Health & Fitness   |   Posted on Dec 19, 2016 by kiki

ဝိုင်ဖြူသောက်သုံးသူတွေမှာ Melanomaအရေပြားကင်ဆာရနိုင်ချေရှိ


သင်ရောဝိုင်ဖြူသောက်သုံးသူတစ်ယောက်လား

Share this article

အရင်က သုတေသနတွေအရ Alcoholနဲ့ အရေပြားကင်ဆာကြားက ဆက်စပ်မှုကိုသိရှိခဲ့ကြပြီးလည်းဖြစ်ပါတယ်။

တစ်ချို့လေ့လာချက်တွေအရအရက်သောက်ခြင်းကအသားအရေကိုနေရောင်ဒဏ်နဲ့ပိုထိတွေ့စေနိုင်တယ်လို့ဆိုကြပြီးတစ်ချို့တွေကအဲဒီလိုဖြစ်ရတာနေရောင်ကာဆေးလိမ်းဖို့မေ့သွားတာ၊နေရောင်ထဲကို သွားတာများလို့ဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမေယ့် Brown Universityကထုတ်ဝေတဲ့Cancer Epidemiologyဂျာနယ်မှာပါတဲ့လေ့လာချက်တစ်ခုမှာတော့

ဝိုင်ဖြူသောက်တာနဲ့Melanomaလို့ခေါ်တဲ့အဆိုးဆုံး အရေပြားကင်ဆာရဲ့ကြားမှာကြောက်စရာချိတ်ဆက်မှုတစ်ခုရှိနေတယ်လို့ ဖော်ပြထားပါတယ်။

CNNကတော့ လေ့လာသူတွေက အရက်သောက်သုံးမှုနဲ့အရေပြားကင်ဆာကြားမှာ ချိတ်ဆက်မှုရှိနေတာကို သိပြီးတဲ့နောက် လူပေါင်း ၂၁၀၂၅၂ယောက်ကို စစ်တမ်းကောက်ပြီး သုတေသနသုံးခုတောင်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။သူတို့ရှာဖွေခဲ့တဲ့ သုတေသနမှာ နေ့စဉ်အရက်သောက်သူတစ်ယောက်မှာ Melanomaဖြစ်နိုင်ချေ၁၄%ပိုများတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ဒါပေမယ့်တစ်နေ့ကို ၀ိုင်ဖြူတစ်ခွက်ပုံမှန်သောက်တဲ့သူတွေမှာ ဖြစ်နိုင်ချေ ၁၃%ရှိတဲ့အတွက် ဘာကြောင့် ဒီလောက်အခြေအနေဖြစ်ရတာလို့ ဆန်းစစ်လိုက်တဲ့အခါ Alcoholမှာ ပါတဲ့ acetaldehydeလို့ ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခုက DNAတွေကို ပျက်စီးစေတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။ Brown University , Dermatology and  Epidemiologyဌာနရဲ့ စာရေးသူ တွဲဖက် ပါမောက္ခ  Eunyoung Choက ၀ိုင်ဖြူမှာ အခြားယမကာတွေနဲ့ယှဉ်ရင် Acetadehydeပါဝင်နှုန်း ပိုများပေမယ့် ၀ိုင်နီကတော့ ပျက်စီးစေနိုင်တဲ့ဆိုးကျိုးတွေကို ကာကွယ်ပေးနိုင်တယ်လို့ CNNကို ပြောခဲ့ပါတယ်။နောက်ထပ်အံအားသင့်စရာတွေ့ရှိမှုကတော့ ၀ိုင်သောက်တဲ့သူတွေမှာMelanomaဖြစ်နိုင်တာပဲ ဖြစ်ပါတယ်။

Melanomaဟာ ပြင်းပြင်းထန်ထန်နေလောင်တာတွေကြောင့်သာလို့ ယခင်က ယူဆချက်တွေရှိခဲ့ပါတယ်။ဒါပေမယ့် မဟုတ်ပါဘူး ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပြီး ခြေဖ၀ါး၊ခြေသည်းအောက်နဲ့ ခန္ဓာကိုယ်ရဲ့ သီးသန့်အစိတ်အပိုင်းတွေမှာပါ ဖြစ်နိုင်ပါတယ်။လေ့လာနေစဉ်မှာတော့ အရက်တစ်နေ့ကို နှစ်ခွက်ထက် ပိုသောက်တဲ့သူတွေမှာ ကင်ဆာဖြစ်နိုင်ချေ ၇၃%ပိုတယ်လို့တွေ့ခဲ့ရပါတယ်။ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းအမျိုးမျိုးမှာ ကွဲပြားတဲ့ရောဂါ ဖြစ်နိုင်ချေတွေရှိပြီးတော့ ဒါက Melanomaနဲ့ပတ်သက်တဲ့သုတေသနတစ်ခုပါလို့ Eunyoung Choက CNNကို ပြောခဲ့ပါတယ်။

သင်က သင့်ကိုယ်သင်alcoholသောက်သင့် မသောက်သင့်နဲ့ပတ်သက်ပြီး စိုးရိမ်စိတ်ပူနေတယ်ဆိုရင်စိတ်မပူပါနဲ့ သုတေသနပညာရှင်တွေက သင့်ကို လုံးဝမသောက်ဖို့အတင်းအကျပ် မတားမြစ်ထားပါဘူး ၀ိုင်နီကိုသောက်မယ်ဆိုရင်တော့ Antioxidantsတွေ၊Polyphenolနဲ့Resveratrolတွေ ရရှိနိုင်မယ်လို့ ဆိုကြပါတယ်။အရေပြားကင်ဆာကို ကာကွယ်ဖို့ အပေါ်က ပြောထားသလို Alcoholaတစ်ခုတည်းရှောင်ရမှာတော့ မဟုတ်ပါဘူး နေရောင်ကာကွယ်နိုင်မယ့် အ၀တ်အစားဝတ်တာမျိုး၊Suncreamလိမ်းတာမျိုးနဲ့ အသားအရေကို တစ်လတစ်ခါ ထိန်းသိမ်းစစ်ဆေးတာမျိုးတွေကိုပါ လုပ်သင့်ပါတယ်။

 



Share this article

TOP 5 ARTICLES


Film & Music   |   Posted on Aug 19, 2017

(1950) ကဖက်ရှင်တွေကို Mil...


Sex & Relationships   |   Posted on Aug 18, 2017

ex ကို ပြန်လက်မခံသင့်တော့...


makeup   |   Posted on Aug 18, 2017

Highlighter တွေအကြောင်း သ...


Celebrity News   |   Posted on Aug 18, 2017

St. Tropez မှာ အားလပ်ရက်က...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.