#Unicode
ဒီတစ်ခေါက်မှာတော့ မြန်မာနိုင်ငံရဲ့ Fashion goddess တစ်ဦးဖြစ်တဲ့ အိန္ဒြာကျော်ဇင်ရဲ့ ပွဲတက်ဖက်ရှင်ပုံရိပ်တွေကို ဖော်ပြပေးပါမယ်နော်။ အိန္ဒြာကျော်ဇင်ဟာ ခေတ်အဆက်ဆက် Fashionable ဖြစ်တဲ့ မင်းသမီးတစ်ယောက်အဖြစ် ယနေ့အချိန်ထိရပ်တည်နေသူတစ်ဦးပါ။ သူမရဲ့ ဖက်ရှင်တွေက အမြဲ update ဖြစ်နေတာကြောင့် မျိုးဆက်သစ် celebrity တွေရဲ့ စံထားခံရသူတစ်ဦးလည်း ဖြစ်ပါတယ်။ အနုပညာလမ်းပေါ်စရောက်ခဲ့တဲ့ အချိန်ကစလို့ ယနေ့အထိ အူဝဲရဲ့ ဖက်ရှင်တွေဟာ ဘယ်တော့မှမထပ်ဘဲ အမြဲ သစ်လွင်လို့ နေပါတယ်။ ဖက်ရှင်ပိုင်းမှာ အမြဲ update ဖြစ်နေရုံသာမကသေးပါဘူး သရုပ်ဆောင်မှုပိုင်းမှာလည်း ဝါရင့်သရုပ်ဆောင်ပီပီ အိုက်တင်တွေကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်သူပါ။ အူဝဲဟာ တရုတ်နိုင်ငံရွှေကြက်ဖနိုင်ငံတကာရုပ်ရှင်ပွဲကို ပထမဦးဆုံး ဖိတ်ကြားခြင်းခံရတဲ့ မြန်မာအမျိူ းသမီးသရုပ်ဆောင် တစ်ယောက်ဖြစ်လည်း ဖြစ်ပါတယ်။ ါ့အပြင် သူရဲ့ သူသရုပ်ဆောင်ချက်တွေဟာလည်း စီနီယာအမျိုးသမီးသရုပ်ဆောင်တွေရဲ့ ချီးကျူးမှုကို ရရှိသူတစ်ဦးပါ။ အူဝဲဟာ ဆယ်စုနှစ် ၂စု တိုင်အောင် အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တဲ့ မင်းသမီးတစ်ဦးပါ။ကဲ ဒီတော့ ပရိသတ်ကြီးအတွက် အိန္ဒြာကျော်ဇင်ရဲ့ ပွဲတက်ဖက်ရှင်ပုံရိပ်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်နော်။
#Zawgyi
Editor : Lin Lin