People   |   Posted on Feb 7, 2019 by Kyaw Ye Lynn

ချို မြိန်ခြင်းလက်ဆောင် Haven Honey ကို ဖန်ဆင်းသူ Calvin Pun


မြန်မာပြည် ပျားရည်ဈေးကွက်ထဲက ပျားသမားတွေရဲ့ ဘ၀ကို ကူညီချင်သူ

Share this article

ကားပေါ်က ဆင်းဆင်းချင်းမှာပဲ မိန်းကလေးတစ်ယောက်က အပြုံးနဲ့ကြိုပြီး တံခါးဖွင့်ပေးတယ်။

အိမ်ထဲကို လှမ်းဝင်ရင်း ရှုတင်ဘယ်မှာလဲ လို့လှမ်းမေး လိုက်တဲ့အချိန် ကျွန်တော်ရဲ့ နှာခေါင်းထဲကို ချိုမြမြသင်းပျံပျံ ရနံတစ်ခု ၀င် ရောက်လာတယ်။

ခုနက မိန်းကလေး လမ်းညွှန်ပြလိုက်လား မပြလိုက်ဘူးလား ဆိုတာတောင် ကျွန်တော် သတိမထားမိတော့ပါ။

အဲဒီချိုမြမွှေးပျံတဲ့ရနံရဲ့ ခေါ် ဆောင်ရာအတိုင်း ကျွန်တော် အိမ်ထဲ ၀င်သွားမိတယ်။

ခြေတစ်လှမ်းတိုးလိုက် တိုင်း အဲဒီချိုမြမြ ရနံ့လေးက ပိုပိုပြီး မွှေးလာတယ်။

ချိုမြိန်ဖွယ်အရသာရှိတဲ့ အ ရာတစ်ခုဟာ အပူတစ်ခုနဲ့ ထိတွေ့ပြီး လူးလွန့်လွင့်ပျံလာတဲ့ရနံ့မျိုး။

ပန်းဝတ်မှုန် တွေ၊ ချိုချဉ်အရသာရှိတဲ့ သစ်သီးရနံ့တွေရဲ့ အသွင်ပြောင်း မွှေးပျံလာတဲ့ ရနံ့မျိုး။

အဲဒီရနံ့ကတော့ ပျော်ရွှင်ခြင်းတွေကို ဆောင်ကြဉ်းယူလာပေးမယ့် ချိုမြိန်ခြင်း အရသာတွေ အတိပြီးနေတဲ့ ပျားရည် ရနံ့။ ချိုမြမြ ပျားရည်ကို အပူပေးပြီး ကျိုနေ တဲ့ရနံ့။

ချိုမြိန်ခြင်းရနံ့မှာ မိန်းမူးရင်း လျှောက်လှမ်းလာတဲ့ ကျွန်တော်ဟာ အဲဒီ ရနံ့ကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတစ်ခုကို တွေ့လိုက်ရပြီ။

သပ်ရပ်ပြီး စနစ် တကျ ဖွဲ့တည်ထားတဲ့ မီးဖိုချောင်တစ်ခု။

အဲဒီမီးဖိုချောင်ထဲမှာ ပျားရည်ထည့် ထားတဲ့ အိုးတစ်လုံးရယ် ဇွန်းရှည်တစ်ချောင်းရယ်နဲ့ အလုပ်ရှုပ်နေသူတစ် ယောက်။

သူက အရပ်ရှည်ပြီး အေပရွန် ဖြူဖြူလွှလွှအောက်က ရှင်းသန့်တဲ့ အသွင်နဲ့ အမျိုးသားတစ်ယောက်။

သူဟာ ၂၀၁၉ နှစ်သစ်ရဲ့ အဦးအစ ဇန်န၀ါရီလအတွက် MODA Man အဖြစ် MODA Dream Team ကရွေးချယ်ခဲ့တဲ့ Calvin Pun ပါ။

Calvin ဟာ Haven Honey ပျားရည် ထုတ်လုပ်ရောင်းချနေတဲ့ KeKokua ကုမ္ပဏီရဲ့ Founder တစ်ယောက်ဖြစ်သလို Managing Director တစ်ယောက်လည်း ဖြစ်ပါ တယ်။

မီးဖိုချောင်နဲ့ ရင်းနှီးကျွမ်းဝင်လွန်းတဲ့ သူ့ရဲ့ဟန်ပန်နဲ့  လှုပ်ရှားမှုတွေက Haven Honey ရဲ့ ပျားရည်တွေအပေါ်မှာ သူဘယ်လောက်အထိ စိတ်နှစ်ပြီး ပျော်ဝင်နေလဲဆိုတာ သိသာလှတယ်။

သူ ဖန်တီးထုတ်လုပ်နေတဲ့ ပျားရည်တွေနဲ့ တစ်သားတည်းကျပြီး သူ့ရဲ့ သွေးထဲမှာ ပျားရည်တွေများ စီးဆင်းနေသလား ထင်ရအောင် စိတ်အားထက်သန်စွာ ပျားရည်အကြောင်းရှင်းပြနေတဲ့ သူ့ကို ကြည့်ပြီး MODA စာဖတ်ပရိသတ်တွေသိချင်ကြတဲ့ မေးခွန်းတွေအပြင် ပျားရည်နဲ့ သူ ဘယ်လို ဆက်စပ်နေတဲ့ အကြောင်းတွေကိုပါ သိချင်စိတ်တွေနဲ့ သူ့ကို အင်တာဗျူးဖို့ ကျွန်တော် အဆင်သင့်ဖြစ်နေခဲ့တယ်။

ရှုတင်ပြီးပြီဆိုတာနဲ့ သောက်ရေတစ်ခွက်ကို ကျွန်တော်ဘေးချရင်း ခေါင်းထဲမှာ စီတန်းပေါ်နေတဲ့ မေးခွန်းတွေကို စိတ်အားထက်သန်စွာ မေးဖြစ်သွားတော့တယ်။

MODA. မြန်မာနိုင်ငံက လုပ်စရာလုပ်ငန်းတွေ အများကြီးထဲမှာမှ Calvin လို လူငယ်တစ်ယောက်က ပျားရည် Product ကိုရွေးချယ်ဖြစ်တဲ့ အကြောင်း ရင်းတစ်ခုက ဘာများဖြစ်မလဲ။

Calvin. ကျွန်တော် မြန်မာပြည် ပြန်လာတဲ့အချိန်မှာ တစ်ခုခုလုပ်ချင်တယ်။ မြန်မာနိုင်ငံက လူတော်တော်များများဟာ အကူအညီအထောက်အပံ့တွေ လို အပ်နေတာ တွေ့ရတယ်။ အထူးသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းက လူ တွေဟာ အကူအညီ အများကြီးလိုနေတယ်။ သူတို့မှာ ပိုက်ဆံသိပ်မရှိဘူး။ ကြီး ပွားတိုးတက်မယ့် အခွင့်ရေးတွေ မရှိဘူး။ သူတို့ အလုပ်မှာလည်း အခက်အခဲ တွေ အများကြီးရှိတယ်။ အဲဒီလို အချိန်မှာ ကျွန်တော်သူတို့ကို ကူညီပေးချင် တယ်။ ဒီကိုရောက်ပြီး ပထမသုံးနှစ်မှာ ကျွန်တော်ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။ ဒါ ပေမယ့် ကျွန်တော်ဘာများ လုပ်ပေးနိုင်မလဲဆိုပြီး စဉ်းစားကြည့်တယ်။ အဲဒီမှာ ကျွန်တော်ဘာတွေ့သလဲဆိုတော့ နိုင်ငံခြားကလာတဲ့ ထောက်ပံ့ပေးတဲ့သူတွေ က လယ်ယာစိုက်ပျိုးနဲ့ ပတ်သက်တဲ့နေရာတွေမှာ အများကြီးကူညီပေးတယ်။ ဒါပေမယ့် ပျားရည်နဲ့ ပတ်သက်တဲ့ အပိုင်းမှာကျတော့ ဘယ်သူမှ ကူညီမပေးကြ ဘူး။ ပျားရညှ်Social Enterprise လုပ်ချင်တယ် ဆိုတဲ့ တခြားကုမ္ပဏီတစ်ခုကို တော့ ကျွန်တော်ကူညီ ပေးဖူးတယ်။ သူတို့က ရှမ်းပြည်က ပျားသမားတွေကို ကူညီပေးချင်တယ်။ ကျွန်တော်က သူတို့အတွက် Business Plan တွေဆွဲပေး တယ်။ အဲဒီလုပ်ငန်းနဲ့ ပတ်သက်တာတွေကို ကျွန်တော်လေ့လာပြီး ရှင်းပြပေးရ တယ်။ သူတို့နဲ့ နှစ်နှစ်လောက် လုပ်ပြီးတဲ့အချိန်မှာ ပျားရည် Industry နဲ့ ပတ် သက်တာကို ကျွန်တော် ပိုပိုပြီးသိလာခဲ့တယ်။ ဘာတွေ သိလာသလဲဆို တော့ သူတို့က ရှမ်းပြည်မှာရှိတဲ့ ပျားသမားတွေကိုတော့ ကူညီပေးနေတယ်။ ဒါပေ မယ့် မြန်မာပြည်ရဲ့ တခြားဒေသတွေမှာရှိတဲ့ ပျားသမားတွေကိုကျ ဘယ်သူမှ ကူညီမပေးကြဘူး။ အဲဒီအချိန်မှာ ကျွန်တော်ကုမ္ပဏီတစ်ခု ဖွင့်ချင်လာတယ်။ တခြားနေရာမှာရှိတဲ့ ပျားသမားတွေကို ကူညီပေးလို့ရအောင်လေ။  ဒါက ကျွန် တော်ရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုပဲ။

MODA. Calvin မြန်မာစကားပြောတာ ခပ်ဝဲ၀ဲလေးနော်။ မြန်မာ မဟုတ်ဘူး ထင်ထယ်။ Calvin ရဲ့ အကြောင်းလေးလည်း မိတ်ဆက်ပေးပါဦး။

Calvin. ဟုတ်တယ်။ ကျွန်တော်က အမေရိကန် နိုင်ငံသားပါ။ တစ်မိသားစုလုံး လည်း အမေရိကန် နိုင်ငံသားပါ။ အဘွားကတော့ မြန်မာနိုင်ငံသားပဲ။ ကျွန်တော့် နာမည်က Calvin Pun ။ ၁၉၉၀ ဖွားမို့ ကျွန်တော်အခု ၂၈ နှစ်ရှိပြီ။ ကျွန် တော့်ကို အမေရိကန်၊ ဟာဝိုင်ယီမှာ မွေးတယ်။ ၁၉၉၄၊ ကျွန်တော် လေးနှစ်သား မှာ မိဘတွေနဲ့အတူ မြန်မာပြည်ကို ပြောင်းလာတယ်။ မြန်မာပြည်မှာ ၁၅ နှစ် လောက် နေပြီးတော့ အမေရိကန်မှာ တက္ကသိုလ်သွားတက်တယ်။ ငါးနှစ်ကြာခဲ့ တယ်။ ကျောင်းပြီးတာနဲ့ ရန်ကုန်ကို ပြန်ရောက်လာတယ်။

MODA. ငယ်ဘ၀တွေကို ဒီမှာကုန်ဆုံးခဲ့တာဆိုတော့ မြန်မာတွေအကြောင်း ကောင်းကောင်း သိမှာပေါ့။ မြန်မာတွေအတွက် ရိုးရှင်းပြီး မှတ်မိလွယ်တဲ့ Haven Honey ဆိုတဲ့ Brand Name  က ကုမ္ပဏီနာမည်ကိုပဲ ပြန်သုံးထား တာလား။

Calvin. ကျွန်တော့် ကုမ္ပဏီနာမည်က KeKokua ။ ကျွန်တော့် မွေးဖွားရာ ဇာ တိဖြစ်တဲ့ ဟာဝိုင်ယီမှာ ဘာသာစကားတစ်ခုရှိတယ်။ KeKokua က အဲဒီဘာ သာစကားရဲ့ ဝေါဟာရတစ်ခုပါ။ အဲဒီ KeKokua ရဲ့ အင်္ဂလိပ် အဓိပ္ပာယ်ဆိုရင် “The Spirit of Helping” ။ မြန်မာလိုဆိုတော့ “ကူညီခြင်း နတ်ဘုရား” လို့ ဆိုရမှာပေါ့။ အဲဒီစကားလုံးကို သိပ်စိတ်ဝင်စားတယ်။ အဲဒါကြောင့် ကုမ္ပဏီ နာ မည်ကို အဲဒီနာမည် ပေးခဲ့တာ။ ဒါပေမယ့် ပထမဆုံးကျွန်တော်လုပ်ငန်း စတင် လည်ပတ်အချိန်မှာ ကျွန်တော့်ကုမ္ပဏီက လူတွေအတွက် KeKokua ကို ခေါ်ရ တာ သိပ်ပြီးအဆင်မပြေကြဘူး။ အသံထွက်ရ တာ လျှာသိပ်မသွက်ဘူး ပေါ့။ ဒါကြောင့် Brand Name ကို နာမည်အသစ်ပဲပေးချင်သွားတယ်။ အဲဒီမှာ Haven ဆိုတဲ့ နာမည်ကို ရွေးချယ်ဖြစ် သွားတယ်။ Haven ရဲ့ အဓိပ္ပာယ်ကို ရှာ ဖွေတဲ့ အချိန်မှာ “Safe Space” ဆိုတာရယ် “Save Space for Opportunity” ဆိုပြီး တွေ့ရ တယ်။ အဲဒီမှာ ဒုတိယစကားလုံးကို ကျွန်တော်စိတ်ဝင်စားသွားတယ်။ ဘာဖြစ် လို့လဲဆိုရင် ကျွန်တော်က Opportunity တစ်ခုကို ဖန်တီးပေးချင်တယ်။ ပျား သမားတွေကို တစ်ခုခုလုပ်ပေးချင်တယ်။ ထောက်ပံ့ပေး ချင်တယ်။ တကယ်လို့ ပျားသမားတွေသာ ပိုက်ဆံတွေ ပိုရမယ်ဆိုရင် သူတို့သားသမီးတွေကို ကောင်း ကောင်းလေး ထောက်ပံ့ပေးနိုင်မယ်။ ကောင်းကောင်း ကြီးပြင်းစေနိုင်မယ်။ သူ တို့ကို ကျောင်းကောင်းကောင်း၊ တက္ကသိုလ်ကောင်းကောင်းထားပေးလာနိုင် မယ်။ ဘာဖြစ်လို့လဲဆိုရင် ပုံမှန်ပျားသမား မိသားစုတွေရဲ့ ကလေးတွေဟာ လေးတန်း၊ ငါးတန်းပြီးရင် ကျောင်းမသွားကြတော့ဘူး။ သူတို့တွေအနေနဲ့ အဖေအမေတွေနဲ့ အတူ  ဒီပျားလုပ်ငန်းကို ကူညီပေးဖို့လိုတာကိုး။ အဲဒီမှာ ကျွန် တော်က ဘာကို စဉ်းစားမိသလဲဆိုရင် ကျွန်တော်သာ ပျားသမားတွေကို ပိုက် ဆံပိုရအောင် ဖန်တီးပေးနိုင်မယ်ဆိုရင် သူတို့ရဲ့ ကလေး တွေကို ကျောင်းဆက် ထားနိုင်မယ်။ ပညာရေးက အရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်။ သူတို့ သာ ကျောင်းကောင်းကောင်းတက်ပြီး အလုပ်ကောင်းကောင်းတွေရသွား ရင် သူတို့ရဲ့ Lifestyle တွေက ပိုမြင့်သွားမယ်။ အဲဒီလို အခွင့်အရေးတွေကို ဖန်တီး ပေးနိုင်တဲ့ နေရာတစ်ခု၊   “Safe Space for Opportunity ” လို့ အဓိပ္ပာယ် ရတဲ့ Haven ကို ကျွန်တော်ရဲ့ Brand Name အဖြစ် ပေးဖြစ်သွားတယ်။

MODA. KeKokua ကုမ္ပဏီက ကိုယ်တိုင်ပျားမွေးပြီး Haven Honey ကို ထုတ်လုပ်ရောင်းချတာလား။

Calvin. ကျွန်တော့် ကုမ္ပဏီက ပျားမမွေးဘူး။ ရှိပြီးသား ပျားသမားတွေ ဆီက နေပဲ ပျားရည်ဝယ်ပြီး ပြန်ရောင်းတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ် တိုင် ပျားသမား အသစ်တစ်ယောက်အဖြစ် ဒီ Industry ထဲကို ထပ်မ၀င်ချင်ဘူး။ ကျွန်တော်မှာ အရင်းအနှီးရှိတယ်။ ကိုယ်တိုင် အလုပ်သမားတွေခန့်ပြီး ပျားမွေး လို့ရတယ်။ ကျွန်တော်ကိုယ်တိုင် ပျားရည်ထုတ်တယ် ဆိုရင် ရှိပြီးသားပျား သ မားတွေရဲ့ ပျားရည်ဈေးကွက်ကို ၀င်ယူသလို ဖြစ်မယ်။ သူတို့ပျားရည်တွေနဲ့ နေ ရာမျှယူသလို ဖြစ်သွားမယ်။ ကျွန်တော်က  ရှိပြီးသား ပျားသမားတွေကိုပဲ ကူညီ ပေးချင်တာလေ။ သူတို့ရဲ့ ဘ၀တွေကို ပိုပြီးတော့ တိုးတက်သွားစေချင်တယ်ဗျာ။

MODA. အဲဒီလို ဒီနိုင်ငံကရှိပြီးသား ပျားသမားတွေနဲ့ လုပ်ငန်းလည်ပတ်ရတဲ့ အပေါ်မှာရော ဘယ်လိုမြင်လဲ။

Calvin. ကျွန်တော်ရဲ့ လုပ်ငန်းမှာ အဓိကအားဖြင့် Quality ကို အတိုင်းအတာ တစ်ခုအထိ ထိန်းထားချင်တယ်။ အဲဒါကြောင့် ပျားသမားတွေကို သန့်ရှင်းမှုနဲ့ ပတ်သက်ပြီး ရှင်းပြရတယ်။ လက်ကို ဘယ်လိုဆေးရမလဲ။ လက်အိတ်နဲ့ ဘယ် လိုသုံးရမလဲ။ ပျားရည်ကို ဘယ်အချိန်ထုတ်ရမလဲ။ လိုချင်တဲ့ ပျားရည် Quality တစ်ခုကို ဘယ်လို ရအောင်လုပ်မလဲ။ အဲဒီလိုမျိုး အသိပညာတွေကို သူတို့ကို ပေးပြီး သူတို့ရဲ့ ပျားလုပ်ငန်းအဆင့်ဆင့်ကို ပိုကောင်းအောင် လည်ပတ်စေ တယ်။ ပျားမွေးတာကို ကိုယ်တိုင်မလုပ်ပေမယ့် အဲဒီပျားရည်ထုတ်တာနဲ့ ပတ်သက်ပြီး ပျားသမားတွေနဲ့ အမြဲဆွေးနွေးတယ်။ သူတို့ရဲ့ ပျားမွေးမြူရေးနေရာ တွေ အထိသွားပြီး ကောင်းမွန်တဲ့အရည်အသွေးမြင့် ပျားရည်တွေရအောင် တော့ ကျွန်တော်တို့ အမြဲသွားကြည့်တယ်။ ကျွန်တော်သတ်မှတ်ထားတဲ့ အ ရည်အသွေးနဲ့ ကိုက်ညီတဲ့ ပျားရည်တွေဆို သူတို့ဆီကနေ၀ယ်တယ်။ အဲဒီ အ ရည်အသွေးမရရင် မ၀ယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က စီးပွား ရေးလုပ်ငန်းတစ်ခု လည်ပတ်နေရသူတွေလေ။ NGO အဖွဲ့အစည်းတွေလို လိုအပ်ချက်တွေကိုပဲ ဖြည့်ပေးနေတဲ့သူတွေနဲ့ မတူဘူး။ ကျွန်တော်ရဲ့ အရည်အ သွေးတစ်ခုကို ထိန်းထားနိုင်မှ ကျွန်တော်ရောင်းရမှာ။ ကျွန်တော်လည်း စီးပွား ဖြစ်မှ သူတို့ဆီက အများကြီးဝယ်နိုင်၊ ရောင်းနိုင်မယ်။ သူတို့လည်း စီးပွားဖြစ်ပြီး ပိုပြီးတိုးတက်လာမယ်။ ပြီးတော့ ကျွန်တော်ရဲ့ ပျားရည်တွေကျွတေံသညနပ  ပျားရည်စစ်စစ်တွေပါ။

MODA. ဒါဆို ပျားရည်မှာ Raw Honey ရယ် တခြားအမျိုးစား Honey ရယ်ဆိုပြီး ခွဲခြားထားသေးလို့လား။

Calvin. ဟုတ်ပါတယ်။ ဈေးကွက်ထဲမှာ ပျားရည် နှစ်မျိုးရှိတယ်။ Process Honey ရယ်၊ Raw Honey ရယ် ဆိုပြီး ပေါ့။ Process Honey ဆိုရင် စက်တွေ၊ Industrial Filter တွေသုံးတယ်။ အဲဒါတွေသုံးပြီး Process Honey လုပ် လိုက်ရင် ပျားရည်မှာ နဂိုရှိပြီး အာနိသင်တွေလျော့သွားတယ်။ ဘာဖြစ်လို့ သူ တို့က အဲဒီစက်တွေ သုံးသလဲဆိုတော့ ပျားရည်အရောင် ပိုပြီးတော့လှသွား တယ်။ ပျားရည်က လှတော့ ဈေးကွက်မှာ ပိုပြီးတော့ ဈေးရတယ်။ အဲဒီ စက်တွေ နဲ့ အပူပေးရင် ပျားရည်က ရေတွေထွက်တယ်။ အဲဒီလို နည်းလမ်းတွေနဲ့ ပျား ရည်ရဲ့Water Content တွေကို လျှော့တယ်။ အဲဒီလို လျှော့လိုက်တယ်ဆိုရင် ပျားရည်က ကြာရှည်ခံတယ်။ ဒါပေမယ့် အရသာ သိပ်မကောင်းတော့ဘူး။ ကျန် မာရေးတွက် လိုအပ်တဲ့ အကျိုးအာနိသင်တွေက လျော့ပါးသွားတယ်။ သကြား လိုမျိုး အချိုဓာတ်ပဲ ကျန်တော့တာ။ ကျွန်တော့်ရဲ့ ပျားရည်က Raw Honey ၊ သေချာပေါက် ပျားရည်စစ်စစ်ပါ။ ပျားသမားတွေဆီကနေ ပျားရည်ဝယ်ပြီး Pullen လုပ်ပြီး အဖြူရောင် ပျားဖယောင်းခဲ လေးတွေကို ဆန်ခါနဲ့ပဲ သေချာသန့် စင်သွားအောင် စစ်ထုတ်တယ်။ အဲဒီလိုရတဲ့ ပျားရည်တွေက ကျန်းမာရေးအတွက် ပိုကောင်းတယ်။ Pullen ပဲလုပ်ထားတဲ့ ပျားရည်တွေဟာ ဓာတ်မတည့်လို့ Allergy ဖြစ်တာတွေကို သက်သာစေတယ်လေ။ ကျွန်တော်ရဲ့ ပျားရည်တွေက ၁၀၀% Natural  ပဲ။ အနံ့တွေ အရသာတွေနဲ့ပတ် သက်ပြီး Flavors သွင်းထားတာတွေ လုံးဝမရှိ ဘူး။ သဘာဝပျားရည်ရဲ့ အနံ၊ အရသာတွေအ တိုင်းခံစားရမယ်။

MODA. ဒါဆို ပျားရည်မှာ ပင်ကို အနံ့၊အရသာ တွေ ရှိတယ်ပေါ့။ အဲဒီလို အနံ့၊ အရသာတွေပါနေ အောင် ဘယ်လိုလုပ်လဲ။ Haven Honey မှာကော အဲဒါနဲ့ ပတ်သက်ပြီး ဘယ် နှမျိုးခွဲထားသေးလဲ။

Calvin. ကျွန်တော်တို့မှာ နေကြာပန်းပျားရည်၊ ပဲစင်းငုံပျားရည်၊ မုန်ညင်းပျား ရည်၊ ဆီးပျားရည်၊ နိုက်ဂျာပျားရည်၊ နာနတ်ပျားရည်နဲ့ လိုင်ချီးပျားရည်ဆိုပြီး Product ခုနစ်မျိုးရှိတယ်။ အဲဒီ ခုနစ်မျိုးဟာ ပန်းပွင့်တွေ မတူကြတာကနေ ကွဲ သွားတယ်။ အဲဒီလို ပန်းမတူရင် အရသာလည်း မတူဘူး။ နေကြာပန်းပျားရည် ဆို နေကြာပန်းအနံ့နဲ့ အရသာရှိတယ်။ နောက်တစ်ခုကJujube Honey ။ အဲဒါကို ဆီးပျားရည်လို့လည်းခေါ်တယ်။ ဆီးပျားရည်က အသီးသီးတဲ့ ပန်းပွင့်တွေ ကနေ ရတာဆိုတော့ သစ်သီးအရသာ ပိုရတယ်။ မုန်ညင်းပျားရည်ဆိုရင် နည်း နည်းလေးချဉ်တဲ့အရသာလေး ပေါက်တယ်။

MODA. အဲဒီပျားရည် တစ်မျိုးစီမှာ ဘယ်လိုမျိုး ထူးခြားမှုတွေရှိနေလဲ။

Calvin. အဲဒီ ပျားရည် ခုနစ်မျိုးက တစ်ခုနဲ့တစ်ခု အားသာချက်တွေ၊ အကျိုး အာနိသင်တွေ မတူကြဘူး။ မုန်ညင်းပျားရည်ဆိုရင် နှလုံးကျန်းမာရေးအတွက် ကောင်းတယ်။ ပဲစင်းငုံပျားရည်က နည်းနည်းပိုချိုလို့ ဟင်းထဲ ထည့်ချက်ရင်စား လို့ အရမ်းကောင်းတယ်။ Jujube ဆီးပျားရည်ကျ လူကို Fresh ဖြစ်စေပြီး ဦး နှောက်ကို လန်းဆန်းစေတယ်။ နေကြာပန်းပျားရည်က ပန်းရဲ့ အရသာကိုပါ ခံ စားရပြီး ပိုလည်းမွှေးတယ်။ နိုက်ဂျာပျားရည်က ကော်ဖီအရသာနည်းနည်း ပေါက်ပြီး ရေနွေးကြမ်းထဲထည့်သောက်ရင် အရမ်းကောင်းတယ်။ လိုင်ချီးပျား ရည်မှာကျ လိုင်ချီးအရသာ အပြည့်ရပြီး သကြားဓာတ်များတာကြောင့်  ပိုချိုပြီး စားလို့အရမ်းကောင်းတယ်။ နံနံပျားရည်ကတော့ အရမ်းကို ထူးခြားတဲ့၊ အရ သာရှိတဲ့ ပျားရည်တစ်မျိုးပဲ။ ကျွန်တော်တစ်ယောက်ပဲ အဲဒီပျားရည်ကို ရှာတွေ့ ခဲ့တယ်။ မြန်မာမှာ တွေ့ရခဲတဲ့ ပျားရည်တစ်မျိုးမို့ ဒီနိုင်ငံရဲ့ Special Honey လို့ တောင် ပြောနိုင်တယ်။

MODA. အိုး… စိတ်ဝင်စားစရာပဲ။ ဆိုတော့ ဘယ်သူတွေက Haven Honey ရဲ့ Customer တွေဖြစ်မလဲ။

Calvin. ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး ကျွန်တော် Market Research စလုပ်တဲ့ အချိန်မှာ နားလည်လိုက်တာက မြန်မာပြည်က လူတွေ ပျားရည်သိပ်မစားကြ ဘူး။ နေမကောင်းတဲ့အချိန်မှာ ပျားရည်စားရင် ကျန်းမာရေးအတွက် ကောင်း တယ်ဆိုပြီးသာ စားကြတာ။ ပုံမှန်အချိန်မှာ မစားကြဘူး။ ရေနွေးထဲမှာလည်း ထည့်မသောက်ကြဘူး။ အချိုပွဲထဲမှာလည်း ထည့်မစားဘူး။ ပေါင်မုန့်နဲ့လည်း မစားကြဘူး။ စစ်တမ်းတွေ လုပ်အပြီး ကျွန်တော်အထင် မြန်မာတွေက ပျား ရည်သိပ်မ၀ယ်ဘူးပေါ့။ အဲဒါကြောင့် ကျွန်တော် Foreigner တွေကို ပိုပြီး Focus ထားခဲ့တယ်။ ကျွန်တော် ပထမဆုံး စရောင်းတာက အမေရိကန်တွေ၊ အနောက်တိုင်းသားတွေ ပိုများတဲ့ Yangon Bakehouse မှာပါ။ တစ်နှစ် လောက်ကြာတဲ့အခါ Market research ကို ပိုပြီးနားလည်သွားတယ်။ ပျားရည် ဈေးကွက်ကို ပိုသိလာတယ်။ အဲဒီမှာ မြန်မာလူမျိုးတွေ ပျားရည် အရမ်းစားတာ ကို တွေ့ရရော။ ဒါပေမယ့် သူတို့က အချိုပွဲအနေနဲ့ မစားကြဘူးဗျ။ ကျန်းမာရေး ကောင်းအောင် ပျားရည်ကို စားကြတာ။ အခုဆို Market Place မှာ ကျွန်တော် ပျားရည်ကို ရောင်းနေပြီ။ မြန်မာလူမျိုးတွေပဲ အများဆုံးဝယ်ကြတာ။ ပြီးတော့ Sharkey’s မှာလည်းရောင်းတယ်။ မြန်မာတွေရော နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေပါ ၀ယ်ကြတယ်။ ဧည့်သည်တွေကျတော့ လက်ဆောင်ပေးဖို့ အ တွက်ဝယ်ကြတာ။ မြန်မာ့ထွက်ကုန် ဆိုပြီးတော့ပေါ့။

ဟိုတယ်တွေကိုလည်း Supply လုပ်သေးတယ်။ ဆီဒိုးနား ဟိုတယ်ဆိုရင် ကျွန် တော်တို့ရဲ့ အကြီးဆုံး Customer ဖြစ်သွားပြီ။ သူတို့အတွက် ကျွန်တော် ပျား ရည် ပုလင်းအသေးတွေ လုပ်ပေးတယ်။ ပုလင်းအသေးတွေကို သူတို့က ဟိုတယ်ရဲ့ မနက်စာ ဘူဖေးမှာ ထားပေးတယ်။ ကျွန်တော်တို့ Supply လုပ်တဲ့ ဟိုတယ်တွေကတော့ Savoy Hotel ၊ Excelsior Hotel ၊ Pullman Centrepointe Hotel ၊ Melia နဲ့ ခုနကပြောတဲ့ Sedona ရှိပါတယ်။

MODA. ဒီအတိုင်း ဈေးကွက်ထဲမှာ Haven Honey ကို ၀ယ်ချင်တယ်ဆိုရင် . . .

Calvin. Market Place ၊ Sharkey’s  ၊ Melia Hotel ၊ Yangon Bakehouse ၊ Rangoon Tea House ၊ Sakura Residence နဲ့ shopmyar.com မှာလည်း အွန်လိုင်းကနေ ၀ယ်လို့ရတယ်။

MODA. သိပ်ကောင်းတဲ့ ဈေးကွက်တစ်ခုကို ရထားတာပဲနော်။ Haven Honey ကို ဘယ်အတိုင်းအတာအထိ မျှော်လင့်ထားပြီး အဲဒီ Product ကို ဘယ်လိုမျိုး ဖြစ်စေချင်တာလဲ။

Calvin. ဘယ်လိုမျိုးဖြစ်စေချင်လဲဆိုရင် ကျွန်တော် Export လုပ်ချင်တယ်။ Haven Honey ကို မြန်မာနိုင်ငံရဲ့ အကြီးဆုံး ပျားရည် ကုမ္ပဏီဖြစ်စေချင်တယ်။ ဒါပေမယ့် ကျွန်တော် ပိုပြီး အာရုံစိုက်ချင်တာကတော့ Export လုပ်တာကိုပဲ။ တခြားနိုင်ငံတွေကို မြန်မာ့ပျားရည် ပို့ချင်တယ်။ ဘာဖြစ်လို့လဲဆိုရင် မြန်မာတွေ က Export သိပ်မလုပ်ဘူး။ လုပ်တာကလည်း စိုက်ပျိုးရေးလုပ်ငန်းက ထွက်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ ၊ သစ်သား၊ ကျောက်မျက်ရတနာနဲ့ ဆီ စတဲ့ ဟာတွေလောက်ပဲ။ ဒါပေမယ့် တစ်ခုရှိတာက ဒါတွေအားလုံး တခြားနိုင်ငံ ရောက်ပြီး Process လုပ်တယ်။ စက်ရုံတွေကို ကုန်ကြမ်းအဖြစ်နဲ့ ရောက်ပြီး သူ တို့က ဈေးကွက်ထဲ ကုန်အချောအနေနဲ့  ဖြန့်ချိရောင်းချတယ်။ အဲဒါတွေကို Product of Myanmar ဆိုပြီး သူတို့က ရောင်းကြတာမဟုတ်ဘဲ သူတို့နိုင်ငံ ရဲ့ Product တွေအဖြစ်သာ နိုင်ငံတကာကို ပြန်ရောင်းကြတာ။ ဥရောပနိုင်ငံ တွေ၊ အမေရိကန်၊ ဂျပန်နဲ့ စင်ကာပူသွားရင် အဲဒီ High End Value Market တွေမှာ Product of Myanmar ဆိုပြီး မရှိဘူး။ လုံးဝကိုမရှိတာဗျာ။ ကျွန် တော်က ဘာလုပ်ချင်တာလဲဆိုတော့ Finished Product တွေကို Export လုပ်ချင်တယ်။ ပုလင်းလှလှ လေးတွေနဲ့ သေသေချာချာ ထုပ်ပိုးပြီးတော့ ပို့ချင် တယ်။ နိုင်ငံခြားတွေမှာ Supermarket တွေသွားရင် Product of Myanmar ဆိုပြီး ရှိစေချင်တယ်။ အခုဆိုရင်အဲဒီနေရာတွေမှာ Product of Thailand ၊ Product of Vietnam ဆိုပြီးရှိတယ်။ Product of Myanmar ဆိုပြီး မတွေ့ ရသေးဘူး။ မြန်မာထွက် ထုတ်ကုန်တွေဟာ တ ခြားနိုင်ငံရဲ့ Product တွေအဖြစ်နဲ့သာ နိုင်ငံတ ကာ ဈေးကွက်မှာ တွေ့နေရတယ်။ ကျွန်တော်က တော့ နိုင်ငံတကာ ဈေးကွက်မှာ Product of Myanmar ဆိုပြီး ရှိနေစေချင်ပြီ။

MODA. ဟာ . .အဲဒီလိုမျိုးဖြစ်သွားရင်တော့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ တော်တော်ဂုဏ်ယူမိမှာပဲ။ ဒါနဲ့ ပျားရည် ကို တခြား ဘာအစားစာတွေနဲ့ တွဲဖက်စားရင်ကောင်းတာလဲ။

Calvin. ပျားရည်က ဒီအတိုင်းစားလို့ရတယ်။ Raw ဆိုရင်တော့ အကောင်း ဆုံးပဲ။ ရေနွေးကြမ်းထဲ ထည့်သောက်ရင်လည်း သိပ်ကောင်းတယ်။ တခြား သောက်စရာတွေထဲလည်း ထည့်သောက်လို့ရတယ်။ ပေါင်မုန့်မီးကင်ပေါ်မှာ လည်း ဆမ်းပြီး စားလို့ရတာပဲ။ Pancake ၊ Waffle တွေနဲ့လည်း စားလို့ရ တယ်။ ရေခဲမုန့်တို့ ၊ ဒိန်ချဉ်တို့နဲ့ စားရင်လည်း အရမ်းကောင်း။ နောက်ပြီး သကြားလုံး၊ Lollipop လည်း လုပ်လို့ရတာပဲ။  အရက်နဲ့ လည်းစပ်ပြီးသောက်လို့ ရတယ်။ ပျားရည်က အစားအသောက် တော်တော်များများနဲ့ကို တွဲစားလို့ရတာ။ Raw Honey ကို Process တစ်ခုလုပ်ပြီး ဘီယာလိုမျိုးတောင် ထုတ်လို့ရ သေး။

MODA. ကျွန်တော်ကတော့ ပျားရည်ကို အစား အစာအမျိုးစုံနဲ့ တွဲစားကြည့်ဖို့ စိတ်အားထက်သန် နေပြီ။ အစားအစာတွေနဲ့တွဲစားဖို့ ယိုတွေ၊ အချိုတွေ မျိုးစုံရှိ ပါလျက်နဲ့ ဘာကြောင့် ပျားရည်ကို ပိုပြီး ရွေးချယ်သင့်တယ်လို့ Calvin ထင်လဲ။

Calvin. သကြားဆိုရင် တော်ရုံလောက်ပဲကောင်းတယ်။ များသွားရင် ကျန်းမာ ရေးအတွက် မကောင်းဘူး။ ပြီးတော့ ပျားရည်ရဲ့ အချိုက တခြားအချိုတွေထက် သကြားဓာတ်ပိုနည်းတယ်။ သကြားပါဝင်မှုနည်းလေ ကျန်းမာရေးအတွက် ပို ကောင်းလေပဲမို့ ပျားရည်ကို ရွေးချယ်သင့်တယ်လို့ ကျွန်တော် ဖြေရမှာပဲ။

MODA. Calvin က ပျားရည်နဲ့ပတ်သက်ပြီး တော်တော်လေ့လာထားတာပဲ နော်။ အဲဒီထဲကမှ ပျားရည်သုံးစွဲသူတွေအတွက် ဖတ်သင့်တဲ့ စာအုပ်တစ်အုပ် ကို ညွှန်းပါဆိုရင် ဘယ်စာအုပ်ဖြစ်မလဲ။

Calvin. Red Bee Honey  ကို တည်ထောင်သူဖြစ်သလို ပိုင်ရှင်လည်းဖြစ် တဲ့ C. Marina Marchese ရေးတဲ့ “Honeybee : Lessons from an Accidental Beekeeper ” ဆိုတဲ့ စာအုပ်ကို ညွှန်းချင်တယ်။ စာရေးဆရာမ က အဲဒီမတိုင်ခင် Marketing Company တစ်ခုမှာ အလုပ်လုပ်တယ်။ ဒါပေ မယ့် အဲဒီအလုပ်နဲ့ သိပ်အဆင်မပြေဘူး။ သူအလုပ်ထွက်ပြီး Beekeeper လုပ် တယ်။ ဒီစာအုပ်ကို ကြိုက်ရတဲ့ အကြောင်းရင်းက ဘာလဲဆိုရင် သူ့အဖြစ် အပျက်တွေက ကျွန်တော်နဲ့တူတယ်။ ကျွန်တော်ကျောင်းပြီးပြီးချင်း ဒီပျားရည် လောက ထဲကို ၀င်ခဲ့တာမဟုတ်ဘူး။ ဒီလောကထဲကို အဲဒီစာရေးဆရာမလို မတော်တဆ ရောက်လာခဲ့တယ်။ တက္ကသိုလ်ပြီးတော့ မြန်မာပြည်ကို ပြန် ရောက်တဲ့ အချိန် ကျွန်တော် Consultant လုပ်တယ်။ Marketing Management ၊ Financial Management ဘယ်လိုလုပ်ရမလဲဆိုတာတွေနဲ့ပတ်သက်ပြီး SME ကုမ္ပဏီတွေကို ကျွန်တော်ကူညီပေးတယ်။ သူတို့အတွက် Plan တွေဆွဲပေးတယ်။ Report တွေလုပ်ပေးတယ်။ အဲဒီလိုနဲ့ ပျားရည် ကုမ္ပဏီတစ် ခုအတွက် လုပ်ပေးရင်းနဲ့ ကျွန်တော် ဒီလောကထဲကို ရောက်လာတယ်လို့ ဆိုရ မှာပေါ့။

စာရေးဆရာမရဲ့ ဇာတ်လမ်းဟာ ကျွန်တော်နဲ့ သိပ်ဆင်တော့ အဲဒီစာအုပ်က ကျွန်တော့်နဲ့ အရမ်းရင်းနှီးတယ်လို့ ခံစားရတယ်။ ပြီးတော့ အဲဒီစာအုပ်မှာ ပျား ရည်ရဲ့ အကျိုးအာနိသင် အကြောင်းတွေအများကြီးပါတယ်။ ပျားရည်နဲ့ လုပ်လို့ ရတဲ့ အစားအသောက်လုပ်နည်းတွေ အများကြီးပါတယ်။ ပျားရည်နဲ့ ဘာချက် ရင်ကောင်းမလဲ ဆိုတာတွေ သိလာမယ်။ ပျားရည်ရဲ့ အသုံးဝင်မှုတွေနဲ့ အသုံးပြု မှုတွေလည်း အများကြီးပါတယ်။ ဆေးနည်းတွေလည်းပါတယ်။ ပျားရည်နဲ့ ပတ် သက်တဲ့ အချက်အလက်တွေ အများကြီးကို ပါတာ။

MODA. အခုခေတ်လူငယ်တွေ မစဉ်းစားမိတဲ့ လုပ်ငန်းတစ်ခုကို လည်ပတ် နေတာဆိုတော့ Calvin မှာ အများနဲ့မတူတဲ့၊ ကွဲထွက်နေတဲ့ Working Style တစ်ခုရှိမှာပဲ။

Calvin. ကျွန်တော်က တစ်နေ့နဲ့ တစ်နေ့တူနေပြီး ထပ်ခါတလဲလဲ လုပ်ရတဲ့ အ လုပ်မျိုးကို မကြိုက်ဘူး။ အဲဒီလိုမျိုးလုပ်ရတာကို ပျင်းတယ်။ ဘာကြိုက်လဲဆိုရင် တစ်နေ့နဲ့တစ်နေ့ မတူတဲ့အသစ်တွေကို လုပ်ရတာကြိုက်တာ။ တချို့လတွေမှာ ဆိုရင် ကျွန်တော်မှာ ဘယ်မှသွားစရာမရှိသလို၊ ထူးထူးခြားခြား လုပ်စရာတွေ မရှိတဲ့ အခါမျိုးတွေတောင် ရှိတယ်။ ကျွန်တော်အရမ်းပျင်းပြီး စိတ်ဓာတ်ကျချင် သလိုလို ဖြစ်တယ်။ တစ်နေ့တစ်နေ့ မတူညီတဲ့ အသစ်သစ်တွေကိုပဲ လုပ်ချင် တာ။ ရင်ခုန်ရတဲ့ အလုပ်မျိုးတွေကိုပဲ လုပ်ချင်တာ။  အဲလိုမျိုးလုပ်ဖို့ဆိုရင် နည်း နည်းတော့ ရူးသွပ်မှုတွေ၊ စွန့်စားမှုတွေလုပ်ရတာပေါ့။ ဒီနေ့လိုမျိုး အင်တာဗျူး ကို တစ်ခါမှမလုပ်ဖူးဘူး။ အဲဒီလိုမျိုးလုပ်ရတော့ အရမ်းကို စိတ်လှုပ်ရှားရပါ တယ်။ နောက်တစ်ခုကတော့ အဲဒီလိုမျိုး တစ်နေ့တစ်မျိုး မတူတဲ့ဟာတွေ ကို လုပ်ဖို့ဆိုရင် Management Team ကအရမ်းကောင်းဖို့လိုပါတယ်။ ကျွန် တော့်ကို Support လုပ်ပေးတဲ့ သူတွေအရမ်းကောင်းပြီး Stable ဖြစ်နေလို့ သာ အဲဒီလိုမျိုးလုပ်နိုင်တာပါ။

MODA. အခုလိုမျိုး နေ့တိုင်း အလုပ်တွေပြည့်နေတာတောင် ငယ်ငယ်က တည်းက စိတ်ဝင်စားပြီး အခုထိ လုပ်ဖြစ်နေသေးတဲ့ ၀ါသနာတစ်ခုက ဘာများလဲ။

Calvin. ဟင်းချက်ရတာ ကျွန်တော် အရမ်းကြိုက်တယ်။ မီးဖိုချောင်ထဲမှာ ကိုယ်တိုင်ရှိနေရတာကို ကြိုက်တယ်။ အခုပျားရည်နဲ့ဆို အရမ်းလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မီးဖိုချောင်ထဲမှာ ပျားရည်ကျိုတာတို့ စမ်းသပ်တာတို့ လုပ်လို့ရတာလေ။ အခုကျွန်တော် အင်တာနက်ကရှာပြီး မီးဖိုချောင် ဒီဇိုင်းတစ် ခုကို လုပ်ထားတယ်။ အဲဒီမှာ ဟင်းချက်လို့ရတယ်။ အကင်တွေ ကင်လို့ရတယ်။ ငယ်ငယ်ကတည်းက စိတ်ဝင်စားသလို အခုထိလည်း ဟင်းချက်တယ်။ တက္ကသိုလ် ကျောင်းတက်တုန်းကလည်း သူငယ်ချင်းတွေနဲ့ အတူတူ ဟင်းချက်လေ့ရှိ တယ်။ အိမ်မှာပွဲတွေရှိရင်လည်း ကျွန်တော်ဝင်ချက်တယ်။ အမေတို့၊ အဖေတို့ရဲ့ ဧည့်သည်တွေလာရင်လည်း ကျွန်တော်ဟင်းချက်ပေးတယ်။

MODA. Calvin ချက်တဲ့ ဟင်းတွေထဲကမှ ကိုယ်တိုင်လည်း Special လို့ခံ စားရပြီး စားရတဲ့သူတိုင်းကလည်း Special ပါလို့ပြောတဲ့ ဟင်းလျာတစ်ခုကို သိပါရစေ။

Calvin. အမေရိကန်စတိုင် ၀က်နံရိုးကင်။ နောက်တစ်ခုက Bacon ၀က်ပေါင် ခြောက်။ ကိုယ်တိုင်လုပ်တဲ့ Bacon ပါ။ ဈေးမှာ ၀က်သားကို ကိုယ်တိုင်ဝယ်ပြီး ကိုယ်တိုင်လုပ်တယ်။ ဒါပေမယ့် အဲဒါက အချိန်အများကြီးပေးရတော့ အမြဲတမ်း မလုပ်ဖြစ်ဘူး။

MODA. Calvin စိတ်ဝင်စားတဲ့ အစားသောက်တွေကိုဖန်တီးရင်း လူမှုအ ကျိုးပြု Social Enterprise လုပ်ငန်းတစ်ခုကို လည်ပတ်နေတယ် ဆိုတော့ အ ခုလိုမျိုး Social Enterprise လုပ်ချင်တဲ့သူတွေကို ဘယ်လို အကြံပေးချင်လဲ။

Calvin. အရေးကြီးဆုံးဆိုရင် ပွင့်လင်းမြင်သာမှုရှိရမယ်။ အကုန်လုံးကို ချပြ နိုင်ရမယ်။ မြန်မာနိုင်ငံမှာ Social Enterprise ဆိုပြီး သီးသန့်ခွဲထားတာ မရှိ ဘူး။ ဒီမှာ ကုမ္ပဏီတွေအများကြီးရှိတယ်။ သူတို့လည်း လူတွေကို ကူညီပေး တယ်။ အလုပ်တွေခန့်ပြီး လစာတွေပေးတယ်။ ဒါပေမယ့် Social Enterprise ဆိုတာက အဲဒါတွေနဲ့ပဲ မလုံလောက်ဘူး။ တကယ့် Social Enterprise ဆိုရင် ၀န်ထမ်းတွေအပြင် တခြားလူတွေကိုလည်း ကူညီပေးရမယ်။ Vision ရှိရမယ်။ အဲဒါကို တခြားလူတွေ သိစေရမယ်။ ကျွန်တော်ဆိုရင် ကုမ္ပဏီရဲ့ ၀န်ထမ်းတွေ အပြင် ပျားသမားတွေကို ကူညီပေးချင်တယ်။ ကျွန်တော်ရဲ့ Vision တစ်ခုဆိုရင် နောက်ငါးနှစ်မှာ ပျားသမားတွေရဲ့ ၀င်ငွေကို ၅၀% လောက်တိုးလာစေချင်တာပဲ။ အခုပျားရည်ဝယ်တဲ့ အချိန်မှာ ဈေးက လက်ရှိပေါက်ဈေးပဲ။ နောက်ငါးနှစ် ဆို ရင် ဈေးကို ၅၀% ပိုမြင့်စေချင်တယ်။ ဒီလို ၅၀% ကို တိုးလာစေချင်ရင် Quality ကိုမြှင့်ရမယ်။ Quality ပိုကောင်းလေ ဈေးပိုရလေပဲ။

လုပ်ငန်းအကြောင်းတွေရယ်၊ ဘာတွေလုပ်ပြီး ဘယ်တွေရောက်နေပြီလဲဆို တာရယ် စတဲ့ Report  တွေကိုလည်း အများကို မျှဝေပေးဖို့လိုတယ်။ ကျွန်တော့် ကုမ္ပဏီဆို တစ်နှစ်မပြည့်သေးဘူး။ တစ်နှစ်ပြည့်တာနဲ့ Report တစ်ခုရေးပြီး ကျွန်တော်တို့ရဲ့ Website မှာ တင်မယ်။ ကျွန်တော်ရဲ့ Report ကို အများပြည်သူ ကြည့်လို့ရမယ်။ ပျားသမားတွေ ကြည့်လို့ရမယ်။ Customer တွေကြည့်လို့ရ မယ်။ တခြားကုမ္ပဏီက လာကြည့်လို့ရမယ်။ ကျွန်တော် ဘာလုပ်လဲ။ ဘာဖြစ်လို့ ဒါကိုလုပ်ရတာလဲ။ ဘာကောင်းတာလဲ။ ဘာမ ကောင်းဘူးလဲ။ ဘာရှိနေပြီး ဘာ မရှိဘူးလဲ။ အကုန် လုံး ဖွင့်ထားရမယ်။ Social Enterprise ဆို Open ဖြစ်နေရမယ်။ တခြားနိုင်ငံတွေမှာကျ Social Enterprise ဆိုတာ ဘယ်လိုအချက်လက်တွေနဲ့ ပြည့်စုံနေရမယ်ဆိုပြီး အစိုးရကိုယ်တိုင်က သတ် မှတ်ထားတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီလိုမျိုးမရှိ သေးဘူး။ ကိုယ်တိုင်ပဲ Social Enterprise ကို လုပ်မှရတာ။ ဒါကတော့ ကျွန် တော်ကိုယ်တိုင်လည်ပတ်နေတဲ့ Social Enterprise ပေါ့။

MODA. အခုလို အများကြီး စိတ်ရှည်ရှည်ဖြေပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါ တယ်။

Calvin. ကျွန်တော် ဖြေချင်တာတွေ ပါဝင်အောင် မေးတတ်တဲ့ MODA Dream Team ကိုလည်း ကျေးဇူးတင်ပါတယ်။

 

Editor : Hnin Ei Ei Hlaing

 

Proof Editor : Lu Thar Man

 

Interviewer : Min Chit Paing

 



Share this article

TOP 5 ARTICLES


People   |   Posted on Apr 12, 2019

ပင်လယ်ပျော် Thin Zar Wint...


Beauty Box   |   Posted on Apr 10, 2019

L’Oreal Paris ရဲ့ အထူး S...


Celebrity Beauty   |   Posted on Apr 9, 2019

"KILL THIS LOVE" MUSIC VI...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.