Parties & Events   |   Posted on Jul 8, 2019 by May Shoon

Fantastic Events together with Great Singapore Sales


Great Singapore Sales နဲ့အတူ ဘယ်လိုစိတ်လှုပ်ရှားစရာတွေက စောင့်မျှော်နေမှာလဲ

Share this article

MODA ကတော့ မကြာခင် မှာ စင်ကာပူကို သွားလည်တော့မှာ ဘာ့ကြောင့်လဲဆိုတာ ကို MODA ရဲ့ စာဖတ်ပရိသတ်တွေ သိချင်ကြမယ်ထင်ပါတယ်။

အကြောင်းရင်းကတော့ စင်ကာပူ က ဘယ်အချိန်ပဲ သွားလည်လည်  အပတ်တိုင်းမှာ မဆုံးနိုင်တဲ့ ပွဲတွေနဲ့ သင့်ကိုအားလပ်ချိန်မရှိအောင် လုပ်ထားတဲ့မြို့တစ်မြို့ ဖြစ်လို့ပါပဲ။  စင်ကာပူ ကိုဒီလမှာ အလည်အပတ်သွားမယ့် သူတွေအတွက်တော့  ကြီးကျယ်ခမ်းနားတဲ့ Great Singapore Sale ကို ဇွန်လ ၂၁ ရက်မှ နေပြီး ဇူလိုင်လ ၂၈ နေ့ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဈေးဝယ်ရတာ ကြိုက်နှစ်သက်သူတွေအတွက် အံ့သြစရာကောင်းတဲ့ ဈေးဝယ်ရတဲ့အတွေ့အကြုံတွေပေးနိုင်ရုံတင်မကသေးပါဘူး။ တခြားထူးခြားပြီး လက်မလွှတ်သင့်တဲ့ အစီအစဉ်တွေလည်း အများကြီး ပါဝင်နေပါတယ်။ ဒီ Great Singapore Sale ပွဲတော်ကြီးမှာ Explore၊ Play၊ Shop၊ Live၊ Dine ဆိုတဲ့ အတိုင်း ဈေးဝယ်တာတစ်ခုတည်းမဟုတ်ပဲ တခြား ပျော်ရွှင်စရာကောင်းတဲ့ အစီအစဉ် တွေအများကြီးကိုလည်း ထည့်သွင်းထားပါတယ်။

ဒီနှစ်ပွဲမှာလည်း နိုင်ငံတကာ နဲ့ ပြည်တွင်း ဖက်ရှင် တံဆိပ် တွေကို အသင့်တော်ဆုံးဈေးနှုန်းတွေနဲ့  ၀ယ်ယူနိုင်မှာဖြစ်သလို အမိုက်စား Fashion Scramble လို့ခေါ်တောင်တင်စားထားတဲ့  ဈေးဝယ်စင်တာတွေ ပြည့်နေတဲ့ လမ်းတစ်လျှောက်ကိုလည်း  parade ဆန်တဲ့    ဖျော်ဖြေတင်ဆက်နေမှု တွေကိုလည်း မြင်တွေ့ရဦးမှာနော်။ ဒါဆို Fashion Scramble ဆိုတာ ဘာလဲ ဆိုတော့ ဖက်ရှင်ချစ်သူတွေအတွက် တကယ်လက်မလွှတ်သင့်တဲ့ ပြည်တွင်း ဒီဇိုင်နာတွေ၊ နိုင်ငံတကာ ဖက်ရှင် အမှတ်တံဆိပ်တွေနဲ့ Temasek Polytechnic ကဖက်ရှင် ကျောင်းသားတွေရဲ့ ဖန်တီးထားတဲ့ ဖက်ရှင်တွေကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ Fashion Mall တွေမှာ Shopping ထွက်ရတာ ငြီးငွေ့လာတဲ့ သူတွေအတွက်လည်း Singapore Street Pop-Up ဆိုင်တွေကိုလည်း အများကြီးဖွင့်လှစ်ထားပါတယ်။ ဒီ Street Pop-Up တွေမှာတော့ ဖက်ရှင် နဲ့ ဈေးသက်သာပြီး ထူးခြားတဲ့ Accessories၊ Arts & Crafts နဲ့ပတ်သက်ပြီးရောင်းချတဲ့ ဆိုင်တွေအပြင် စင်ကာပူ ရဲ့ အရသာရှိလှတဲ့ Signature Street Food တွေကိုလည်း မြည်းစမ်းကြည့်လို့ရတဲ့ဆိုင်လေးတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ စင်ကာပူ ရဲ့ ဈေးဝယ်သူတွေနဲ့ တကယ့်ကိုစည်းကားနေတဲ့ လမ်းတစ်လျှောက်မှာ  Pop-Up Store တွေနဲ့ စည်ကားနေသလို Instagram-worthy ဖြစ်တဲ့ Pop-Up  Art Installation တွေလည်း ခင်းကျင်းထားတာမို့ Shopping ထွက်ရင်း နဲ့ ကိုယ့်မိသားစုတွေ သူငယ်ချင်းတွေ အားကျအောင်လို့ ဓာတ်ပုံရိုက်ချင်တဲ့ သူတွေအတွက်လည်း အကြိုက်တွေ့စေမှာပါ။

အစားအသောက်ကြိုက်နှစ်သက်တွေ အတွက်လည်း စင်ကာပူရဲ့ အစားအသောက်နဲ့ ယဉ်ကျေးမှု နှစ်ခု ပေါင်းစပ်ပျော်ဝင်နေတဲ့နေရာတစ်နေရာလိုမျိုး အမျိုးအစားစုံလင်လှတဲ့ ဟင်းလျာမျိုးစုံကို တစ်နေရာတည်းမှာ စိတ်ကြိုက်သုံးဆောင်နိုင်တာကြောင့်   သူငယ်ချင်းတွေနဲ့ တင်မက မိသားစုတွေပါ လက်မလွှတ်တမ်းလာသင့်တဲ့ ပွဲတစ်ခုပါနော်။ ဘာလို့လဲဆိုတော့ စင်ကာပူ ရဲ့ Chinatown မှာ  ကျင်းပနေကျဖြစ်တဲ့ 50 Cents Festival ပွဲတော်လည်းရှိသေးတယ်နော်။ အဲ့ပွဲတော်မှာတော့ စင်ကာပူ ရဲ့ အရသာရှိတဲ့ ရိုးရာ street food  တွေကို စင်ကာပူဒေါ်လာ ပြား (၅၀) ကနေစပြီး ရောင်းချပေးနေတာဖြစ်လို့ ဈေးနှုန်းသက်သက်သာနဲ့ မြည်းစမ်းနိုင်မှာပဲ ဖြစ်ပါတယ်။ တကယ်လို့ လက်ဖက်ရည်နဲ့ bubble-tea တွေကို ကြိုက်နှစ်သက်သူအတွက် ကတော့ စင်ကာပူရဲ့ bubble-tea တွေ က နေရာတိုင်းမှာရှိနေမှာပဲ ဖြစ်ပါတယ်။ တကယ်လို့ KOIတွေက နေ Hey Tea တွေအထိ မြည်းစမ်းချင်သလောက် မြည်းစမ်းနိုင်ပါတယ်။

ကလေးတွေနဲ့အတူ လာရောက်လည်ပတ်ကြတဲ့သူတွေလည်း Aladdin Musical ပြဇာတ်ကို Sands Theatre နှင့် Marina Bay တို့မှာ ဇူလိုင်လ ၂၁ ရက်နေကနေ သြဂုတ်လ ၁၁ ရက်နေ့ထိပြသသွားမှာဖြစ်ပါတယ်။ Bayfront Event Space မှာလည်း ထူးခြားတဲ့ ပြကွက်တွေနဲ့ Kurios ရဲ့ Cabinet of Curiosities အမည်ရတဲ့ ဆပ်ကပ် တင်ဆက်မှုတွေ လည်းရှိသေးတယ်နော်။

ဒါကတော့ သင့်အနေနဲ့ ဇူလိုင်လ နဲ့ သြဂုတ်လ တွေမှာ စင်ကာပူသွားမယ် ဆိုရင် တကယ့်ကိုလည်ပတ်သင့်တဲ့ ပွဲတွေပဲ ဖြစ်ပါတယ်။

  • Great Singapore Sale: Experience Singapore – June 21 to July 28, 2019
  • Kurios – Cabinet of Curiosities, Bayfront Event Space, Marina Bay Sands – July 9 to July 21, 2019
  • Singapore Food Festival 2019 – July 12 to July 28, 2019
  • Singapore Tea Festival, Jewel Changi Airport, Changi – July 19 to July 21, 2019
  • International Champions Cup Singapore – July 20 to July 21, 2019
  • Aladdin Musical, Sands Theatre, Marina Bay – July 21 to Aug 11, 2019
  • Singapore Night Festival – July 25 to Aug 31, 2019
  • The 50 Cents Fest, Chinatown Food Street, Chinatown – July 27 to July 28, 2019

ကဲ ဒါဆို Singapore Food Festival မှာအရသာ ရှိတဲ့ အစားအစာတွေကို စားကြရင်းနဲ့ Great Singapore Sale မှာ ဈေးဝယ်ကြအောင်လို့ Page ကို Follow လုပ်ထားကြဖို့မမေ့နဲ့နော်။

မြန်မာနိုင်ငံကနေ Great Singapore Sale ကို အမှီ သွားလည်ချင်တဲ့ လူတွေ အတွက်ကတော့ ILoveSQ Link - http://bit.ly/2UUZTLnကနေ ဇူလိုင်လ ၈ ရက်နေ့ကစပြီး  လေယာဉ် လက်မှတ်တွေအတွက် အတန်ဆုံးဈေးနှုန်းတွေနဲ့ ရောင်းချပေးနေပါပြီ။



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.