Food & Travel   |   Posted on Oct 9, 2019 by Ja Seng Pan

သီတင်းကျွတ်ပိတ်ရက်မှာ လည်ပတ်စရာနေရာလေးတွေ


သီတင်းကျွတ်အငွေ့အသက်လေးရစေမယ့် နေရာလေးတွေကို သွားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်နော်။

Share this article

လာမယ့် သီတင်းကျွတ်ပိတ်ရက်မှာ ခရီးသွားဖို့လည်း အစီအစဉ်မရှိဘဲ အိမ်တွင်းပုန်းဖို့ပဲတွေးနေသူတို့အတွက် လပြည့်နေ့ညမှာတော့ သီတင်းကျွတ်အငွေ့အသက်လေးရစေမယ့် နေရာလေးတွေကို သွားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်နော်။

 

Myanmar Plaza

သွားလာရလည်း လွယ်ကူပြီး  သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ်အဖြစ် ရောင်စုံမီးပုံးလေးတွေနဲ့ အလှဆင်ထားတဲ့ Decoration Area ၂ ခုကတော့ မြန်မာပလာဇာမှာပဲ ဖြစ်ပါတယ်။ ဒီနေရာလေးမှာ အလန်းစား ဓာတ်ပုံတွေကို ရိုက်ရင်း ဆုလက်ဆောင်တွေလဲ ပေးမယ့်အစီအစဉ်လေးတွေရှိတယ်လို့လဲ သိရပါတယ်။ မြန်မာပလာဇာက အပြန် လတ်ဆတ်တဲ့ လေကို ရှုရှိှုက်ဖို့အတွက် ကန်ဘောင်ပေါ်လည်း လမ်းလျှောက်ရင်း သီတင်းကျွတ်အငွေ့အသက်လေးတွေ ခံစားနိုင်ပါသေးတယ်နော်။

 

ရေကျော်ပွဲဈေး

သီတင်းကျွတ်ပွဲတော်မှာ အထင်ကရနေရာတစ်ခုဆိုရင်တော့ ရေကျော်ပွဲဈေးက မပါမဖြစ်နေရာတစ်ခုပါပဲ။ ရေကျော်ပွဲဈေးကို အောက်တိုဘာလ ၁၀ ရက်နေ့ကနေ အောက်တိုဘာလ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။ ရေကျော်ပွဲဈေးမှာဆိုရင် မြန်မာ့ရိုးရာအစားအသောက်တွေနဲ့ မြန်မာရိုးရာအငွေ့အသက်တွေကို အပြည့်အဝခံစားနိုင်မှာပါ။

Iron Cross Born To Rock Concert

IC ပရိသတ်ကြီးတွေအတွက်လည်း ဒီနှစ်မှာတော့ Iron Cross Born To Rock Concert ကို အောက်တိုဘာလ ၁၂ ရက်နေ့မှာ သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပပြုလုပ်မယ့် ပွဲလည်း ရှိပါတယ်နော်။ မြန်မာနိုင်ငံရဲ့ ဂီတသမိုင်းတစ်လျှောက် အမြဲရှင်သန်နေမယ့် Iron Cross သီချင်းတွေကို ပြန်လည် ခံစားနားဆင်နိုင်ခွင့်ရမယ့် အစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်နော်။ လက်မှတ်မရလိုက်တာ မရှိရလေအောင် အမြန်ဆုံးဝယ်ထားလိုက်ကြတော့နော်။

 

ဒါ့အပြင် မြို့နယ်တိုင်း မြို့နယ်တိုင်းမှာလည်း ဘုရားပွဲ၊ ဆီမီးထွန်းပွဲတော်နဲ့ နိဗ္ဗာန်ဈေးပွဲတော်တွေကိုလည်း တွေ့ရမှာပါ။ သီတင်းကျွတ်ဆိုတဲ့အတိုင်း မြန်မာလူမျိုးတို့ရဲ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုဓလေ့ တွေကိုတွေ့မြင်နိုင်မှာပါနော်။

Editor : Lin Lin



Share this article

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.