Yangon Fitness Club မှ လေးဆိုင်မြောက်ဆိုင်ခွဲအဖြစ် ပန်းဆိုးတမ်းလမ်း အထက်ဘလောက်ရှိ ပင်လုံထိပ်ထား ကွန်ဒိုပထမထပ်တွင် ထပ်မံဖွင့်လှစ်ခဲ့သည်။ Fitness Center ဖွင့်လှစ်ရခြင်းရည်ရွယ်ချက် အနေဖြင့် လူငယ်၊လူကြီးမရွေး ကျန်းမာပျော်ရွှင်ပြီး၊ လှပနိုင်ကြဖို့အတွက် အဓိကရည်ရွယ်ပြီးတော့ ဖွင့်လှစ်ဖြစ်ခဲ့ခြင်းဖြစ်သည်။
ဆိုင်ခွဲဖွင့်ပွဲ၏ အထိမ်းအမှတ်အနေဖြင့် ဖွင့်ပွဲနေ့တွင် Member လာရောက်ဝင်သူ၊ ၅၀ဦး ကို 30% Discount ပေး၍ကြိုဆိုခဲ့သည်။ နောက်နေ့တွေမှာလာရောက်အပ်နှံကြသူများကိုလည်း Extra Discount များပေးအပ်သွားရန်စီစဉ်ထားသည်။ Yangon Fitness Club အနေဖြင့် ဆိုင်ခွဲများကိုလည်း ထပ်မံ၍ တိုးချဲ့ ဖွင့်လှစ်သွားရန်စီစဉ်ထားကြောင်းသိရသည်။
EDITOR: SOE SOE