Film & Music   |   Posted on Dec 26, 2016 by Elijah htang

(၂၀၁၆) သီချင်းဆိုပြိုင်ပွဲမှ စိတ်ဝင်စားခံရမှုအမြင့်ဆုံးအဆိုရှင်များ


သူတို့ တွေထဲက ဘယ်သူက ဂီတအနုပညာလမ်းကြောင်းမှာ အအောင်မြင်ဆုံး အကောင်းဆုံးတွေနှင့်တွေ့ ရမယ်လို့ ထင်လဲ . . .ခန့် မှန်းကြည့်ရအောင် . . .

Share this article

အစဉ်အလာကြီးတဲ့ Melody World, နိုင်ငံတကာကနေ Franchise ယူပြီး မြန်မာပြည်မှာစတင်ခဲ့တဲ့  X Factor နှင့် Myanmar Idol စတဲ့ သီချင်းဆိုပြိုင်ပွဲဝင်တွေ မြန်မာပြည်က လူငယ်တွေစိတ်ဝင်စားမူအမြင့်ဆုံးပြိုင်ပွဲတွေပါ။ဒီပြိုင်ပွဲကနေ တဆင့်မြန်မာနိုင်ငံရဲ့ အောင်မြင်တဲ့ ချမ်းချမ်း၊နီနီခင်ဇော်နှင့် အိုင်းရင်းဇင်မာမြင့်တို့ လို အဆိုရှင်တွေပေါ်လာပြီး လူငယ်တွေရဲ့ အိမ်မက်တွေ အကောင်အထည်ဖော်ပေးတဲ့ လမ်းကြောင်းသစ်တစ်ခုဖြစ်လာပါတယ်။(၂၀၁၆) မှာ  ပရိတ်သတ်စိတ်ဝင်စားမူ အမြင့်ဆုံးရောက်အောင် ဖန်တီးနိုင်တဲ့ပြိုင်ပွဲဝင်တွေနှင့် အနုပညာလမ်းကြောင်းမှာ တောက်ပဖို့ အလားလာအမြင့်ဆုံးသူတွေကို တင်ပြပေးလိုက်ပါတယ်။

(၁) M ဇော်ရိန်

Myanmar Idol ရဲ့ နောက်ဆုံးအဆင့်ရွေးချယ်ခံရသူတစ်ဦးဖြစ်ပြီး Final ပွဲကြီးမှာ ဒုတိယဆုရရှိသူလည်းဖြစ်ပါတယ်။အသက်(၂၃) အရွယ်သာရှိသေးတဲ့ သူကတော့ Pop သီချင်းတွေကိုအဓိကပိုင်နိုင်စွာ သီဆိုနိုင်သူဖြစ်ပါတယ်။သူဟာ အသံအားပိုင်းဆိုင်ရာသာမက နူတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်လို့ သူ့ ကြောင့်ပြိုင်ပွဲရဲ့ တချို့ နေရာတွေဟာ ပိုစိတ်ဝင်စားဖို့ ကောင်းခဲ့ပါတယ်။လတ်လတ်ဆတ်ဆတ်ဘဲ စိတ်ဆိုတဲ့ တကိုယ်တော် Albumဟာလည်းထွက်ရှိလာပါပြီ။အနုပညာလမ်းကြောင်းပေါ်မှာ သူဘယ်လောက်အထိအောင်မြင်နိုင်မလဲ။

(၂) နင်ဇီမေ

သူမကတော့ တကယ့်ကိုအသံပါဝါထူးခြားတဲ့ အဆိုရှင်လေးပါ။သူမ အသံကိုတုဖို့ ခက်သလို သူ များလိုက်မတုနိုင်တဲ့ ထူးခြားတဲ့အသံကိုပိုင်ဆိုင်သူတယောက်ပါ။သီချင်းဟောင်းတွေ ပြန်ဆိုနေချိန်မှာ ခံစားသက်ဝင်မူကောင်းလွန်းတဲ့အတွက် သူ့ ပရိတ်သတ်တွေအသစ်တွေအဖြစ် အသက်ကြီးပိုင်းတွေပါ ပါဝင်လာပြီး သူမ Fan ဟာလည်း ပိုမိုကြီးမားလာပါတယ်။Myanmar Idol ရဲ့ Final မှာ ပထမ ဆုနေရာကိုရခဲ့တဲ့ သူမကတော့ လက်ရှိအနုပညာလှုပ်ရှားမူတွေကိုလည်း တွေ့ ရှိနေရပြီး ဖြစ်ပြီး ၊  သူ တကိုယ်တော် Album ရင်ခုန်စွာနှင့်စောင့်ကြည့်သင့်တဲ့ အဆိုရှင်ပါ။

(၃) လာဒင့်ထားရီ

သူမကို ကလေးသီချင်းဆိုပြိုင်ပွဲတွေကနေ စသတိထားခဲ့မိပါတယ်။ဒီနှစ် Melody World ရဲ့ Final မှာ ပထမဆုရရှိပြီး Melody World ရဲ့ အသက်အငယ်ဆုံး ပြိုင်ပွဲဝင်ဆိုတဲ့ စံချိန်သစ်ကိုလည်း တင်နိုင်ပါခဲ့သေးတယ်။(၁၅) နှစ်အရွယ်သာရှိသေးတဲ့သူမဟာ သီချင်းမျိုးစုံနှင့် Level တိုင်းကို အကောင်းဆုံးဖြတ်သန်းနိုင်ခဲ့သူပါ။နီနီခင်ဇော်အသေးစားလေးလို့ တင်စားခြင်းခံရပေးမယ့် သူမရဲ့  Rock ဆန်ဆန်သီချင်းတွေသီဆိုတဲ့အချိန်မှာ သူမဟာတမူထူးခြားတဲ့ အဆိုရှင်ဖြစ်တယ်ဆိုပြသနေသလိုပါဘဲ။အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အနုပညာလောကဝင်ရောက်လာတဲ့အတွက် ပိုမိုထူးခြားတဲ့အောင်မြင်မူတွေနှင့် သူ့ ကိုစင်မြင့်ထက်မှာတွေ့ ရမယ်လို့ မျှော်လင့်နေပါတယ်။

(၄) လီဂါ

 ဒီနှစ် Melody World ပြိုင်ပွဲကို စိတ်ဝင်စားမူအမြင့်ဆုံးဖြစ်သွားအောင် တွန်းတင်နိုင်တဲ့ ပြိုင်ပွဲဝင်ဆိုရင်မမှားပါဘူး။Level (1) အတွက် မျိုးကြီးရဲ့ ကျောက်စာများ သီချင်းကိုသီဆိုတဲ့ အချိန်မှာ ဒိုင်လူကြီးတွေရဲ့ ချီးကျူးခြင်းကိုခံရရုံမက ပြိုင်ပွဲတလျှောက်အပြစ်ပြောစရာမရှိလောက်အောင် အကောင်းဆုံးပြင်ဆင်မူနှင့် တကယ့်ကိုပြည့်ဝတဲ့အနုပညာစံတွေကိုချပြခဲ့တဲ့ ပြိုင်ပွဲဝင်ကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။Pop သီချင်းသီဆိုသူတွေသာWinner  ဆုကိုသိမ်းပိုက်လေ့ရှိတဲ့ မြန်မာပြည်ရဲ့ အဆိုပြိုင်ပွဲမှာ သူဟာ Rock  ဂီတအပြင်းစားကို ချပြပြီး Winner ဆုကိုရရှိသွားသူလည်းဖြစ်ပါတယ်။လက်ရှိနယ်ပွဲတွေမှာ ခပ်စိပ်စိပ်မြင်နေရတဲ့ အခါလူမျိုးအဆိုတော် လီဂါကတော့ Rock ဂီတလောကအတွက် လင်းလက်လာမယ့်ကြယ်တပွင့်ဖြစ်လာမှာပါ။

(၅) ဇော်ခွန်း

ကျားပေါက်ရေးသားထားတဲ့ ကြွေဆိုတဲ့  Final  သီချင်းဟာ သူ့ ကိုလူတွေပိုပြီးသတိထားမိစေတဲ့သီချင်းပါ။မြန်မာသီချင်းတွေထက် အင်္ဂလိပ်သီချင်းတွေကိုပိုမို ပိုင်နိုင်စွာသီဆိုနိုင်တဲ့သူကတော့ Final မှာ Winner ဆု နဲ့လွဲခဲ့ပေမယ့် ပြိုင်ပွဲ Level တိုင်းလိုလိုကို အကောင်းဆုံး အသေသပ်ဆုံးဖြေဖျော်နိုင်တဲ့အတွက် ဂီတကိုချစ်တဲ့ပရိတ်သတ်တွေအားလုံး ချီးမွမ်းခန်းမဖွင့်ဘဲ မနေနိုင်အောင် ဖြေဖျော်တင်ဆက်နိုင်သူလည်းဖြစ်ပါတယ်။လက်ရှိမှာ ရန်ကုန်မြို့ ကပွဲတွေမှာ သူ့ ကို တွေ့ မြင်နေရပါပြီ။

(၆) ထွန်းနောင်ဆင့်

X Factor ရဲ့  Winner ဖြစ်တဲ့ သူကတော့ သီချင်းပုံစံမျိုးစုံကိုသီဆိုနိုင်တဲ့ ပြိုင်ပွဲဝင်ကောင်းတစ်ယောက်ပါ။ပြိုင်ပွဲဝင်တလျှောက် နူတ်ခမ်းနီမလေးတွေ အားပါးတရအားပေးခံရတဲ့သူဟာ သီချင်းတွေ ဆိုတာသေသပ်လွန်းလို့ ဒိုင်တွေရဲ့ ချီးကျူးမူကို အပြည့်အဝခံရသူလည်း ဖြစ်ပါတယ်။ သူရဲ့ုအနုပညာလှုပ်ရှားမူလမ်းကြောင်းကိုတော့ ပြိုင်ပွဲအပီး ခပ်ကျဲကျဲသာတွေ့ ရပေမယ့် သူရဲ့ ပြည့်ဝတဲ့အဆိုပညာနှင့် အမာခံပရိတ်သတ်တွေပရိတ်သတ်တွေ အပြည့်အဝရရှိထားတဲ့ သူ့ ရဲ့ ပထမဆုံး Album ကိုတော့ အားလုံးမျှော်ရကျိုးနပ်မှာပါ။

(၇) စောလားထော်ဝါး                    

Myanmar Idol ရဲ့  Winner ဆုရှင်ကတော့ ပထမ Albumထွက်ရှိလာမူနှင့်အတူ ပရိတ်သတ်ရဲ့ လက်ခုပ်သံကို အပြည့်အဝထပ်မံရရှိထားသူလည်းဖြစ်ပါတယ်။ပြိုင်ပွဲတလျှောက် ရိုးသားလှတဲ့ သူရဲ့ အပြုံးနှင့် သူ့ ရဲ့ ကောင်းမွန်လွန်းလှတဲ့ အဆိုပညာကြောင့် သူဟာ လူငယ် ၊လူလတ် ၊ လူကြီး တွေအားလုံးတွေရဲ့ လက်ခုပ်သံအားလုံးကို အပြည့်အဝသိမ်းပိုက်နိုင်ခဲ့သူပါ။(၂ပ၁၆)ပြိုင်ပွဲဝင်တွေ အားလုံးထဲမှာ အနုပညာလှုပ်ရှားမူ ခပ်စိပ်စိပ်အမြင်ရဆုံးလည်းဖြစ်ပါတယ်။

Editor: Elijah Htang

                                                                                                                            

 



Share this article

TOP 5 ARTICLES


makeup   |   Posted on Feb 20, 2017

Fifty Shades Darkerထဲက An...


makeup   |   Posted on Feb 19, 2017

New York Fashion Week ရဲ့...


makeup   |   Posted on Feb 18, 2017

Beauty and the Beast ဇာတ်...


trend report   |   Posted on Feb 17, 2017

နယူးယောက်ခ် Hip Hop ယဉ်ကေ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.