Health   |   Posted on Aug 7, 2019 by Yin Moe Shinn
Insomnia နဲ့ နောက်ဆက်တွဲရောဂါများ....
ဖြစ်မှန်းမသိဖြစ်နေကြတဲ့အိပ်မရခြင်းရောဂါနဲ့ အတူစိတ်ကျန်းမာဖို့ ရာဘာတွေလိုအပ်သလဲ ?
Share this article
ရောဂါလို့ မမည်တဲ့ရောဂါ ဒီရောဂါအမျိုးအစားကိုယနေ့ ခေတ်လူတော်တော်များများကြုံတွေ့ ခံစားနေကြရပါတယ်။ လူတိုင်းလိုလိုခံစားရမှန်းမသိခံစားနေကြတဲ့ရောဂါကတော့အိပ်မပျော်ခြင်းရောဂါပါ။ အိပ်စက်ခြင်းဆိုတာကလူသားတိုင်းအတွက်လိုအပ်တဲ့အားတစ်ခုပါ။ သဘာဝတရားအတိုင်းစားသောက်အိပ်စက်ခြင်းကို ပျက်ကွက်ပါများလာတဲ့အခါကျန်းမာရေးနဲ့ ပတ်သတ်ပြီးထိခိုက်မှုတြွေုဖစ်လာနိုင်ပါတယ်။ ဆေးရုံဆေးခန်းမှာပြနေကြတဲ့ရောဂါလို့ မသတ်မှတ်ထားတာကြောင့်လူတွေကသူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းနေကြပါတယ်။ အဲ့ဒီရောဂါရဲ့ အခြေခံရောဂါလက္ခဏာတွေကတော့အိပ်ရခက်ခဲတာ အိပ်ပျော်ဖို့ ခက်ခဲတာ၊အိပ်နေရင်းနိုးလာတာ ၊ ပြန်အိပ်ဖို့ ခက်ခဲတာစသဖြင့်အိပ်စက်ခြင်းနဲ့ ပတ်သတ်ပြီးခံစားရတဲ့ ဝေဒနာပါ။ ေ
ပါ့ပေါ့ပါးပါးရောဂါအနေနဲ့ သတ်မှတ်ထားလို့ လုံးဝမရတာကသူ့ မှာနောက်ဆက်တွဲ ရောဂါနဲ့ အခြေအနေဆိုးတွေရှိနေတာကြောင့်ပါ။ ပုံမှန်လိုအပ်တဲ့အိပ်စက်ခြင်း ၈နာရီကိုမပြည့်ဝတော့တဲ့နောက်ကိုယ်ခန္ဓာကနေလို့ မကောင်းတော့ဘဲပင်ပန်းမှုတွေဖြစ်လာမှာပါ။ အဲဒီနောက်လုပ်ငန်းခွင်ရော အခြားနယ်ပယ်တွေမှာပါထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။ သေချာလေ့လာခဲ့ပြီးတဲ့နောက်ထပ်အိပ်မပျော်တဲ့ရောဂါရဲ့ အဓိကအကြောင်းရင်းကတော့နေ့ စဉ်ကြုံတွေ့ နေရတဲ့ဘဝအမောတွေကြောင့်ပါ။ ရှုန်းကန်နေကြရတဲ့နေ့ စဉ်ဘဝမှာအခက်အခဲတွေကြုံရပါများလာတော့စိတ်ဖိစီးမှုဒဏ်ကိုခံလာရပါတယ်။ ဒီအရာကအိပ်စက်ခြင်းကိုအဓိကထိခိုက်စေတာပါ။ ဆက်စပ်နေတဲ့ဒီအရာရဲ့ နောက်ဆက်တွဲဆိုကျိုးတွေနဲ့ ပတ်သတ်ပြီးလူတွေက level အလိုက်ခံစားကြရပါတယ်။ ပြင်းပြင်းထန်ထန်ခံစားရသူတစ်ချို့ ကတော့သေဆုံးရတဲ့အထိဖြစ်စေပါတယ်။ဒီရောဂါကတော့ဖြစ်မှန်းမသိဖြစ်နေတဲ့ကူးစက်ရောဂါလိုကြောက်စရာကောင်းတဲ့ရောဂါပါ။ နိုင်ငံတိုင်းလိုလိုမှာအဖြစ်များနေတဲ့ရောဂါဖြစ်ပြီးအထူးသဖြင့်အသက် ၂၀ကျော်လုပ်ငန်းခွင်ဝင်နေရပြီဖြစ်တဲ့လူတွေများပါတယ်။ ဆယ်ကျော်သက်တွေမှာလည်းဖြစ်လေ့ရှိတယ်ဆိုပေမယ့် စစ်တမ်းအရဆိုရင်လုပ်ငန်းခွင်ဝင်တဲ့သူတွေပိုခံစားနေကြရပါတယ်။လုပ်ငန်းခွင်ကပေးတဲ့စိတ်ဖိစီးမှုကြောင့်နောက်ဆက်တွဲအိပ်ရေးပျက်ခြင်းကနေဆက်စပ်ရောဂါတွေဖြစ်လို့ လာတာပါ။ တိုးတက်လာတဲ့ဒီနေ့ ခေတ်မှာပြောင်းလဲခြင်းများစွာကလည်းအဆိုးအကောင်းဒွန်တွဲလို့ နေပါတယ်။ နည်းပညာတွေတိုးတက်လာတဲ့အပေါ်လူတွေကအလုပ်လုပ်ရင်းအချိန်တွေကုန်ဆုံးလာကြရပါတယ်။ ဒါကလည်းတိုးတက်လာတဲ့အလျောက်ဘောင်ဝင်တန်းဝင်နေနိုင်ဖို့ ပါ။ဒီလိုပြောင်းလဲမှုတွေကြားလူတွေရဲ့ မိတ်ဆွေကလူတွေမဟုတ်တော့ဘဲ စက်ပစ္စည်းတွေဖြစ်လို့ လာပါတယ်။စက်ပစ္စည်းတွေကိုပိုခင်တွယ်လာပြီးဘေးကအပေါင်းအသင်းထက် Social network ကအပေါင်းအသင်းတွေကပိုပြီးခင်တွယ်စရာကောင်းသလိုဖြစ်လာတဲ့နောက်အရာရာကလွဲမှားလို့ လာပါတယ်။ အဖက်ဖက်ကလွဲမှားလာကြတဲ့နောက်စိတ်ဓါတ်ကျဆင်းမှုနဲ့ အတူပင်ပန်းတဲ့နေ့ တွေကိုပိုင်ဆိုင်လို့ လာမှာပါ။ ပင်ပန်းတယ်ဆိုတာလူပင်ပန်းတာမျိုးမဟုတ်ဘဲစိတ်ပင်ပန်းတာကိုဆိုလိုပါတယ်။ ဒီကနေအိပ်စက်ခြင်းကိုထိခိုက်စေမယ့်အတွေးတွေနယ်ချဲ့ လို့ လာပါတယ်။ အထူးသဖြင့် အလုပ် ၊ ကျောင်း ၊ ငွေကြေး ၊ မိသားစု ၊ အချစ်ရေးစတဲ့ကိစ္စတွေနဲ့ ပတ်သတ်ပြီးအခက်အခဲတွေကြုံရတဲ့အခါစိတ်ဖိစီးမှုကိုအဓိကဖြစ်စေပါတယ်။
အဲဒီလူတွေကတခြားးလူနဲ့ ယှဉ်ရင်တဖြည်းဖြည်းအနောက်ရောက်လို့ လာပါတယ်။ အနောက်ရောက်လာလေလေ ကျရှုံးသလိုဖြစ်လေလေ အဲဒီစိတ်တွေနဲ့ အိပ်မရတာများလာတဲ့အခါMental illness ဆိုတဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုတွေဖြစ်လာပြီးစိတ်မကျန်းမာမှုကနေရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပါဆက်တိုက်ဖြစ်လို့ လာပါတယ်။ စိတ်ကျန်းမာမှ ကိုယ်ကျန်းမာမယ်ဆိုတာအမှန်ပါ။ သင့်ပတ်ဝန်းကျင်ကလူတစ်ဦးစီတိုင်းမှာမတူညီကြတဲ့စိတ်ဖိစီးမှုတွေကအသီးသီးရှိလို့ နေပါတယ်။ အဲတာကြောင့်လည်းဖြစ်မှန်းမသိဖြစ်နေတဲ့ရောဂါလို့ ခေါ်တာပါ။ ဒါကိုဘယ်လိုမဖြစ်အောင်နေမလည်းဘယ်လိုကုသမလဲ ? ကိစ္စတိုင်းအခက်အခဲရှိသလိုဖြေရှင်းလို့ ရတဲ့နည်းလမ်းကလည်းသူ့ အလိုလိုရှိပြီးသားပါ။ ဒီတော့ဘယ်ကိစ္စကိုမဆိုလက်မလျော့သင့်ပါဘူး။ နောက်ပြီးစိတ်ဖိစီးမှုစိတ်အဆင်မပြေမှုတွေကြုံလာတိုင်းတစ်ယောက်တည်းကြိတ်မခံစားပါနဲ့ ။ ဝေမျှလိုက်ပါ ကိုယ်ခင်တွယ်ရတဲ့လူကို ၊ အပြင်ကလက်တွေ့ ဘဝကိုတန်ဖိုးထားပါ အနားကလူတွေနဲ့ အဆင်ပြေအောင်နေပါ။ 
Social app တွေပေါ်ကသူငယ်ချင်းတွေ အသိုင်းအဝန်းတွေဆိုတာတကယ်စစ်မှန်တယ်လို့ ဆိုလို့ မရတာကြောင့်ဒါကိုဘဝကြီးလို့ မတွေးပါနဲ ။ များသောအားဖြင့်ဆိုးရွားတဲ့စိတ်ခံစားမှုတွေကို social ကနေတစ်ဆင့်အဖြစ်များတာကြောင့်ပါ။ စာများများဖတ်ပါ။ အချိန်လုပြီးရှင်သန်နေရတဲ့နေ့ စဉ်ဘဝမှာစာဖတ်ဖို့ အချိန်ပေးဖြစ်ခဲ့ရင်တော့ဒါကအမှိုက်မဖြစ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာပင်ပန်းမှုတွေအတွက် ဗဟုသုကဖြစ်စေတာမို့ ပါ။ စာအုပ်ကနေတစ်ဆင့်ဘဝအခက်အခဲဖြေရှင်းနည်းတွေကိုလည်းသိရှိနိုင်မှာပါ။
ဘာကိုမဆိုအကာင်းမြင်စိတ်နဲ့ ကြည့်ပါ။ သင်ကိုယ်တိုင်လည်းစိတ်ချမ်းသာလာပါလိမ့်မယ်။ စိတ်ချမ်းသာခြင်းရဲ့ နောက်ဆက်တွဲကကောင်းကောင်းအိပ်ပျော်စေမှာပါ။ ဒီလိုဆိုရင်နောက်ဆက်တွဲရောဂါဆိုးတွေနဲ့ ကင်းဝေးစေမှာပါ။ အတိုက်အခိုက်ဆိုတာကလည်းနေရာတိုင်းကနေဝင်လာနိုင်တာမို့ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ်အလျော့မပေးဘဲ ၊ စိတ်မညစ်လိုက်ပါနဲ့လို့ ပြောချင်ပါတယ်။
ဒီတော့ဒီစာလေးကတေစ်ဆင့် ဘဝအမောတွေကြောင့်ရလာတဲ့အခက်အခဲတွေအပေါ်စီးမျောပြီးဘဝမနစ်မွန်းသွားစေဖို့ နဲ့ အိပ်ရေးဝဝ အိပ်စက်ခြင်းကလူသားတိုင်းအတွက်အရေးကြီးကြောင်းသိစေလိုတဲ့စိတ်နဲ့ ဖော်ပြပေးလိုက်ပါတယ်နော်။  စိတ်ခွန်အားတွေရပြီးကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။
Editor : Bo 
Share this article
TOP 5 ARTICLES
Celebrity News   |   Posted on Nov 8, 2019
Nihi Sumba resort ကို Hon...
Parties & Events   |   Posted on Nov 8, 2019
MDS မှ Junction Square တွ...
Celebrity Style   |   Posted on Nov 8, 2019
မိုးဟေကိုရဲ့ Myanmar Trad...
Sign Up for MODA Newsletters
Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.