာကျ စီးပွားရေး နေရာတစ်ခုထက်ပိုသည့် ဒူဘိုင်းဟာ ဈေးဝယ်ထွက်လိုသူတွေအတွက် ဒူဘိုင်းဟာ ကမ္ဘာ့အကြီးဆုံး ငါးပြတိုက် အပါအဝင် နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များ စုဝေးရာ Dubai Mall အစရှိတဲ့ ကမ္ဘာ့အဆင့်မီ ဈေးဝယ်စင်တာများ အပြင် မိုးလုံ၊လေလုံ နှင်းလျောစီး အပန်းဖြေစခန်း  Ski Dubai ရှိတဲ့ Mall of the Emirates ဟာ ဈေးဝယ်ထွက်ရုံသာမက အပန်းဖြေနိုင်ပါတယ်။

Souks လို့ ခေါ်တဲ့ ရိုးရာ အာရေဗျေ ဈေးတွေမှာ ရွှေ၊ ဟင်းခတ်အမွှေးအကြိုင်များ နှင့် ဒူဘိုင်းမြို့၏ စီးပွားကုန်ကူးသန်းမှုကို ဖော်ဆောင်သည့် ကုန်ပစ္စည်းများကို တွေ့ရမှာဖြစ်ပါတယ်။

စွန့်စားမှုကို နှစ်သက်သူတွေအတွက် ကမ္ဘာ့နာမည်ကြီး ဗိသုကာ တည်ဆောက်မှု များဖြစ်တဲ့ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံ The Burj Khalifa နှင့် လူလုပ်ကျွန်းများ ဖြစ်တဲ့ The Palm Jumeirah ရှိပါတယ်။

မကြာသေးမီက ဖွင့်လှစ်လိုက်တဲ့ ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံ ဖျော်ဖြေရေးနေရာဖြစ်တဲ့ IMG Worls of Adventure မှာ စိတ်လှုပ်ရှားဖွယ်ရာ နှင့် ဆန်းသစ်တဲ့အတွေ့အကြုံတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မကြာမီဖွင့်လှစ်တော့မည့် Dubai Parks and Resorts မှလည်း မတူညီသော ဆွဲဆောင်မှုများနှင့် အတွေ့အကြုံများကို ရရှိနိုင်မှာဖြစ်ပါတယ်။



Share this article

TOP 5 ARTICLES


makeup   |   Posted on Feb 20, 2017

Fifty Shades Darkerထဲက An...


makeup   |   Posted on Feb 19, 2017

New York Fashion Week ရဲ့...


makeup   |   Posted on Feb 18, 2017

Beauty and the Beast ဇာတ်...


trend report   |   Posted on Feb 17, 2017

နယူးယောက်ခ် Hip Hop ယဉ်ကေ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.