Parties & Events   |   Posted on Nov 13, 2018 by Min Chit Paing

Frederique Constant ကို Swiss Time Square တွင် စတင်ရောင်းချနေပြီ


ခန့်ညားတဲ့ ယောက်ျားလေးတွေနဲ့ ကျက်သရေရှိတဲ့ မိန်းကလေးတွေကို ပိုပြီး ဝင့်ကြွားစေမှာက သိပ်ကိုလှတဲ့ လက်ပတ်နာရီလေးတွေပေါ့

Share this article

အရည်အသွေးအကောင်းဆုံး ဆွစ် တန်ဖိုးမြင့် လက်ပတ်နာရီ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Frédérique Constant ရဲ့  နာရီများ စတင်မိတ်ဆက် ရောင်းချသည့် အခမ်းအနားကို အောက်တိုဘာ ၁၉ရက်နေ့တွင် ကမ္တွာအေးဘုရားလမ်းပေါ်ရှိ Swiss Time Square Fine Luxury Watches နာရီ ဆိုင်တွင်  ကျင်းပခဲ့ပါတယ်။

“Frédérique Constant” ဆိုတဲ့နာမည်က လက်ရှိတည်ထောင်သူနှစ်ဦးရဲ့ ဘိုးဘေးတွေဖြစ်တဲ့ ဆွစ်နာရီလုပ်ငန်းရှင် Frederique Schreiner (1881-1969) နဲ့ Constant Stas (1880-1967) တို့ရဲ့ ရှေ့နာမည်တွေကို ယူထားတာဖြစ်ပါတယ်။ Frédérique Constant က ဖန်တီးခဲ့တဲ့ “Heart Beat Manufacture” နာရီတွေဟာ ၂၀ဝ၅ ခုနှစ်မှာ Horloges  မဂ္ဂဇင်းရဲ့ “Watch of the Year” ဆုကို ဆွတ်ခူးခဲ့ပါတယ်။ သူတို့ရဲ့ ဆန်းသစ်တီထွင်မှု၊ နာရီပညာနဲ့ အရည်အသွေးအပေါ်ထားတဲ့ စိတ်အားထက်သန်မှု တို့ကြောင့် Frédérique Constant ဟာ ဆွစ်လက်ပတ်နာရီနယ်ပယ်မှာ လူတိုင်းသဘောကျရတဲ့ တန်ဖိုးမြင့် Affordable Swiss Entry Brand တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်။

ဒီဂျစ်တယ်ခေတ်ရဲ့ လုပ်ဆောင်ချက်တွေ နဲ့ ဂန္တဝင်နည်းပညာ တို့ပေါင်းစပ်မှုနှင့်အတူ အဆင့်မြင့် လုပ်ဆောင်ချက်တွေပါဝင်တဲ့ Digital Module တစ်ခုကို ပေါင်းစပ်ပြီး သူမတူတဲ့ထူးခြားဆန်းသစ်မှုကို ပုံဖော်လိုက်တဲ့ Frédérique Constant ရဲ့ Hybrid Manufacture နာရီတွေက ငယ်ရွယ်နုပျိုမှုရဲ့ အရသာနဲ့ပုံရိပ်ကို ပေါ်လွင်စေတဲ့ နာရီကိုမြတ်နိုးတဲ့လူငယ်အတွက် သင့်တော်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်မှာသေချာပါတယ်။

Editor : Min Chit Paing



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.