Interiors   |   Posted on Dec 19, 2016 by Elijah htang

Gigi နဲ့ Bella Hadid တို့ အဖေရဲ့ Bel Air အိမ်ဂေဟာကြီး ဒေါ်လာ ၈၅ မီလီယံနဲ့ ဈေးကွက်ပေါ်ရောက်နေပါတယ်။


နာမည်ကြီး Model Gigi နှင့် Bella တို့ အချိန်တွေကုန်လွန်ခဲ့တဲ့စံအိမ်ကြီးကို တချက်လောက်ကြည့်လိုက် . . .

Share this article

အိမ်ခြံမြေလုပ်ငန်းရှင်ကြီးဟာ အဲ့အိမ်ပေါ်မှာ နှစ်အနည်းငယ်လောက်နေခဲ့သလို Gigi နဲ့ Bella လည်း ဒီအိမ်မှာ အချိန်အတိုင်းအတာတစ်ခုလောက် သွားရောက်နေထိုင်ကြတယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။GiGi နဲ့ Bella တို့ရဲ့ အဖေ အိမ်ခြံမြေသူကြွယ်ကြီး Mohamed Hadid တည်ဆောက်ထားတဲ့ LA အနီး Bel Air က Le Belvédère ကို တစ်ချက်လောက် ကြည့်လိုက်ရအောင်…

Gigi နဲ့ Bella Hadid တို့အဖေ Mohamed Hadid ဆောက်လုပ်ခဲ့တဲ့ အိမ်ဂေဟာကြီးဟာ စတုရန်းပေ ၄၀,၀၀၀ ခန့်ကျယ်ဝန်းပြီး ၂၀၁၀ ခုနစ်က ဒေါ်လာ ၅၀ မီလီယံနဲ့ ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် ပိုင်ရှင်က တစ်ခါမှ လာရောက်နေထိုင်ခြင်းမရှိဘူးလို့ The Real Deal သတင်းရစ်မြစ်ကဆိုပါတယ်။ ဒါကြောင့် Mohamed Hadid က ပိုင်ရှင်ထံက ပြန်လည်ဌားရမ်းပြီး နေထိုင်ခဲ့ပါတယ်။

ကလေးငါးယောက်ဖခင်(Gigi နဲ့ Bella အပြင် Anwar, Alana နဲ့ Marielle) Mohamed Hadid ဟာ Bel Air နယ်မြေမှာ ဇိမ်ခံအိမ်ဂေဟာကြီးတွေနဲ့ ဟိုတယ်တွေကို ဆောက်လုပ်ခြင်းလုပ်ငန်းမှာ နာမည်ကျော်ကြား ပါတယ်။

အဆိုပါ အိမ်ကြီးမှာ အိပ်ခန်း ၁၀ ခန်းနဲ့ ခြေချိုးခန်း ၁၅ ခန်းပါဝင်တဲ့အပြင် ဂီတခန်း၊ လူ ၂၀၀ ကနေ ၂၅၀ အထိဆန့်တဲ့ ခန်းမကျယ်(မီးဖိုချောင်အပါအဝင်)၊ Moroccan အခန်း၊ ဓာတ်လှေကား၊ Turkish ရေချိုးခန်း၊ ဇိမ်ခံကား၊ ရေကန်၊ နှင်းဆီဥယျာဉ်များလည်း ပါဝင်တယ်လို့သိရပါတယ်။

ရေကူးကန်၊ လူ ၁၂ ယောက်ဆန့် spa, ပီဇာပြုလုပ်လို့ပါရတဲ့ မီးဖိုချောင်၊ ဧည့်သည် ၁၀၀ ရာကို ဧည့်ခံနိုင်တဲ့ ခန်းမ၊ မီးလင်းဖိုစတာတွေလည်း ပါဝင်ပါတယ်။

 

ဟူး အသက်ရှုမှားမတတ်ပါပဲ၊ ဒီနေရာဟာ တကယ့်ကို ဇိမ်ကျကျဟိုတယ်ကြီးတစ်ခုလိကို ဖြစ်နေတာပါ။

REF: ELLE

 



Share this article

TOP 5 ARTICLES


Film & Music   |   Posted on Apr 26, 2018

Melody World ရဲ့အမိုက်ဆုံ...


Film & Music   |   Posted on Apr 25, 2018

The Voice Battles ရဲ့ အကေ...


Film & Music   |   Posted on Apr 25, 2018

“Love You to the Stars an...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.