People   |   Posted on Mar 14, 2019 by Ja Seng Pan

Instagram မှာ Follower အများဆုံး Celebrity များ


ကိုယ် ချစ်တဲ့ အနုပညာရှင်တွေများ ပါမလား ကြည့်သွားလိုက်နော်။

Share this article

Instagram ဆိုတာကလည်း နိုင်ငံတကာမှာ ရေပန်းစားနေတဲ့ Social Media App တစ်ခုဆိုတာ ပြောနေစရာတောင် မလိုဘူးနော်။

နိုင်ငံတကာ က အနုပညာရှင်တွေ၊ Celebrity တွေအသုံးအများဆုံး App တစ်ခုဖြစ်တဲ့အတွက် သူတို့ ဘာတွေလုပ်နေလဲ၊
ဘာတွေဝတ်စားလဲဆိုတာကို ချက်ခြင်းဆိုသလို သိနေရကြောင့် သုံးစွဲသူအရေအတွက် များပြားလှပါတယ်။

ဒါတင်မကသေးဘူး Instagram မှာ Follower များတဲ့ Celebrity ဆိုတာကလည်းရှိနေပါသေးတယ်။
ပရိတ်သတ်စိတ်ဝင်စားမှုများပြီး  သတင်းကြီးတဲ့ Celebrity တွေက ဘယ်သူတွေဖြစ်မလဲဆိုတာ သိရအောင် ဖော်ပြပေးလိုက်ရပါတယ်။

စာဖတ်သူလဲ ကိုယ့်ကိုယ်တိုင်ပါ ခေတ်နဲ့မျက်ခြေ မပျက်ရအောင် အခုပဲ Follow လိုက်တော့နော်။

 

  1. Lionel Messi - 110.2 Million Followers


ဘောလုံးပရိတ်သတ်တွေကိုလည်း အထင်သေးလို့မရဘူးနော်။ အာဂျင်တီးနား ကစားသမား မက်စီက မြန်မာပြည်က ပရိတ်သတ်တွေနဲ့လည်း မစိမ်းပါဘူး။ Messi က သူ Ig မှာ များသောအားဖြင့် Traning ဆင်းတဲ့ပုံတွေ၊ မိသားစုဘ၀နဲ့ သူ အမျိုးသမီးနဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်တွေကို မျှဝေလေ့ရှိပါတယ်။

 

  1. Neymar - 111.6 Million Followers


ဘရာဇီး ဘောလုံးကစားသမား နေမာရဲ့ Ig မှာ သူ့ရဲ့ ထင်မြင်ခံစားချက်တွေနဲ့ သူ့သားလေးနဲ့ ပုံတွေကို တင်လေ့ရှိပါတယ်။ များသောအားဖြင့် ခရီးသွားပုံတွေကို မျှဝေလေ့ရှိပြီး ဓာတ်ပုံတွေက အမိုက်စားလို့ အများက ကောက်ချက်ချပါတယ်။

 

  1. Taylor Swift - 114.3 Million Followers


Tay Tay ရဲ့ 1989 album ထွက်တဲ့အချိန်အတွင်း Follower များလာတာဖြစ်ပါတယ်။ သူမရဲ့ Ig မှာ သူငယ်ချင်းတွေနဲ့ ပုံတွေ၊ သူမရဲ့ ချစ်စရာကြောင်လေးတွေရဲ့ ပုံတွေ တင်လေ့ရှိသူပါ။ တိရစ္ဆာာန်မွေးထားတဲ့ ပိုင်ရှင်တွေရဲ့ ထုံးစံအတိုင်း သူမရဲ့ကြောင်လေးတွေပုံကို တင်လွန်းလို့ ကြောင်ချစ်သူတွေ Follow ထားသင့်တာတော့အမှန်ပဲ။

 

  1. Beyonce - 125 Million Followers


Beyonce ကတော့ သူမရဲ့ အဆိုပညာကော Personality ပါ  အနုပညာ Insturty မှာ လွှမ်းမိုးထားနိုင်သလို ဒီ လို List ထဲပါလာတာကလည်း အံ့သြစရာတော့ မရှိပါဘူး။ ခေတ်ဘယ်လိုပြောင်းပြောင်း အအောင်မြင်ဆုံး အနုပညာရှင်ထဲမှာ ပါသလို သူမ ကိုယ်ဝန်ဆောင်တဲ့ အချိန်တုန်းက လည်း လူစိတ်ဝင်စားမှုများပြားတာ အားလုံးအသိပဲနော်။

 

  1. Kylie Jenner - 127.8 Million Followers


Instagram Star ကြက်ဥက သူမရဲ့ Like တွေ ယူသွားပေမယ့် Kylie ကတော့ Kylie ပါပဲ။ Reality TV Star က အသက် အငယ်ဆုံး Billionarie ဖြစ်သလို Follower အများဆုံးစာရင်းထဲမှာ လည်း သူမအငယ်ဆုံးပါ။ သူမရဲ့ Ig မှာ သူမသမီး Stormi ပုံတွေနဲ့ သူမရဲ့ အလန်းစား Photo Shoot ပုံတွေကို မျှဝေလေ့ရှိပါတယ်။

 

  1. Kim Kardashian - 128.9 Million Followers


Kardashian Family က နာမည်အကြီးဆုံးက Kim ဆိုတာ လူတိုင်းသိမှာပါ။ Instagram မှာ Follower များသလို သူမရဲ့ မိသားစုပုံတွေ၊ အလှပုံတွေကို မျှဝေတဲ့အတွက် လူစိတ်ဝင်စားမှုများပြားနေတာလည်း ဖြစ်ပါတယ်။

 

  1. Dwayne “The Rock” Johnson - 133.2 Million Followers


ပရိတ်သတ်အချစ်တော် The Rock က နံပါတ်လေး ချိတ်နေတာ မဆန်းပါဘူးနော်။ သူရဲ့ Instagram မှာ ဟာသတွေ၊ Workout Tips တွေနဲ့ သူရဲ့ ပုံမှန် Daily Life ပုံတွေစတဲ့ လူတိုင်းအတွက် အသုံးဝင်တာတွေ၊ ပေါ့ပေါ့ပါးပါးလေးတွေ မျှဝေလို့ အချစ်မလျော့ကြတာလို့ ထင်ပါတယ်။

 

  1. Selena Gomez - 146.3 Followers


Selena ကို မသိတဲ့သူ ဒီကမ္ဘာပေါ်မှာတောင်ရှိပါဦးမလားလို့ စဉ်းစားစရာပါ။ ပရိတ်သတ်ရဲ့ ချစ်ခြင်းကို အပြည့်အ၀ယူထားတဲ့ Selena က တစ်လောက ကျန်းမာရေးအခြေအနေကြောင့် Social media ကနေ အနားယူပေမယ့် သူမပရိတ်သတ်တွေက ချစ်နေတုန်း အားပေးနေတုန်းပါ။

 

  1. Ariana Grande - 146.4 Million Followers


Selena Gomez ကိုကျော်ပြီး ဒုတိယနေရာရောက်သွားတာကတော့ Ari ပါ။ သူမရဲ့ Relationship အရှုပ်တော်ပုံ နဲ့ Than u, Next Album ထွက်ရှိလာပြီးနောက် သောက်သောက်လဲ အောင်မြင်သလို Follower တွေကလည်း အရင်ရှိပြီးသားထက် သဟုန်ထိုး များသွားပါတယ်။ ဒါ့အပြင် သူမ IG ရဲ့ Display က ကွဲပြားပြီး Vintage ဆန်လို့ Editor ကတော့ သဘောကျမိပါတယ်။

 

  1. Cristiano Ronaldo - 155.9 Million Followers


ပထမနေရာကို ရရှိထားသူကတော့ မြန်မာပရိတ်သတ်တွေ အခေါ် ဒိုလေးပါ။ 2018 အောက်တိုဘာထဲက ပထမနေရာကို သိမ်းပိုက်ထားတာဖြစ်ပြီး 2019 ထဲဝင်လာတဲ့အထိ ဒီနေရာကနေ မကျသွားသေးပါဘူး။

Editor: Pan JN



Share this article

TOP 5 ARTICLES


Music   |   Posted on Mar 19, 2019

Bass Kingdom မှာ Head Lin...


Parties & Events   |   Posted on Mar 19, 2019

Bass Kingdom Music Festiv...


Celebrity Beauty   |   Posted on Mar 19, 2019

မပြောင်းလဲပဲ အမြဲတမ်းလှနေ...


Celebrity News   |   Posted on Mar 18, 2019

Joe Alwyn နဲ့ Engage လုပ်...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.