Film & Music   |   Posted on Dec 20, 2016 by Elijah htang

Fifth Harmony ကတယောက်တော့ထွက်သွားပါပြီ


အဖွဲ့ ကအောင်မြင်မူတွေရတုန်းဘဲရှိသေးတယ်. . .Camila ရယ်ဘာကြောင့်ထွက်သွားရတာလဲ .

Share this article

Fifth Harmony အဖွဲ့မှာ တစ်ယောက်တော့ လျှော့နည်းခဲ့ပြီ။ သူတို့အဖွဲ့ဟာ ပရိသတ်တွေဆီ စာဖြင့် Camila Cabello ထွက်ခွာတဲ့အကြောင်း ကြေညာခဲ့ပါတယ်။“၄နှစ်ခွဲလောက် တူတူရှိနေခဲ့ပြီးမှ Camila ရဲ့ ပြောရေးဆိုခွင့်ရှိသူဆီကနေ သူမ Fifth Harmony ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတဲ့အကြောင်း ကြားသိလိုက်ရပါတယ်။ ကျွန်မတို့အနေနဲ့ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” လို့  စာမှာဖော်ပြထားပါတယ်။ အောက်မှာလည်း သူတို့ လေးယောက်နာမည်ကို ရေးထိုးထားပါတယ်။မိုင်ယာမီမှာရှိတဲ့ Jingle Ball ရေဒီယိုအစီအစဉ်မှာ Fifth Harmony ဖျော်ဖြေပြီး နာရီအနည်းငယ်အကြာမှာ Cabello ထွက်ခွာတဲ့သတင်းထွက်လာတာပါ။ အဖွဲ့ကခွဲထွက်ကြောင်း ကြေငြာတဲ့ ဒီဇင်ဘာ(၁၈) ရက်နေ့ဟာ Cabello ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့နေ့ပဲ ဖြစ်ပါတယ်။

တနင်္လာနေ့မှာတော့ Cabello က အဖွဲ့ကထွက်ခွာကြောင်းအတည်ပြုခြင်းနှင့် သူမအနေနဲ့ အဲ့လိုကြေငြာတဲ့ အပေါ် နောင်တရကြောင်းပြောခဲ့ပါတယ်။“ကျမအနေနဲ့ ကျမကိုယ်တိုင် မသိရှိလိုက်ပဲ Fifth Harmony account မှာတင်ထားတဲ့စာကို ဖတ်လိုက်ရပြီး အတော်လေးကို တုန်လှုပ်မိပါတယ်။ ဖျော်ဖြေရေးခရီးသွားနေစဉ်မှာ အနာဂတ်နဲ့ပတ်သက်တဲ့ စကားတွေ ပြောခဲ့တာတွေ၊ ကျမခံစားချက်တွေကို သူတို့ဟာ နားလည်ကြပြီးသားပါ။  ကျမရဲ့ပြောရေးဆိုခွင့်ရှိသူထံက သိရတယ်လို့ သူတို့ပြောပေမယ့်လည်း သူမအနေနဲ့ ‘အဖွဲ့ကထွက်ခွာတယ်’ ဆိုတာ တကယ်တော့ မမှန် သေးပါဘူး” ဟု Cabello က ရေးသားထားပါတယ်။“ကျမအနေနဲ့ Fith Harmony နဲ့ အခုလိုဇာတ်သိမ်းဖို့ရည်ရွယ်ရင်းမရှိပါဘူး။ အခုလိုပြီးဆုံးသွားရတော့မယ် ဆိုရင်ဝမ်းနည်းဖို့ကောင်းလှပါတယ်။ ကျမအနေနဲ့ သူတို့အပေါ်တစ်ယောက်ချင်းပဲဖြစ်ဖြစ် အဖွဲ့အပေါ်ပဲ ဖြစ်ဖြစ် အဆက်အသွယ်မပြတ်ရှိသွားမှာပါ”

ပေါ့ပ်မိန်းကလေးအဖွဲ့ဟာ အခုဆို Ally Brooke Hernandez, Normani Kordei, Lauren Jauregui နဲ့ Dinah Jane တို့ကျန်နေပြီး ၂၀၁၂ ခုစ်က စတင်ဖွဲ့စည်းခဲ့တာပါ။U.S “The X Factor” ရဲ့ နာမည်ကြီး ဒိုင် Simon Cowell က သူတို့တစ်ယောက်ခြင်းပြိုင်ပွဲမှာ ဝင်ပြိုင်ကြပြီး နောက် အဖွဲ့အဖြစ် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ ခုနစ် Birtish “X Factor” တုန်းကလည်း အလားတူပဲ Cowell က One Direction အဖွဲ့ကို ဖန်တီးခဲ့ပါသေးတယ်။

REF: Los Angeles Times



Share this article

TOP 5 ARTICLES


makeup   |   Posted on Feb 20, 2017

Fifty Shades Darkerထဲက An...


makeup   |   Posted on Feb 19, 2017

New York Fashion Week ရဲ့...


makeup   |   Posted on Feb 18, 2017

Beauty and the Beast ဇာတ်...


trend report   |   Posted on Feb 17, 2017

နယူးယောက်ခ် Hip Hop ယဉ်ကေ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.