Celebrity Beauty   |   Posted on Sep 12, 2019 by Ja Seng Pan

Hilary Duff ရဲ့ အလှအပလျှို့ဝှက်ချက်


အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန် အဆိုတော် မင်းသမီး Hilary Duff ဟာ အခုချိန်ထိ နုပျိုလှပနေဆဲပါ။

Share this article

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန် အဆိုတော် မင်းသမီး Hilary Duff ဟာ အခုချိန်ထိ နုပျိုလှပနေဆဲပဲ ဖြစ်ပါတယ်။ သူမရဲ့ အလှအပတွေကို သူမဘယ်လိုထိန်းသိမ်းထားလဲ။ ဘာကြောင့် ဒီအရွယ်ထိ လှပနေသေးလဲဆိုတဲ့ လျှို့ဝှက်ချက်ကို ကြည့်လိုက်ကြရအောင်နော်။

အလှအပအတွက် အဓိကကတော့ ရေများများသောက်ပေးဖို့လိုပါတယ်လို့ သူမက ပြောပြပေးခဲ့ပါတယ်။ သူမက ရေကို များများသောက်ပေးတဲ့အပြင် ရေဓာတ်ပါဝင်တဲ့အသီးအနှံကိုလည်း များများစားပေးတယ်လို့ ဆိုပါတယ်။  မျက်နှာအသားအရေအတွက်ကိုတော့ မိတ်ကပ်မဖျက်ဘဲ ဘယ်တော့မှမအိပ်ဘူးလို့  Hilary Duff ကပြောပါတယ်။ မိတ်ကပ်မဖျက်ဘဲ အိပ်မိရင် မျက်နှာမှာရှိတဲ့ အညစ်အကြေးနဲ့ အဆီတွေက အသားအရေကို ပျက်ဆီးစေတယ်လို့သိရပါတယ်။

 

အသက် ၂၅နှစ်နောက်ပိုင်းမှာ အမျိုးသမီးတို့ရဲ့ အသားအရေဟာ ပြောင်းလဲလာတတ်တာကြောင့် ၂၅ နှစ်ကျော်လာတဲ့ သူမဟာ Serum ကို ပုံမှန်အသုံးပြုလာတယ်လို့ဆိုပါတယ်။ Organic နဲ့ အသုံးပြုထားတဲ့ Eye cream ကိုလဲ ပုံမှန်အသုံးပြုပေးတယ်လို့ သိရပါတယ်။

 

နောက်ပိုင်းမှာတော့ လှပဖို့ထက် ကျန်းမာတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ကို ပိုပြီး လေ့ကျင့်နေထိုင်တယ်လို့လဲ ဆိုပါတယ်။ Hilary Duff ဟာဆိုရင် Instagram မှာ 8.6 million followers, Twitter မှာ 5.23 million followers နဲ့ သူမရဲ့ကိုယ်ပိုင် Facebook page မှာ 8,659,977 followers ရှိသူတစ်ဦးလဲ ဖြစ်ပါတယ်။

Editor : Lin Lin

 



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.