trend report   |   Posted on Dec 14, 2016 by kiki

Harry Potter Fanတိုင်းအတွက် အိပ်မက်တစ်ခုဖြစ်လာဦးမယ့် Eyeliner


Harry Potter Fanတွေဟာ ဒီ Eyelinerကို ထွက်ထွက်ချင်းမှာပဲ အရူးအမူးကို ၀ယ်ကြဦးမှာပါ။

Share this article

Harry Potter မိတ်ကပ်ဘရပ်ရှ်တွေ ပြီးခဲ့တဲ့ အောက်တိုဘာမှာ ထွက်ပြီးခဲ့တဲ့နောက်ပိုင်း အလှအပရေးရာ ပစ္စည်းတွေကို Potter-Themedဖြစ်အောင် လှုပ်ခတ်စေခဲ့ပါတယ်။Harry Potter Fanတော်တော်များများက Potter Eyeshadow,Lipstickနဲ့ Eyelinerတွေကို အလိုရှိကြပါတယ်။Harry Potterကို ရူးသွပ်တဲ့ မိန်းကလေးတွေရဲ့ အိပ်မက်တွေဖြစ်လာဖို့ နောက်ထပ် Surpriseတစ်ခုကတော့ ရောက်လာပါပြီ။အဲဒါကတော့ Harry Potter Brush Setsတွေကို ရောင်းချတဲ့ Storybook Cosmeticsက Harry Potter Theme Inspired လုပ်ထားတဲ့ Eyelinerကို ထုတ်လုပ်တော့မှာမို့လို့ဖြစ်ပါတယ်။Storybook cosmeticsဟာ Harry Potter Brush Setsတွေအပြင် Witchcraft and Wizardry Paletteကိုပါထုတ်လုပ်ထားတဲ့Brandတစ်ခုလည်းဖြစ်ပါတယ်။

Harry Potter ဇာတ်ကားထဲကလို ငှက်တောင်မွှေးနဲ့ မှင်အိုးပုံစံ Eyelinerဟာ မိန်းကလေးတွေအသည်းစွဲဖြစ်မှာအသေအချာပါပဲ။

ခန့်မှန်းထားတဲ့အတိုင်းပဲ ငှက်တောင်မွှေးဟာ စုတ်တံဖြစ်ပြီးတော့ မှင်အိုးထဲမှာတော့ Eyeliner Gelတွေကို ထည့်ထားတာဖြစ်ပါတယ်။မှင်အိုးကတော့ ပတ်လည်မှာ Harry Potter Vibesတွေနဲ့ အလှဆင်ထားပြီး ရွှေရောင်ကနုတ်တွေနဲ့ကိုယ်ထည် ဖန်အိုးဖြစ်ပါတယ်။စုတ်တံကိုတော့ငှက်မွှေးပုံစံနဲ့ လိုက်ဖက်ညီအောင် တီထွင်ထားတာဖြစ်ပါတယ်။မှင်အိုးပေါ်မှာ “S”စာလုံးကိုရေးထားပြီး Storybookအတွက်တော့ ရည်ညွှန်းတာမဖြစ်နိုင်ဘဲ Slytherinကို ရည်ညွှန်းထားတယ်လို့ ထင်ကြေးတွေပေးနေကြပါတယ်။

Storybook  Cosmeticsဟာ အဆိုပါ Eyelinerကို 2017အစောပိုင်းမှာ စတင်မိတ်ဆက်ရောင်းချမှာဖြစ်ပြီး နည်းနည်းလေးပဲစောင့်စားရတော့မှာဖြစ်ပါတယ်။



Share this article

TOP 5 ARTICLES


Fashion News   |   Posted on Mar 24, 2017

2017 CFDA ဆုပေးပွဲရဲ့ စကာ...


Health & Fitness   |   Posted on Mar 24, 2017

အရေးပေါ်သန္ဓေတားဆေး သောက်တေ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.