Celebrity News   |   Posted on Sep 13, 2019 by Ja Seng Pan

Gigi Hadid နဲ့ Tyler Cameron တို့ဇာတ်လမ်း


သူတို့ရဲ့ အချစ်ဇာတ်လမ်းကလေးက ဘယ်လိုဆက်ဖြစ်ကြမှာလဲ

Share this article

Gigi Hadid နဲ့ Tyler Cameron တို့နှစ်ဦးဟာ Date နေကြတယ်လို့ နယူးယောက်သတင်းတွေ အရသိရပါတယ်။ သူတို့နှစ်ဦးရဲ့ တွေ့ဆုံမှုဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ အကြိမ်ရေ တော်တော်များခဲ့တယ်လို့လဲ ဆိုပါတယ်။

 

Gigi နဲ့ Tyler တို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ရက်နေ့က စတင်ပြီး Instagram မှာ တစ်ဦးကို တစ်ဦး Follow လုပ်ခဲ့ကြပါတယ်။ သြဂုတ်လ ၄ ရက်နေ့မှာတော့ Tyler ဟာ Hannah နဲ့ Date ပြီးနောက် Gigi နဲ့ ဆက်လက်တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံမှုနောက်ပိုင်းမှာတော့ New York City မှာ Gigi နဲ့ Tyler တို့ကို မကြာခဏဆိုသလို တွေ့ရတယ်လို့ ဆိုပါတယ်။ 

 

Tyler ဟာ Gigi နဲ့ တွေ့ဆုံမှုကိုတော့ လျှို့ဝှက်ထားဆဲပဲ ဖြစ်ပေမယ့် Gigi ရဲ့ မလှမ်းမကမ်းမှာတော့ Tyler ကို မကြာခဏဆိုသလို တွေ့နေရတတ်ပါတယ်။ 

Hannah Brown ဟာ American television personality Model တစ်ဦးတဲ့အပြင် The Bachelorette မှာ  ခေါင်းဆောင်နေရာက ပါဝင်ထားသူတစ်ဦးလဲ ဖြစ်ပါတယ်။ 

 

 

ကဲ သူတို့ ၃ဦးရဲ့ အချစ်ဇာတ်လမ်းကလေးက ဘယ်လိုဆက်ဖြစ်ကြမှာလဲ ဆိုတာတော့ အခုထိ ဘယ်သူမှသေသေချာချာ မသိကြသေးပါဘူး။

 

Editor : Lin Lin



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.