Parties & Events   |   Posted on May 31, 2019 by Yin Moe Shinn

Hyundai Motor မှ ထုတ်လိုက်လိုက်သော Grand i10 2019 နှင့် Creta 2019 ကားသစ်များမိတ်ဆက်ပွဲ


နည်းပညာအသစ်တွေနဲ့ အားသာချက်တွေများပြီးဈေးနှုန်းလည်းသက်သာတဲ့အတွက်ဝယ်ယူသင့်တဲ့ Hyundai ကားသစ်

Share this article

Hyundai Motor ၏ မြန်မာပြည်ကိုယ်စားလှယ်ဖြစ်သော International KLM Co., Ltd မှ SKD စနစ်ဖြင့် ထုတ်လိုက်လိုက်သော Grand i10 2019 နှင့် Creta 2019 ကားသစ်များအား စတင်မိတ်ဆက်ခြင်းအခမ်းအနားကိုမေလ (၂၉)ရက်နေ့ ကတပ်မတော်ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၀ယ်သူတွေအတွက် စိတ်ကျေနပ်လောက်အောင် စွမ်းဆောင်ရည်တွေ ပေးစွမ်းမယ့် Hyundai Grand i10 2019 ကဆိုရင်ဥရောပမှာတော့ Grand i10 (Sedan) ဆိုတဲ့အမည်နဲ့ ကျော်ကြားပြီး The Best Selling Car of The Year ဆုကို ၃နှစ်ရရှိထားပြီးဖြစ်ကြောင်း အိန္ဒိယနိုင်ငံမှာ Xcent ဆိုတဲ့အမည်နဲ့ လူသိများသလို India Best Selling Car of The Year ဆုကိုလည်း ရရှိထားကြောင်းဒါ့အပြင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလထိ ကောက်ယူရရှိတဲ့ စစ်တမ်းတွေအရ  Xcent ဟာ အစီးရေ ၄၄,၀၀၈ စီးအထိ ရောင်းချထားရကြောင်းစတဲ့ကားနဲ့ပတ်သတ်တဲ့သတင်းတချို့ ကိုရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် Mult Infotainment စနစ်တွေဖြစ်တဲ့ Navigation System, Touchscreen, Bluetooth System, Wifi နဲ့ Smart Technology တို့ကို ပါ ထည့်သွင်းတပ်ဆင်ထားကြောင်းနဲ့ နေရာကျယ်ကျယ်ရှိတဲ့ ၀န်တင်ခန်းလည်း ပါဝင်တဲ့အတွက် Golf အိတ်လိုမျိုး အိတ်ကြီးတွေ သယ်ဆောင်သွားဖို့  အဆင်ပြေစေတယ်ဆိုတဲ့အားသာချက်တစ်ချို့ ကိုလည်းပြောပြခဲ့ပါတယ်။

အခုဖော်ပြပါ Hyundai Motorရဲ့  Grand i10 2019 ကားလေးကို ၀ယ်ယူအားပေးမယ့် Customer များအတွက် အထူးဈေးနှုန်းအနေနဲ့ ၂၂၄ သိန်းအထိ ဈေးလျှော့ရောင်းချပေးသွားမယ့်အပြင်ရန်ကုန်လိုင်စင်ကိုပါရရှိနိုင်မှာဖြစ်တယ်လို့ သတင်းကောင်းပါးခဲ့ပါတယ်။နောက်ထပ်မိတ်ဆက်ပေးခဲ့တဲ့ 2019 Hyundai Creta ကားကလည်းဈေးနှုန်းသက်သာတဲ့အပြင် ပိုကောင်းတဲ့ လုပ်ဆောင်မှုစွမ်းရည်ရှိခြင်းနှင့် လောင်စာဆီစားသက်သာခြင်း၊အရွယ်အစားသေးငယ်တဲ့အတွက် မြန်မာနိုင်ငံမှာ အသုံးပြုဖို့ သင့်တော်တဲ့ ကားတစ်စီးဖြစ်ကြောင်း နဲ့ ပါကင်ထိုးတဲ့နေရာမှာ အဆင်ပြေလွယ်ကူစေကြောင်းအတွင်းပိုင်းမှာ ကျယ်ကျယ်ဝန်းဝန်း နှင့် မြင်ကွင်းကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ဒီဇိုင်းထွင်ထားတဲ့အတွက်ဆွဲဆောင်မှုရှိတဲ့ ဒီကားကို ၄၄၆သိန်းနဲ့ ရောင်းချမှာဖြစ်ပြီးရန်ကုန်လိုင်စင်ပါပေးမည်ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ ကောင်းမွန်တဲ့အတွင်းခန်းနှင့် Navigation စနစ်၊ Touchscreen ၊ Bluetooth စနစ်၊ Wifi တို့လို Multi Infotainment စနစ်များအပြင် နောက်ဆုံးပေါ်နည်းပညာများကို အကောင်းမွန်ဆုံး ထည့်သွင်းတပ်ဆင်ပေးထားတဲ့ဒီ Creta 2019 ဟာဆိုရင် အနောက်ဘက် Back Trunk ကလည်း ပစ္စည်းတွေ သယ်ဆောင်ရာမှာ လုံလောက်တဲ့အနေအထားရှိတဲ့ အပြင့်မိသားစု ၅ယောက်လုံလုံလောက်လောက်ထိုင်နိုင်တာမို့ ဝယ်သင့်ကြောင်းအသေးစိပ်ရှင်းပြခဲ့ပါတယ်။ Grand i10 2019 နဲ့ Creta 2019 ကားတွေကို Shwe Daehan Motors စက်ရုံမှ ပြည်တွင်းမှာ ထုတ်လုပ်မှာဖြစ်ပြီး ၃ နှစ် သို့မဟုတ် ကီလိုတစ်သိန်း အာမခံပေးထားပါတဲ့ဒီကားတွေကိုဝယ်ယူချင်သူတွေအနေနဲ့ အရစ်ကျငွေပေးချေစနစ်နဲ့ ၀ယ်ယူနိုင်မှာဖြစ်ပြီးကနဦးအနေနဲ့ ၂၀ ရာခိုင်နှုန်းကစပြီး CB ဘဏ်နဲ့ UAB ဘဏ်တို့နဲ့ ချိတ်ဆက်ပြီး တစ်နှစ်ကနေ ငါးနှစ်အထိ အရစ်ကျ လစဉ် ငွေပေးသွင်းမှုတွေနဲ့ ၀ယ်ယူရရှိနိုင်ကြောင်းသတင်းကောင်းပါးခဲ့ပါတယ်။

Editor : Bo

 

 



Share this article

TOP 5 ARTICLES


Fashion News   |   Posted on Jun 25, 2019

ADIDAS LONG PADDED COAT ေ...


Red Carpet   |   Posted on Jun 24, 2019

ကမ္ဘာကျော်အဆိုတော် selena...


Celebrity Style   |   Posted on Jun 22, 2019

ဆံပင်ရှည်ရှည်နဲ့ ဂါဝန်လေး...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.