Fashion Closet   |   Posted on Jul 4, 2019 by May Shoon

Great Singapore Sale: Experience Singapore


Great Singapore Sale 2019 (GSS) ကတော့ ဈေးဝယ်ရတာ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ အတွေ့အကြုံတစ်ခု ပဲ ဖြစ်ပါတယ်။

Share this article

 

 

Great Singapore Sale ကနေရရှိလာမယ့် အတွေ့အကြုံ ကတော့ ဈေးရောင်းပွဲ ဆိုတာတစ်ခုထက်ပိုပါတယ်။ ပုံမှန်ဈေးလျော့ရောင်းတာမျိုးမဟုတ်ဘဲ လက်လီလက်ကားဈေးနီးပါး နဲ့ကိုရောင်းပေးနေတာဖြစ်တဲ့အတွက် ဈေးဝယ်ရတာသဘောကျတဲ့သူတွေအတွက် စင်ကာပူနိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းကို  အိမ်အပြန်ယူလာလို့ရမယ့် အခွင့်အခါပဲ ဖြစ်ပါတယ်။

 

Great Singapore Sale က လူတွေအားလုံး အရူးအမူးနဲ့ စောင့်မျှော်နေကြတဲ့ ဈေးရောင်းပွဲတော်ကြီးတစ်ခုလို့ပြောချင်ပါတယ်။ ဒီဈေးရောင်းပွဲတော်ကြီးမှာ ဆိုင်ခန်းတွေနဲ့တင်ရောင်းချရုံတင်မဟုတ်ဘဲ အွန်လိုင်းဝက်ဘ်ဆိုဒ်တွေကနေပါ ရောင်းချမှာ ဖြစ်တဲ့အပြင် ပွဲတော်ကာလ ၂ လကျော်ထိကို အထူးပရိုမိုးရှင်းတွေ လျှော့ဈေးတွေလည်း ပေးသွားမှာဖြစ်ပါတယ်။ ဖက်ရှင်အဝတ်အစားကနေ လက်ဝတ်ရတနာအဆုံး၊ လျှပ်စစ်ပစ္စည်းကအစ ကလေးကစားစရာ အရုပ်တွေထိမကသေးဘဲ အလှအပရေးရာဝန်ဆောင်မှုတွေ အထိကို အထူးဈေးနှုန်းတွေနဲ့ ရောင်းချတဲ့အပြင် အခြား အစားအသောက်နဲ့ စင်ကာပူရဲ့ လည်ပတ်စရာနေရာတွေကို ဈေးသက်သက်သာသာနဲ့သွားရောက်လည်ပတ်နိုင်မယ့် အခွင့်အရေးတွေကို ရရှိနိုင်မယ့် တကယ့်ကိုစုံလင်တဲ့ဘဝနေထိုင်မှု အတွေ့အကြုံတွေကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ Great Singapore Sale ကို အမှီ သွားလည်ချင်တဲ့ လူတွေ အတွက်ကတော့ ILoveSQ Link - http://bit.ly/2UUZTLn ကနေ ဇူလိုင်လ ၈ ရက်နေ့ကစပြီး  လေယာဉ် လက်မှတ်တွေအတွက် အတန်ဆုံးဈေးနှုန်းတွေနဲ့ ရောင်းချပေးနေပါပြီ။ 

Great Singapore Sale နဲ့ပတ်သက်ပြီး ပြောပြရမယ်ဆိုရင် ဒီဈေးပွဲတော်ကြီးကို ၁၉၉၄ ခုနှစ်က စတင်ခဲ့ပြီး အခုဆိုရင် တော့ ၂၆ နှစ် ရှိခဲ့ပါပြီ။  ပထမဆုံး စပြီး ကျင်းပတဲ့နှစ်မှာတင် Great Singapore Sale က ကမ္ဘာအနှံ့ က လူပေါင်း ၆ သိန်း ကျော်လောက် ကို  ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာတင် ၄ ကြိမ်တိတိ ကျင်းပခဲ့ပါတယ်။ ၁၉၉၈ မှာတော့ ၅ ကြိမ်ထိ တိုးမြှင့်ကျင်းပခဲ့ပြီး အခုဆိုရင်၂၀၀၄ခုနှစ် စပြီး ၈ ပတ်ကြာ ကျင်းပနေပြီ ဖြစ်ပါတယ်။  

 

ဒီနှစ်ရဲ့ Great Singapore Sale 2019 ကိုတော့ ဇွန်လ ၂၁ ရက်ကနေ စပြီး ဇူလိုင်လ ၂၈ နေ့အထိ ရက်သတ္တပတ် ၅ ပတ် ထိ ၃၈ တိုင်တိုင် ကျင်းပမှာပဲဖြစ်ပါတယ်။ တချို့ Brand တံဆိပ် တွေက ဈေးလျော့ပေးထားပြီးပေမဲ့ စင်ကာပူမှာ ကိုယ်တိုင်ကိုယ်ကျ သွားဝယ်မယ်ဆိုရင်တော့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ဈေးဆစ်လို့လည်းရနိုင်တယ်ပါသေးတယ်။

 

ကဲ MODA ရဲ့စာဖတ်ပရိသတ် Modian လေးတွေကတော့ Great Singapore Sale 2019 မှာ ဘာတွေဝယ်လို့ရမလဲ သိချင်နေကြပြီ လို့ ထင်ပါတယ်။

 

နှစ်ပေါင်းအတော်ကြာရပ်တည်နေတဲ့ Brand အမှတ်တံဆိပ်တွေနဲ့ စင်ကာပူနိုင်ငံရဲ့အငွေ့အသက်တွေကို ထုတ်ဖော်ပေးနေပြီး ပြည်တွင်းရော နိုင်ငံတကာ က ဒီဇိုင်းနာတွေ ခေတ်နဲ့အညီဒီဇိုင်းကို ဖန်တီးသူတွေ က ပါ အကောင်းဆုံး အရည်အသွေးရှိပြီး သက်တောင့်သက်သာဖြစ်စေတဲ့ Brand အမှတ်တံဆိပ် ကို မိတ်ဆက်ပေးကြည့်မယ်နော်။

 

အိမ်မှာရှိတဲ့ အဝတ်ဗီဒိုထဲ က ရုံးတက်ဖက်ရှင် ကနေ ပေါ့ပေါ့ပါးပါး ထသွားထလာ ဝတ်လို့ရတဲ့ အဝတ်အစားကနေ ပါတီဖက်ရှင်ထိပါ အသစ်ပြန်လည်ဆန်းသစ်ချင်တဲ့သူတွေအတွက် ငွေကုန်ကြေးကျလည်းမများဘဲ စစ်မှန်တဲ့အမှတ်တံဆိပ်တစ်ခုရဲ့ အရည်အသွေးကို ရနိုင်တဲ့ စင်ကာပူနိုင်ငံရဲ့ ဖက်ရှင်ဆိုင်တွေကို ကြည့်လိုက်ပါဦး။

 

Love, Bonito

Love, Bonito ကတော့ အမျိုးသမီး အဝတ်အထည် သီးသန့်ရရှိနိုင်တဲ့ Brand အမှတ်တံဆိပ်တစ်ခုပဲ ဖြစ်ပါတယ်။ သူတို့ရဲ့တမူထူးခြားတဲ့ ဒီဇီုင်း စိတ်ကူးအမြင်ကြောင့် ဝတ်လိုက်ရင် သက်တောင့် သက်သာနဲ့ စတိုင်ကျနေမှာ ဖြစ်ပါတယ်။ ရုံးတက်ဖက်ရှင် ကနေပြီးတော့ ထသွားထလာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်လို့ရတဲ့ ဂါဝန်တွေ အထိရွေးချယ်စရာတွေ ရှိနေတော့ သေချာပေါက် ဒီ Brand ကို စိတ်ကျေနပ်မှာ သေချာပါတယ်။ အပြင်မှာ လက်တွေ့ကျကျ ဝတ်ဆင်ဖို့ အတွက် သက်တောင့်သက်သာ ရှိတဲ့အပြင် နေ့စဉ်ဝတ်ဆင်ဖို့အတွက် ကိုပါ ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတာပဲဖစ  အဆင်ပြေစေမှာပါ။ Love, Bonito ဆိုင်လေးတွေကိုတော့ Orchard လမ်းမှာ ရှိတဲ့ 313@Somerset, Jurong Geteway လမ်းပေါ်က Jem နဲ့ North Bridge လမ်းမှ Funan mall တို့မှာတွေ့နိုင်ပါတယ်။

Facebook: Link
Instagram: Link

 

 

Playdress

Playdress ကတော့ ၂၀၁၇ ခုနှစ်မှာ တည်ထောင်ခဲ့တယ်ဆိုပေမဲ့ အခုချိန် စင်ကာပူ မှာ အကြီးဆုံး ပြည်တွင်းအမှတ်တံဆိပ်တွေထဲမှာ တစ်ခု အပါအဝင်ဖြစ်နေပါပြီ။ ချစ်စရာကောင်းတဲ့ Mini skirt လေးတွေကို ကြိုက်တတ်တဲ့ သူတွေ ဒါမှမဟုတ် ဂါဝန်လှလှလေးတွေနဲ့ ယုံကြည်မှုရှိရှိ လှချင်သူတွေအတွက် ကတော့ Playdress က လုံးဝကို လက်မလွှတ်သင့်တဲ့ Brand တစ်ခုပဲဖြစ်ပါတယ်။ ဆိုင်ခွဲတွေကတော့ Plaza Singapura၊ Suntec City၊ Bugis Junction နဲ့ CityLink တို့မှာ Playdress ဆိုင်ခွဲတွေကို တွေ့နိုင်ပါတယ်။

Facebook: Link
Instagram: Link

 

 ထသွားထလာ ပေါ့ပေါ့ပါးပါး ဝတ်ဖို့ နဲ့ ပါတီတက်ဖို့ အတွက်ကိုတော့ စင်ကာပူလူမျိုးတွေရဲ့ အကြိုက်ဆုံး Brand တွေဖြစ်တဲ့ Her Velvet VaseThe Closet Lover နဲ့ Love and Bravery အစရှိတဲ့ Brand တွေရှိမှာ ဖြစ်ပါတယ်။

 

Her Velvet Vase

Her Velvet Vase ကတော့ အပေါ်မှာ ပြောထားတဲ့ အတိုင်းပေါ့။ ချစ်စရာကောင်းတဲ့ ထသွားထလာ ပေါ့ပေါ့ပါးပါး ဝတ်ဖို့ ဂါဝန်လေးတွေကနေပြီးတော့ ပါတီတက်ဖို့အတွက် ခပ်မိုက်မိုက် ဝတ်စုံလေးတွေ ရှိတဲ့အတွက် ကိုယ့်အိမ်က အဝတ်ဗီဒိုကြီးထဲ ကို စတိုင်ကျကျ ဂါဝန် လေးတွေဖြည့်ချင်သူတွေ အတွက်အသင့်တော်ဆုံးပေါ့။ HVV ဆိုင်လေးတွေကိုတော့ Plaza Singapura နဲ့ CityLink တို့မှာတွေ့နိုင်ပါတယ်။

Facebook: Link
Instagram: Link

The Closet Lover

The Closet Lover မှာတော့ အဝတ်အစားတွေ အပြင် ဖိနပ်နဲ့ တစ်ခြား ဖက်ရှင် ထူးခြားတဲ့ accessories လေးတွေကိုပါ ရနိုင်ပါသေးတယ်။ ၂၀၁၅ ခုနှစ်က စတင်ခဲ့ပြီးတော့ အခုဆိုရင် မလေးရှားနိုင်ငံအထိ ချဲ့ထွင်နိုင်ခဲ့ပြီး စင်ကာပူ မှာလည်း အကြီးဆုံး Brand တွေထဲက တစ်ခု အပါအဝင်ဖြစ်နေပါပြီ။ စိတ်ဝင်စားတယ် ဆိုရင်တော့ Bugis Junction, Raffles Xchange နဲ့ Tampines 1 တို့မှာ သွားကြည့်လို့ ရပါတယ်။

Facebook: Link
Instagram: Link

 

Love & Bravery

ပေါ့ပေါ့ပါးပါး ဂါဝန်လေးတွေက အစ ပါတီတက်ဖို့ ခပ်မိုက်မိုက်ဝတ်စုံလေးတွေ အပြင် ရုံးတက်ဖက်ရှင် အဆုံး အားလုံးကို စိတ်ဝင်စားတယ်ဆိုရင်တော့ Love & Bravery က လုံးဝကို ချန်မထားသင့်တဲ့နေရာပါ။ Wisma Atria၊ Bugis Junction, Jem နဲ့ Tampines 1 တို့မှာတော့ Love & Bravery ကို ဆိုင်တွေကို တွေ့နိုင်ပါတယ်။

Facebook: Link
Instagram: Link

 

MODA Magazine အနေနဲ့လည်း Great Singapore Sale ကို သွားရောက်လည် ပတ်ပြီးတော့ သင့်ကို တစ်နှစ်ပတ်လုံး ခေတ်မှီလှပနေအောင် ဒီ Brand တွေကိုသွားရောက် ကြည့်ရှုပေးသွားမှာ ဖြစ်တဲ့အတွက် စိတ်ဝင်တစားနဲ့ စောင့်ကြည့်ကြပါဦး။

 

အလန်းဆုံး Jewel Changi Airport

Jewel Changi Airport မှာလည်း နိုင်ငံတကာ Brand ဆိုင်ပေါင်း ၃၀၀ ကျော်ရှိပါသေးတယ်။ Jewel Changi Airport မှာ အခုနောက်ဆုံး ဖွင့်လုစ်လိုက်တဲ့ Indoor Waterfall က ကမ္ဘာပေါ်မှာအကြီးဆုံး Indoor ရေတံခွန်ကြီးတစ်ခုပါ။ ဒါ့အပြင် အထဲမှာလည်း သစ်တောကြီးတစ်ခုလုံးကို ထည့်သွင်းထားသလိုမျိုး အရမ်းမိုက်တဲ့ indoor ပန်းခြံကြီးလည်းရှိနေပါသေးတယ်။ ဒါကြောင့် လေဆိပ်တစ်ခုလို့ပဲ ထင်မနေနဲ့ဦးနော်။ ဒီလိုလည်ပတ်စရာတွေအများကြီးရှိပါသေးတယ်။ ဒီနေရာကတော့ သွားကို သွားရမယ့်နေရာထဲမှာ ပါပါတယ်။

 

Orchard Road

Orchard Road ကတော့ အရမ်းကိုနာမည်ကြီးတဲ့ Shopping Paradise ပေါ့။Singapore မှာ Shopping Mall တွေအများဆုံးစုစည်းရာနေရာလို့လည်းပြောလို့ရပါတယ်။လမ်းကတိုတယ်ဆိုပေမယ့် flagship store တွေ ပြည့်စုံတဲ့ ION Orchard Shopping Mall, Tangs, Duty Free  DFS Galleria, Orchard Central, Ngee Ann City, Paragon, 313, Center Point, Plaza Singapura အစရှိတဲ့ Shopping Mall တွေရဲ့ စုစည်းရာ နေရာတစ်ခုပါ။ တစ်နေရာမှာတည်းမှာပဲ အကြီးအကျယ် ဈေးဝယ်လို့ရမယ့် လမ်းဆိုရင်လည်းမမှားဘူးပေါ့။

 

High-end Luxury Brand မှကြိုက်တယ်ဆိုသူတွေအတွက် The Shoppes at Marina Bay Sands

Luxury Brand တွေဝယ်မယ်ဆိုရင်တော့ The Shoppes at Marina Bay Sands ကိုပဲသွားရမှာပေါ့။ Hermes, Diors, VERACE, Saint Laurent, CHANEL လိုချင်တာအကုန်ရှိပါတယ်။ High-end Jewelry Brand တွေဖြစ်တဲ့ Van Cleef & Arpels, CHOPARD, PIAGET, Cartier တွေကိုလည်း ဒီတစ်နေရာထဲမှာပဲ စုံလင်စွာဝယ်ယူရရှိနိုင်ပြီး အာရှမှာအကြီးဆုံးဆိုင်ခွဲဖြစ်တဲ့ Louis Vuitton Flagship Store ကိုလည်း မြင်တွေ့ရမှာပါ။ စင်ကာပူမှာရှိတဲ့ Luxury Brand တွေက ပစ္စည်းတွေလည်းပိုစုံလင်တဲ့အပြင် Sales ချနေတာတွေနဲ့ဆိုတော့ တော်တော်ကို တန်တဲ့ ဈေးတွေနဲ့ စိတ်ကျေနပ်မှု  ရရှိစေမယ့်ဈေးဝယ်အတွေ့အကြုံတစ်ခုကို ရရှိမှာ သေချာပါတယ်။

 

အလှဆုံး Shopping Mall Vivo City

Vivo City မှာ ဆိုင်ပေါင်း ၃၀၀ ကျော် ရှိတဲ့အပြင် Branded တွေအနေနဲ့ MK, Coach, Kate Spade, CK တွေရှိသလို Cosmetics  Brand တွေအနေနဲ့  YSL, CHANEL တွေလည်းရှိပါသေးတယ်။ Ready to Wear Brand တွေနဲ့ ကောင်လေးအများစုကြိုက်တတ်တဲ့ Sports Brand တွေလည်းအများကြီးရှိပါတယ်။ဒါ့အပြင် Vivo City  ရဲ့ Rooftop က ကမ်းတစ်ဖက်မှာရှိတဲ့ Sentosa ကိုလည်းView ကောင်းကောင်းနဲ့ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

 

ဈေးအတန်ဆုံး IMM Outlet Shopping Mall

IMM က စင်ကာပူမှာ အကြီးဆုံး Outlet Shopping Mall ဖြစ်တဲ့အတွက် ဈေးတန်တန်နဲ့ Branded တွေဝယ်မယ်ဆိုရင် IMM ကိုတော့ မသွားမဖြစ်သွားရမှာပါ။နဂိုကတည်းက 80% off ထိလျော့တဲ့ Outlet  ကြီးကအခု GSS နဲ့ ဆိုတော့ ပိုပြီးတော့တောင် ဈေးဝယ်ရတာတန်မှာအသေအချာပါ။ နောက်ပြီး လာရောက်လာပတ်တဲ့ ခရီးသွား တွေကို Service counter မှာ Passport လေးပြရုံနဲ့ Sales information အကုန်ပါဝင်တဲ့ magazine ကိုပါ ပေးဦးမှာပါ။ IMM မှာ Customer Service ကိုသွား Passport ပြ Tourist Privilege Booklet လေးကို ယူပြီးရင်တော့ Outlet Store တွေမှာ Offer တွေရနိုင်တဲ့အပြင် SG$ 200 အထက်ဝယ်ယူတဲ့လူတိုင်းကိုလည်း SG$ 10 တန်ဖိုးရှိ Welcome gift လေးကို ရရှိနိုင်မှာ ဖြစ်ပြီး တစ်လမှာ လူအယောက် ၂၅၀ ကိုသာပေးသွားမှာ ဖြစ်တဲ့အတွက် နောက်မကျစေနဲ့ဦးနော်။ ဒီလို လက်ဆောင်လေးတွေလည်း ပေးဦးမှာဆိုတော့ နောက်ထပ်သွားကိုသွားရမယ့် Shopping Destination တစ်ခု ဖြစ်နေတာတော့ သေချာပါတယ်။

 

ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့ Sales တွေ အပြင်အရမ်းမိုက်တဲ့ Shopping Party Experience ကိုပါ ခံစားဖို့ ဒီပွဲလေးကို စိတ်ဝင်စားသူတွေ အတွက် ဇူလိုင်လ ၂၈ ရက်ထိ ဒီပွဲလေးကို ကျင်းပမှာဖြစ်တဲ့အတွက် အခုပဲ စင်ကာပူကို သွားဖို့ စီစဉ်လိုက်တော့နော်။

 

 

 



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.