Fashion News   |   Posted on May 20, 2019 by Yin Moe Shinn

Fenty Beauty ပြီးတော့ luxury fashion ဘက်ကိုခြေလှမ်းစတော့မယ့် Rihanna


Rihanna ရဲ့ ခြေလှမ်းသစ်က.....

Share this article

ကမ္ဘာကျော်အဆိုတော် Rihanna ကတော့အဆိုပိုင်း သရုပ်ဆောင်ပိုင်းတွေသာမကဘဲ Fenty Beauty Product ဘက်မှာပါအောင်မြင်တဲ့သူတစ်ယောက်ပါ။သူမရဲ့ Beauty product တွေကလည်းလူ့ကြိုက်

 

များပြီးအောင်မြင်နေဆဲဖြစ်ပါတယ်။အခုတစ်ခါမှာတော့ ဖက်ရှင်ဘက်ကိုခြေလှမ်းစလာတဲ့သူမက Luxury Fashion brand တစ်ခုချပြဖို့ ရှိတယ်လို့ Launch လုပ်ခဲ့ပါတယ်။ Paris မြို့ အခြေစိုက် LVMH Company

ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အတူ Fenty beauty product တွေထုတ်လုပ်ခဲ့သလို အခုတစ်ခါ LVMH ရဲ့ CEO  Bernard Arnault ပေးတဲ့အခွင့်အရေးအတိုင်း အနုပညာပေါ်ခံစားမှုကိုအကန့်အသတ် မထားဘဲ Luxury fashion line တစ်ခုဖန်တီးခွင့်ပေးလာတဲ့အပေါ်သူမစိတ်ကြိုက် ready-to-wear, shoes, sunglasses and accessories တွေကိုထုတ်လုပ်ဖို့ ရှိကြောင်းကြော်ညာထားပါတယ်။အကောင်းဆုံး Luxury fashion ပစ္စည်းတွေအတွက် Rihanna ရဲ့ အားထုတ်မှုကိုအပြည့်အဝထောက်ပံ့ ပေးဖို့ အားကောင်းတဲ့ Team တစ်ခုရှိထားတယ်လို့ CEO ကပြောပါတယ်။ဖန်တီးမှုအားကောင်းပြီး စီးပွားရေးအသိညဏ်ကြွယ်ဝတဲ့ LVMH Company နဲ့ အတူဘယ်လို ဆန်းကြယ်တဲ့ဖက်ရှင်ပစ္စည်းတွေထွက်ရှိလာမလဲဆိုတဲ့အပေါ်  Rihanna ကိုယ်တိုင်လည်းရင်ခုန်နေတယ်လို့ ဆိုပါတယ်။ Robyn Rihanna Fenty ဆိုတာ Rihanna ရဲ့ နာမည်အရင်းဖြစ်ပြီးတော့သူမရဲ့ Surname အတိုင်း Fenty Maison label အောက်မှာထုတ်လုပ်မှာဖြစ်ပြီး Label launchလုပ်တဲ့အခါမှာလည်းပစ္စည်းတစ်ချို့ ကို

သူမကိုယ်တိုင်ရိုက်ကူးဖို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။

Editor : Bo

 


 



Share this article

TOP 5 ARTICLES


Body   |   Posted on Sep 18, 2019

2019 3D Nail Design


Fashion News   |   Posted on Sep 18, 2019

2019 London Fashion Week...


Celebrity Style   |   Posted on Sep 17, 2019

ခပ်မိုက်မိုက် Fashion တွေ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.